Thursday, June 21, 2018

 မဟာမုနိ၊ မဟာမြတ်မုနိ၊ မန္တလေးဘုရားကြီး၊ ရခိုင်ဘုရားကြီးဟု ဘွဲ့နာမည်အမျိုးမျိုးတွင်သော
ရုပ်ရှင်တော်မြတ်ကြီးကို မြတ်စွာဘုရားဝါတော်(၂၀)အရ မဟာသက္ကရာဇ် ၁၂၃ခုနှစ် ကဆုန်လပြည့် (
၅၆၉ ဘီစီ)ဗုဒ္ဓဟူးနေ့ ညနေအချိန်တွင် တတိယဓည၀တီိနိုင်ငံ(ယခု မြန်မာနိုင်ငံ အနောက်ပိုင်း
၊ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ကျောက်တော် အရှေ့ဘက်၊၅မိုင်ခန့်အကွာရှိ ဧရိယာ ၂စတုရန်းမိုင်ခန့် ကျယ်သောမြို့ဟောင်းနေရာ)ဘုရင် စန္ဒသူရိယမင်းနှင့် မိဖုရားတို့က ဓည၀တီနိုင်ငံသီရိဂုတ္တတောင် (ယခုမြန်မာနိုင်ငံအနောက်ပိုင်း၊ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ကျောက်တော် မြို့မြောက်ဘက်၊ကစ္ဆပနဒီခေါ် ကုလားတန်မြစ်အရှေ့ဘက်ကမ်း (၈)မိုင်ခန့်အကွာ ၊မြောက်လတ္တီကျု(၂၁ဒီဂရီ) နှင့် အရှေ့လောင်တီကျု  (၉၃ဒီဂရီ) တို့ ဆုံရာရှိအသင့်အတင့်ကျယ်သောမြေ၌ သက်တော်ထင်ရှား မြတ်စွာဘုရား၏ ရင်ငွေ့တော်ကို ၇ ကြိမ်ခံယူ၍ ၁၂ပေ၇လက်မ (ဉာဏ်တော်) အမြင့်(ပလ္လင်အပါအ၀င်၊ မပါလျှင် ၅ပေ ၇လက်မ)ရှိသော ထိုင်တော်မူဘူမိဖဿ(ဗောဓိရိုး)ပုံစံကို တည်ထားလှူဒါန်းတော်မူသည်။
သာသနာနှစ်၁၃၂၈ခု၊ ၁၁၄၆ခုနှစ် တပို့တွဲလဆန်း (၁၀)ရက်  (၁၉၊၁၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့ မြောက်ဘက် ကစ္ဆပနဒီခေါ် ကုလားတန်မြစ် အရှေ့ဘက်ကမ်း(၈)မိုင်ခန့် အကွာရှိသီရိဂုတ္တကုန်းမှ ပိုးချည်ကျွန်း တပ်တော်ဆိပ်သို့ ကုန်းလမ်း၊ စစ်ကိုင်းသို့ ရေလမ်းတို့ဖြင့် ပင့်ဆောင် တော်မူရာမြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ရက် (၄၊၅၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ရောက်၍ ဘိုးတော်ဘုရားကိုယ်တိုင် မိဖုရား၊ သားတော်၊သမီးတော် တို့နှင့်တူ ကြိုတော်မူ၏။ ထို့နောက်ကရ၀ိတ်ရွှေဖောင်တော် နှစ်စင်းတွဲဖြင့် ပင့်ဆောင်ရာ

မြန်မာသက္ကရာဇ် ၁၁၄၇ခုနှစ် ကဆုန်လပြည့်ကျော်၁၅ရက် (၇၊၅၊၁၇၈၅) သောကြာနေ့တွင် 
အမရပူရဖောင်တော်ဆိပ်(ယခု မန္တလေးကန်တော်ကြီး(ခေါ်)တက်သေး(တက်သိမ်း)အင်း ထိုအခါက တာဘောင် မတုတ်ရသေး) 
ထိုမှတစ်ဆင့် ၁၁၄၇ခုနှစ် ပထမ၀ါဆိုလဆန်း ၂ရက်(၈၊၆၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် ပြသာဒ်တော်ဆိပ် ထိုမှတစ်ဆင့် ၁၁၄၇ခုနှစ်
သီတင်းကျွတ်လ(၁၀၊၉၊၁၇၈၅)တွင် အမရပူရရွှေမြို့ တော်မြောက်ဘက် တာတစ်ထောင်
(၁၀၅၀၀-ပေ၊၁.၉၈မိုင်)ခန့်အကွာပြေပြစ်သောမြေနေရာ
(ယခု-မြန်မာနိုင်ငံ၊မန္တလေး တိုင်းဒေသကြီး ၊မန္တလေး ခရိုင်
၊မန္တလေးမြို့ တောင်ဘက်(၂)မိုင်ကျော်ခန့်အကွာရှိ ချမ်းမြသာစည်မြို့နယ် ၊ကျွန်းလုံး
ဥသျှောင်ရပ်ကွက်
၊ရှမ်းစုရပ်၊၄၅တာဝင်းအတွင်းသို့ အမရပူရ ပထမမြို့တည်၊နန်းတည်ဘိုးတော်မင်းတရားကြီး၏ သားတော်ကြီး
အိမ်ရှေ့ဥပရာဇာ(အိမ်ရှေ့မင်း) သီရိမဟာဓမ္မာ ဘိဇယသီဟသူရက် ပင့်ဆောင်၍ ဘုံကိုးဆင့်ရှိသော
အုတ်ပြသာဒ်တွင် တည်ထားကိုးကွယ်တော်မူသည်။

၁၂၄၅ခုတန်ခူးလဆန်း(၁၂)ရက်(၇၊၄၊၁၈၈၄) တနင်္လာနေ့တွင် ရတနာဘုမ္မိအရပ်မှ
စလောင်သောမီးကြောင့် မဟာမုနိ မီးခတော်မူသဖြင့် (မကိုဋ်၊စလွယ်နှင့် ရွှေသင်္ကန်းများသာမီးခ၍
ရုပ်ပွားတော်မှာမူ မူရင်း ပကတိအတိုင်း အပျက်အစီး မရှိပေ။) သာသနာနှစ် ၁၄၂၈ခုနှစ် ၊၁၂၄၆ခုနှစ်
ဝါဆိုလဆန်း ၁၃ရက် (၅၊ရ၊၁၈၈၄)စနေနေ့တွင် ဒုတိယကုန်းဘောင် ခေတ်ရတနာပုံ မန္တလေးရွှေမြို့တော်၏
နောက်ဆုံးမင်းဆက် သီပေါဘုရင်က ပျက်စီးသွားသော မကိုဋ်၊စလွယ် စသည်တို့ကို အစားထိုးပြုပြင်၍
မပျက်မစီး ပကတိအတိုင်း ကျန်ရှိသော ရုပ်ပွားတော်ကို မျက်နှာတော်ဖွင့်(အရောင်တင်)တော်မူသည်။

ယခုတွေ့ရသော ဂန္ဓကုဋိလက်ရာသည် သာသနာနှစ် ၂၄၄၁ခုနှစ် ၊ ၁၂၅၉ ခုနှစ် ၀ါဆိုလပြည့်ကျော်
၉ရက်(၂၂၊၇၊၁၈၉၇)ကြာသပတေးနေ့တွင် ရန်ကုန်မြို့ အင်ဂျင်နီယာမင်းကြီး ဟင်နီဖော့ စေလွှတ်သော
လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူ၊ တဘက်ဆွဲခုနှစ်ရွာစား၏သား တဘက်ဆွဲရွာစား ဦးလူကလေး၏
ညီအရင်း စာရေးတော်ကြီးမင်း ဦးယောနှင့် မစ္စတာဒေါနင်းတို့ ညှနှိုင်းတည်ဆောက် ထားသော အလျား ၁၅၄ဒသမ ၅ပေ၊ မြေမှထုပိကာကျောင်းတော်အထိ ၁၄၇ပေ ၊ ၉လက်မရှိသော အများကောင်းမှု မြန်မာ့
ဗိသုကာလက်ရာ ဘုံခုနှစ်ဆင့် ပြသာဒ်ပုံစံဖြစ်သည်။
           ၁၂၄၅ခုနှစ် မီးကြောင့် အရည်ပျော်စီးဆင်းလာသော ရွှေသင်္ကန်းတော် အလေးချိန်မှာ ပိဿာ(၅၄၅၀)ရှိရာ ယခု ၁၃၇၄ခုနှစ် (၂၀၁၂)တွင် ရွှေချိန်ပေါင်း မည်မျှဟု မခန့်မှန်းနိုင်သော်လည်း ရွှေသင်္ကန်းထုမှာလက်လေးငါးခြောက် လုံးခန့် ထူလာလေပြီ။ ထိုသို့ ထူလာသည်နှင့်အမျှ မျက်နှာတော် လိုက်ဖက်အချိုးညီစွာတည်ရှိနေသည်မှာ မျက်မြင်အံ့ဖွယ် တစ်ပါးပင်ဖြစ်သည်။
            အထူးမှတ်ရန်မှာ မဟာမုနိ မူရင်းပုံစံမှာ မကိုဋ်၊ စလွယ် မပါဘဲ ရိုးရိုး ဘူမိဖဿ မုဒြာဖြစ်ပြီး
မင်းတုန်းမင်းနောင်တော် ပုဂံမင်းက လှူဒါန်းထားသော မကိုဋ်စလွယ်သည် ၁၂၄၅ခုနှစ် မီးသင့်လောင်
အရည်ပျော် သောကြောင့် သီပေါမင်းက ထပ်မံလှူဒါန်းသဖြင့် ယခုလက်ရှိ ဘုရင်ပုံ(ဇမ္ဗုပတိချွတ်ခန်းဟု
ဆိုသောပုံ)ဖြစ်နေလေသည်။
          မဟာမုနိအာရာမ်တွင်းရှိ ယိုးဒယားကြေးလူရုပ် နှစ်ရုပ်၊ခေါင်းသုံးလုံးပါ ဧရာဝဏ်ဆင်ရုပ် တစ်ခု၊
ခြင်္သေ့ရုပ်သုံးခုတို့သည် ရခိုင်မှပါလာသော်လည်း ရခိုင်ကြေးရုပ်များမဟုတ် ဘုရင့်နောင်
လက်ထက်ထိုင်းနိုင်ငံကို သိမ်းယူရာမှ ရရှိခဲ့သော ကမ္ဘောဒီးယားနိုင်ငံ ကြေးရုပ်များဖြစ်သည်။
သားတော်နန္ဒဘုရင်လက်ထက် တောင်ငူစားနှင့်စစ်ဖြစ်ရာ တောင်ငူစားဘက်မှ ရခိုင်ဘုရင်ကူညီသဖြင့် စစ်နို်င်၍တောင်ငူစားက လက်ဆောင်ပေးလိုက်သောကြောင့် ရခိုင်ပြည်ရောက်နေခြင်းဖြစ်သည်။
          မဟာမုနိဘုရားကြီးအား မဟာသက္ကရာဇ် ၁၂၃ခုနှစ် ၊ကဆုန်လပြည့်ကျော် ၁ရက် (၅၆၉ဘီစီ)
ကြာသပတေးနေ့ နံနက်အချိန်တွင် ပြီးသည်၊
          မကိုဋ်၊စလွယ် ပူဇော်ပြီးနောက် စမ္မခံမှ မကိုဋ်တော်အဆုံးထိ ၁၅ပေအမြင့် ၊စမ္မခံအမြင့် ၁ပေ ၄လက်မ၊ဒူးအစွန်းနှစ်ဘက် အကွာအဝေး ၈ ပေ ၆လက်မရှိသည်။

                                                                             ဒေါက်တာအာနန္ဒာ
                                                         ဓမ္မမိတ်ဆွေအားလုံး ဥာဏ်အသိမြင် ပွင့်လန်းနိုင်ကြပါစေ။
http://zillion-optimizer.blogspot.com/2015/05/normal-0-false-false-false-en-us-x-none.html

No comments:

Post a Comment