Friday, July 31, 2015

ပွင့်ဖြူအတွက်စိုးရိမ်ဖွယ်

ပွင့်ဖြူအတွက်စိုးရိမ်ဖွယ်
ကြီးအုံကြီးဝတမံရေပိုလွှဲကရေအလုံးအရင်းနဲ့ထွက်လာနေပါတယ်။
ပြီးခဲ့တဲ့၃နာရီခန့်ကအခြေအနေဖြစ်ပါတယ်။
Nay Myo Kyaw  31.7.15



ကောလင်း၊ဆန် ရေသန့်ဗူး နှင့် အိမ်သာသုံး ပစ္စည်းများ

Bala Min Htin added 10 new photos.
July 28 at 5:59pm · Kanbalu
ဒီနေ့ ကောလင်း မှ ကိုဝေဠုကျော် တို့နဲ့အတူ ချောင်းနားကို
ရဟတ်ယာဉ်ဖြင့် ၄ ခေါက် ဆန် ရေသန့်ဗူး နှင့် အိမ်သာသုံး
ပစ္စည်းများကို ပို့ဆောင်ပေးခဲ့ပါတယ် —
traveling to Kawlin, Sagaing, Burma.






ကလေးမြို့၊စက်လှေ (၆) စီး နှင့် Crew များပေးပို့နိုင်ခဲ့

ကလေးမြို့ ထိရည်ရွယ်သွားခဲ့ပါသော်လည်း weather ဘယ်လိုမှမကောင်းလို့
ကလေးဝ ကားလမ်းပေါ်မှာ ခုလိုပဲ ခက်ခက်ခဲခဲ ရဟတ်ယာဉ် နှစ်စီးဆင်းခဲ့ပါတယ်ဗျာ
ခုမုံရွာပြန်ရောက်ပါပြီ ။ ကလေးမြို့အတွက်စက်လှေ (၆) စီး နှင့်
Crew များပို့ပေးနိုင်ခဲ့ပါသည်
။မနက်ဖြန် ကလေးမြို့သို့ ထပ်မံသွားရပါဦးမည် —
C: Bala Min Htin





မုံရွာက မြစ်ရေပြင်

မုံရွာရဲ့ သလ္လာဝတီရေ အခြေအနေ https://www.facebook.com/thikesoetun.natywa?fref=nf

ကလေးမြို့

ကလေးမြို့တွင် ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်
ပြောင်းရွှေ့မှုများရှိနေပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလေး၊ ဇူလိုင် ၃၀-စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပေါ်တွင် ရေ ကြီးရေလျှံနေမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့နေရမှုများရှိနေသည့်အပြင် သက်ဆိုင်ရာမှ အရေးပေါ်ရေ ဘေးသင့်ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ အရပ် ဘက်အဖွဲ့အစည်းများ စေတနာရှင် များမှ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးတို့ကို
စီစဉ်ပေး လျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် ဇူလိုင် ၂၇ရက် မှစတင်၍ ရေကြီးရေလျှံမှုကြောင့် ကျေး ရွာပေါင်း ၄၈ ရွာမှာ ရေနစ်မြုပ် လျက်ရှိပြီး ယင်းကျေးရွာများအနက် မှ ရွာ ၁၆ ရွာတွင် တချို့တစ်ဝက် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရပြီး ရွာ ငါးရွာမှာ ရွာလုံးကျွတ်ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထို့အပြင် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်တွင် လည်း ရေဝင်ရေလွှမ်းလျက်ရှိသည်။
''ရေကကျတယ်လို့မရှိဘူး၊ တက်နေတာ၊ အခုဆိုရင် ကလေးမြို့ထဲ အထိ ရေရောက်နေပြီ၊ ဘုန်းကြီး ကျောင်းတွေမြုပ်ကုန်ပြီ၊ ကျောင်းတွေ မြုပ် ကုန်ပြီ၊ လူနေရပ်ကွက်ဆိုရင် ဘဲအင်း၊
အင်းယားကုန်း၊ ပဲဝိုင်း၊ အောင် မင်္ဂလာရေမြုပ်နေပြီ၊ ကလေးဝလမ်းကလဲ မြို့တော်ခန်းမအထိ
 ရေရောက်နေ တယ်''ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
ယခုလက်ရှိ ရေဘေးသင့်ကယ် ဆယ်ရေးစခန်းများတွင် ရေဘေးသင့် ဒုက္ခသည် ၆၃၁၅
ဦးဝန်းကျင်ရှိနေပြီး ရပ်ကွက်အတွင်းရှိ အိမ်များနှင့် ဘုန်း တော်ကြီး ကျောင်းများတွင်ပါ
 ခေါ်ယူ ကယ်ဆယ်ထားမှုများနှင့် ပေါင်းပါ က ရေဘေးသင့်သောင်းဂဏန်းအထိ ရှိနေနိုင်ကြောင်းသိရသည်။
''ကလေးမြို့မြစ်သာမြစ်ရေက လဲ ရေကြီးရေလျှံချိန်မှာ မိုးကလဲ မပြတ်၊ ရာဇဂြိုဟ်ဆည်ကလဲ
သတ် မှတ်ရေပိုလို့ ဖောက်ချချိန်၊ ကလေးဝ ချင်းတွင်းမြစ်ကလဲ စိုးရိမ်ရေမှတ်အ ထက်မှာဆိုတော့ ကလေးဒေသဟာ စိုးရိမ်စရာ အခြေအနေဖြစ်နေပါ တယ်''ဟု ကလေးဒေသခံမြို့မိမြို့ဖ တစ်ဦးကပြောကြားသည်။
ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အ ရ မြစ်သာမြစ်ရေသည်
၁၅၆၆ စင် တီမီတာတွင်လည်းကောင်း၊ ချင်းတွင်း မြစ်ရေသည် ကလေးဝမြို့တွင် စိုးရိမ်
 ရေမှတ်အထက် ၁၅၇၈ စင်တီမီတာ တွင်လည်းကောင်း ဆက်လက်တည် ရှိနေကြောင်း သိရသည်။
MOS‪#‎Democracytoday‬
================================================
Photo: မြအိုးစည်။

ကလေးမြို့အခြေအနေ (၃၁.၇.၂၀၁၅)

30.7.2015 ရက်နေ့ ကလေးမြို့ ရေဘေးမြင်ကွင်းအခြေအနေပါ...




ပွင့်ဖြူရေဘေး


=============================================

ပွင့်ဖြူရေဘေးဆိုလို့ ပွင့်ဖြူတို့ ရှောက်တောတို့ဆိုတာ မြို့ကြီးရွာကြီးတွေ ဖြစ်သလို
မုန်းချောင်းနဲ့လည်း သိပ်ကပ်လွန်းတာ မဟုတ်ပါဘူး။ အထူးသဖြင့် ပွင့်ဖြူပေါ့။ Township မြို့ဖြစ်တဲ့
ပွင့်ဖြူဟာ မုန်းချောင်းနဲ့ မကပ်လှပါဘူး။ ဒါတောင် ခု မြို့က ရေ မြုပ်နေပါပြီ။

ပွင့်ဖြူအောက်ဘက် ဧရာဝတီမြစ် မရော

စန္ဒကူးနံ့သာ ကျောင်းတော်ရာဘုရား အနားက ရွာတွေဖြစ်တဲ့ သစ်တော်၊ မင်းမြေ၊ ကွက်သစ်၊

က်ခင်အထိ မုန်းချောင်းတစ်လျှောက် ရွာပေါင်း ဆယ်ဂဏန်း အတော်များများဟာ ရေနစ်နေပါပြီ။ လူနဲ့ ကျွဲနွားတွေ အဓိက လွတ်အောင် ရုန်းနေကြပါတယ်။ မုန်းချောင်းဘေးတစ်လျှောက် ရွာတွေဟာ ပြေးစရာ မြေမရှိတာမို့ ရေကလည်း ဆက်တိုးနေတဲ့ အနေအထားမှာ သက်ဆိုင်ရာက အသက်အန္တရာယ် ကယ်ဆယ်ရေး အမြန်ဆုံး စသင့်ပါပြီ။ ရွာတွေကို အာရုံစိုက်ပေးပါ။ အသက်ဘေးကျစတမ်းဆိုရင် ပွင့်ဖြူ ရှောက်တော ထက် မုန်းချောင်းတစ်လျှောက်က ရွာတွေရွာတွေ ဒုက္ခရောက်ကျမှာပါ။ အခု အခြေအနကေ မုန်းချောင်းအပေါ်က ဆည်နှစ်ခု မကျိုးသေးပါဘူး။ ကျိုးမလား ဆည်မြောင်း အရာရှိများ ရင်တမမ စောင့်နေရတဲ့ အနေအထားပါ။ မိုးကလည်း ဆက်တိုက်ရွာနေသလို ဆည်မှာလည်း ရေဝင်တိုးနေတာပါ။
မင်းလှ လို ရေလာရင် ကုန်းပေါ်တက်ပြေးစရာ ရှိသေးတယ်ဆိုတဲ့ရွာတွေ အခု စိုးရိမ်နေရပါတယ်။ အထူးသဖြင့် ချောင်းရေနဲ့ ကုန်းမြေကို အတားအဆီးလုပ်ပေးထားတဲ့ အင်္ဂလိပ်လက်ထက်က
 ဖောက်ခဲ့တဲ့ ဆည်မြောင်းပေါ်ကို ရေစကျော်နေပြီ ဖြစ်သလို ဆည်မြောင်းဟာ နေရာကွက်ကြား
 ကျိုးနေပြီမို့ အရင် ရေဆိုးဆိုးရွားရွား ကြီးစဉ်က ဆည်မြောင်းဘောင်ပေါ် ရှောင်လို့ရခဲ့တဲ့ အနေအထားမှာ ခု စိုးရိမ်နေရပါတယ်။

ဆည်မကျိုးသေးတာတောင် ရွာတွေမှာ ရေက လည်ပင်း ခါး စသည်ဖြင့် ရောက်နေပါပြီ။
မုန်းချောင်းနဲ့ အနည်းငယ်လှမ်းတဲ့ ကျွန်တော့်ရွာ (မင်းမြေ) မှာတောင် ရွာအရှေ့ပိုင်းမှာ ရေက လည်ပင်းအထိ ရောက်နေပါပြီ။ ဆည်များ ကျိုးခဲ့ရင် .. frown emoticon ။

လက်ရှိအခြေအနေအရ ပွင့်ဖြူမြို့နယ်ကို ရောက်နိုင်တဲ့ လမ်းနှစ်ခုလုံး ရေနဲ့ ပိတ်နေပါပြီ။
အရပ်ဘက် အဖွဲ့တွေ ဝင်ဖို့ခက်သွားပါပြီ။ မကွေးကနေ ဝင်လို့ မဖြစ်တော့သလို ချောက် လမ်းကြောင်းကနေလည်း ဝင်မရတော့ပါဘူး။ ပွင့်ဖြူနဲ့ သူ့ရွာတွေဟာ ရေထဲမှာ ပိတ်မိနေတဲ့ အနေအထားပါ။ အစိုးရက ကယ်ဆယ်ရေး ဝင်မှ အဆင်ပြေမယ့် အနေအထားပါ။
Ref : Naw Ko

ပဲခူး

ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်း(၁၅)ခုဖွင့်လှစ်ထား
=======================================
(၃၁.၇.၂၀၁၅)နေ့ နံနက်(၉း၀၀)အချိန်က
 ပဲခူးမြို့နယ်အတွင်းရှိ အနိုမ့်ပိုင်းမြစ်ရေ၀င်ရောက်သည့် ရပ်ကွက်များမှ ရေးဘေးကယ်ဆယ်ရေးစခန်းများသို့ ခေတ္တပြောင်းရွှေ့
 ရောက်ရှိလာသည့် အိမ်ထောင်စုများနှင့် လူဦးရေးများပါ.....
၁။ ကျွန်းသာယာ ၊မင်္ဂလာဇေယျုံကျောင်း အိမ်ထောင်စု(၁၅၅)စု၊ ကျား(၃၄၂)ဦး၊
မ(၃၅၆)ဦး၊ စုစုပေါင်း(၆၉၀)ဦး၊
၂။ မဇင်း၊မြသာလျောင်း၊ အိမ်ထောင်စု(၁၇၅)စု၊ ကျား(၄၀၃)ဦး၊မ(၄၄၈)ဦး၊
စုစုပေါင်း(၈၅၁)ဦး၊
၃။ မဇင်း၊ကြေးနီကန်တိုက်အုပ်၊အိမ်ထောင်စု(၂၉၁)စု၊ကျား(၇၈၀)ဦး၊မ(၇၃၆)ဦး၊
စုစုပေါင်း(၁၅၁၆)ဦး၊
၎။ ဇိုင်း/တောင်၊ရွှေဘုန်းပွင့်၊၊ အိမ်ထောင်စု(၁၂၄)စု၊ကျား(၂၃၃)ဦး၊ မ(၂၇၄)ဦး၊
စုစုပေါင်း(၅၀၇)ဦး၊
၅။ ဇိုင်း/တောင် ၊ကျောင်းသစ်၊ အိမ်ထောင်စု(၁၂၄)စု၊ ကျား(၂၅၁)ဦး၊မ (၂၅၇)ဦး၊
စုစုပေါင်း(၅၀၈)ဦး၊
၆။ ဇိုင်း/တောင်၊၀င်္ဂဘာကျောင်း၊ အိမ်ထောင်စု(၈၃)စု၊ကျား(၁၁၂)ဦး၊မ(၂၂၄)ဦး၊
စုစုပေါင်း (၃၃၆)ဦး၊
၇။ ကလျာဏီ၊ကလျာဏီသိမ်၊အိမ်ထောင်စု(၄၃၂)စု၊ကျား(၉၇၄)ဦး၊မ(၁၀၅၁)ဦး၊
စုစုပေါင်း(၂၀၂၅)ဦး၊
၈။ ဥသာ(၇)၊ကျိုက်ပွန်ဘုရား၊ အိမ်ထောင်စု(၂၅၂)စု၊ ကျား(၅၅၅)ဦး၊ မ(၅၉၈)ဦး၊
စုစုပေါင်း(၁၁၅၃)ဦး၊
၉။ ဥသာ(၇)၊ဒက္ခိဏသာခါ၊ အိမ်ထောင်စု(၂၂၀)စု၊ ကျား(၄၆၃)ဦး၊ မ(၄၈၅)ဦး၊
စုစုပေါင်း(၉၄၈)ဦး၊
၁၀။ မြို့သစ်၊မိုးလုံလေလုံအားကစားရုံ၊ အိမ်ထောင်စု(၂၉၂)စု၊ကျား(၆၅၅)ဦး၊မ(၈၄၇)ဦး၊
စုစုပေါင်း ( ၁၅၀၂)ဦး၊
၁၁။ ရွာသစ်၊ဟံသာဝတီကမ္မာဌာန်းကျောင်း၊ အိမ်ထောင်စု(၃၈)စု၊ကျား(၇၀)ဦး၊မ(၇၁)ဦး၊
စုစုပေါင်း(၁၄၁)ဦး၊
၁၂။ ကျောက်ကြီးစု၊မွန်ဓမ္မာရုံ၊အိမ်ထောင်စု(၂၇၄)စု၊ကျား(၅၄၂)ဦး၊မ(၆၁၉)ဦး၊
စုစုပေါင်း (၁၁၆၁)ဦး၊
၁၃။ ကျောက်ကြီးစု၊ဗဟိုကျောင်း၊အိမ်ထောင်စု(၁၀၅)စု၊ကျား(၂၆၅)ဦး၊မ(၃၀၃)ဦး၊
 စုစုပေါင်း(၅၆၈)ဦး၊
၁၄။ ကျောက်ကြီးစု၊ဒေါ်အေးသောင်ကျောင်း အ.မ.က(၁)၊ အိမ်ထောင်စု(၃၀)စု၊
ကျား(၆၁)ဦး၊မ(၇၂)ဦး၊စုစုပေါင်း(၁၃၃)ဦး၊
၁၅။ ကလိ၊ကလိဓမ္မာရုံ၊အိမ်ထောင်စု(၈၄)စု၊ကျား(၁၈၄)ဦး၊မ(၁၉၂)ဦး၊
စုစုပေါင်း(၃၇၆)ဦး၊
စုစုပေါင်း ကယ်ဆယ်ရေးစခန်း(၁၅)ခုဖွင့်ထားရာ အိမ်ထောင်စုပေါင်း(၂၆၇၉)စု၊ကျား(၅၈၉၀)၊ မ(၆၅၃၃)၊စုစုပေါင်း(၁၂၄၂၃)ယောက်
ရောက်ရှိနေကြောင်းသတင်းရရှိသည်။
(သွားရောက် ကူညီလှူဒါန်းလိုသူများ လှူဒါန်းနိုင်ရန်အတွက်)
Ref : Thant Zin

31.7.2015 မိုးဇလအခြေအနေ

မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ မြန်မာစံတော်ချိန် ယနေ့ (၁၃း၀၀)နာရီအချိန်တွင် မြစ်ရေကြီးခြင်းအခြေအနေသတင်း
================================================
ဧရာဝတီမြစ်ရေသည် ဟင်္သံတမြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၀၀း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၀)စင်တီမီတာ (ပေ၀က်ခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
ချင်းတွင်းမြစ်ရေသည် ကလေးဝမြို့တွင် (၂၉.၇.၂၀၁၅)ရက်နေ့ (၀၂း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ 

ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၄၃)စင်တီမီတာ (၄-ပေခွဲခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
သံလွင်မြစ်ရေသည် ဘားအံမြို့တွင် (၂၈.၇.၂၀၁၅)ရက်နေ့ (၁၄း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၉၂)စင်တီမီတာ (၃-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် (၃၁.၇.၂၀၁၅)ရက်နေ့ (၂၀း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၁၁၅)စင်တီမီတာ (၄-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
င၀န်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် (၂၇.၇.၂၀၁၅)ရက်နေ့ (၁၆း၃၀)နာရီ မှစတင်ကာ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေခဲ့ပြီး ယနေ့မြန်မာစံတော်ချိန် (၁၂း၃၀) နာရီအချိန်တိုင်းထွာချက်အရ
ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက် (၅၇)စင်တီမီတာ (၂-ပေခန့်) ကျော်လွန်နေပါသည်။ အဆိုပါ မြစ်ရေသည် နောက်(၃) ရက်အတွင်း ယင်းမြို့၏ စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေပါသည်။
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (၃၁.၇.၂၀၁၅)

စစ်တောင်းတံတား

စစ်တောင်းတံတားထိပ် မွန်ပြည်နယ်ဘက်ခြမ်း မုပလင်ကျေးရွာ
ရန်ကုန် မုတ္တမ ကားလမ်းပိုင်းတွင် လမ်းပေါ်ရေလျှံမှုဖြစ်ပွားနေသည့်အတွက်
ကားအစီးရေ တစ်ရာကျော် ဆက်မသွားဘဲ ရပ်နားထားရ၊ အချို့  ယာဉ်များမှာ
နယ်ခံ ဆိုင်ကယ်လမ်းပြများအကူအညီဖြင့် စစ်တောင်းမြစ်ကမ်းဘေး
ကျိုက်ကသာရွာလမ်းမှတဆင့် ရှောင်ကွင်းသွားနေရ၊ ကားအစီးရေများသည့်အတွက်
ရွာလမ်းအနည်းငယ်ပျက်စီးမှုရှိနေ။
Yangon Media Group added 8 new photos.

စကုနယ်ရေဘေး

စကုနယ်ရေဘေးအခြေအနေ
**********************
စကုမြိ့အဝင်နွားကူးပေါင်းနဲ့ကျောင်းရွာရပ် အထ ကကျောင်းရှေ့တွေမှာ
ရေကျော်နေပါပြီ။မိုးကလည်းဆက်ရွာနေတာမို့မန်းချောင်းရေကကျမသွားနိုင်သေးဘူး။
မန်းကျင်းရပ်၊ ဖောင်တန်းရပ်၊ ရွှေပေါက်ကံရပ်၊ ရန်ကြီးအောင်ရပ်ါ်သမထီး လက်ခုပ်ပင်
ပင်လယ်သက် ဥယျာဉ်ဇင်လျော့်ဖူတော့မင်းရွာဖြူကုန်း
ကသက်မဲချောင်လက်ပတောစတဲ့စကုအနောက်ခြမ်းရွာတွေကျောင်းရွာက
နေမင်းဘူးအောက်ကျောင်းမြစ်ဝအထိကြားရွာတွေအနိမ့်ပိုင်းမှန်သမျှမန်းရေတက်နေတဲ့
အတွက်တချို့ကအိမ်အပေါ်ထပ်တချို့ကအနီူအနားကစာသင်ကျောင်းတွေဘုန်းကြီးကျောင်းတွေ
ဇရပ်ဘုရားတန်ဆောင်းတွေမှာယာယီနေထိုင်ကြရပါတယ်။မိုးဆက်တိုက်ရွာနေလို့
အအေးဓာတ်ကလည်းရှိနေတာကြောင့်ဖျားနာမှုတွေရှိနေတယ်သောက်သုံးရေသန့်ရှင်းမှု
မရှိတာတွေကိုသောက်မိနိုင်တာတွေကြောင့်ကျန်းမာရေးအတွက်စိုးရိမ်ရပါတယ်။
၃၁၊၇၊၁၅နံနက် ၁၀း၅၀ နာရီNay Myo Kyaw added 3 new photos.



ရခိုင်ရေဘေး

ရခိုင်ပြည်နယ်အ၀န်း ရေကြီးနေ၍ စိုးရိမ်ရသော အခြေအနေကို ရောက်ရှိနေ
Arakan State added 3 new photos.ရ

ရခိုင်ပြည်နယ် ကျောက်တော်၊ ပုဏ္ဍားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊
ဘူးသီးတောင်၊ ပေါက်တောမြို့နယ် အပါအ၀င် မြို့နယ် အတော်များများတွင်
ရေနစ်မြုပ်နေသဖြင့် စိုးရိမ်ရသော အနေအထားသို့ ရောက်ရှိနေကြောင်း ဒေသခံများက
 သတင်း ပေးပို့သည်။

မြောက်ဦးမြို့ လမ်းမကြီးထက်တွင် ရေ ၇ ပေထိ နစ်မြုပ်နေပြီး လူပေါင်း ထောင်နှင့် ချီပြီး
ဘေးလွှတ်ရာသို့ ရွှေ့ပြောင်းနေရသည်ဟု မြောက်ဦးမြို့မှ ဦးကျော်လှိုင်က ပြောသည်။

“ လမ်းမကြီးမှာ ရေ ခုနှစ်ပေလောက် မြုပ်နေပါတယ်။ ဈေးနားတ၀ိုက်၊ အလယ်ဈေး၊
အထက တ၀ိုက်၊ ရေ ခုနှစ်ပေလောက် မြုပ်နေပါတယ်။ အခု မိသားစု ၂၀၀ ကျော်ကို
ရွှေ့နေရပါတယ်။ နောက်ဆုံး အခြေအနေက ရေထပ်တက်လာဖို့ အခြေအနေ ရှိတယ်။
ထပ်တက်လာရင် အန္တရာယ် ပိုရှိလာနိုင်ပါတယ်” ဟု ပြောသည်။

မြောက်ဦးမြို့တွင် နန်းရာကုန်း ပတ်ဝန်းကျင်မှ လွဲပြီး ကျန်ပတ်ဝန်းကျင်များအားလုံး
ရေနစ်မြုပ်နေပြီး မြို့နယ် အတွင်းရှိ ကျေးရွာအများအပြားတွင်လည်း ရေနစ်မြုပ်နေပြီး
အခြေအနေ အလွန်ဆိုးရွားနေကြောင်း၊ ယခုအခါ ကျေးရွာလိုက် ကုန်းမြင့်ရာသို့
ပြောင်းရွှေ့နေကြရကြောင်း သူက ဆက်လက် ပြောဆိုသည်။

ပုဏ္ဍားကျွန်းမြို့နယ်တွင် ကျေးရွာအများအပြားမှာ ရေနစ်မြုပ်နေပြီး မိသားစု
အများအပြားကို ဘုန်းတော်ကြီးကျောင်းများသို့ ရွှေ့ပြောင်းနေကြရသည်ဟု
ပုဏ္ဍားကျွန်းမြို့သို့ ရောက်ရှိနေသည့် ဦးစံကျော်လှက ပြောဆိုသည်။

ကုလားတန် မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာများအားလုံး ရေနစ်မြုပ်နေပြီး
ကျွဲနွားများလည်း နေစရာ မရှိ၍ သေဆုံးမှုများ ရှိနေကြောင်း သိရသည်။

မင်းပြားမြို့ တစ်ခုလုံး ရေနစ်နေပြီး ဈီးပင်ကြီးရွာတစ်ခုလုံးမှာ
ရေအောက် ရောက်သွားပြီ ဖြစ်ကြောင်း၊ ငစရိုင်းချောင်းကျွန်း တစ်ခုလုံးတွင်လည်း
နေရနစ်နေကြောင်း သိရသည်။

အပျက်အစီး အထူးများပြားနေပြီး ယခု ရေကြီးမှုက ရခိုင်ပြည်နယ်တစ်ခုလုံး
အလွန်အပျက်အစီး များပြားစေနိုင်သည်ဟု ဦးစံကျော်လှက ပြောသည်။

( ရေကြီးနေသော အခြေအနေနှင့် ဓာတ်ပုံများကို ဖုန်း ၀၉၂၅၀၁၄၂၅ ၁၈ သို့
ဆက်သွယ်ပြီး သတင်း ပေးပို့ကြပါ။ ယခုဓာတ်ပုံများကို Facebook မှ ကူးယူဖော်ပြပါသည်။)


အရေးပေါ်အခြေအနေကို တိုင်းဒေသကြီး၊ပြည်နယ်အချို့တွင် ကြေညာရန်သင့်ပြီး
မြို့နယ်၊ခရိုင်၊တိုင်းများတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးကော်မတီများနှင့်
ဆက်ကော်မတီများကို အဆင့်ဆင့်ဖွဲ့စည်းထားရှိရာ. သဘာဝဘေးအန္တရာယ်ကျရောက်ရာ
ဒေသအချို့ကို
(ရက်ကြာရှည်စွာ ရေကြီးနေခြင်းကို ပုံမှန်သကဲ့သို့ ဆောင်ရွက်နေရန်မသင့်ပါ။)

ကယ်ဆယ်ရေးဆောင်ရွက်နိုင်ရန်အတွက် ပွင့်လင်းစွာဆောင်ရွက်ခွင့်ပြုသင့်ပါကြောင်း.....

မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်ကျရောက်ရာဒေသသအချိ့မှာ....
ပြည်မြို့နယ်က ဧရာဝတီကမ်းနားနဲ့ ရွှေပုလ္လင်ပေါ် အောက်ချိုင့် က
အိမ်တွေ ရေနစ်မြုပ်နေပါတယ် အစိုးရက မြစ်ရေကြီးခြင်းသတိပေးမှု
မလုပ်သေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

"“မုံရွာ ကမ်းနားတွင် မြစ်ရေတိုက်စားသဖြင့်ကျောက်စီရေထိန်းနံရံ
အနည်းငယ်အက်”"
မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေမှာ စိုးရိမ်ရေအမှတ်ထက်ကျော်လွန်နေပြီဖြစ်ပြီး
ဇူလိုင် ...

ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေတက်လာပါပြီ ဘာအံမြို့ရဲ့ အမှတ် ၂ ရပ်ကွက်မှာ
ရေနစ်မြုပ်မှု အခြေအနေပါ။ ဓာတ်ပုံ - ကျော်ခင်(ဘားအံ)

ချင်းပြည်နယ်တွင်လမ်းပျြို အိမ်ပြိုမှုများ ဆက်ဖြစ်ပေါ် နေပါသည်

"ပြည်မြို့နယ်၊ ဧရာဝတီကမ်းနားနဲ့ ရွှေပုလ္လင်ပေါ် အောက်ချိုင့် "

ကလေးမြို့ နှစ်ပေါင်း ၄၀အတွင်း အဆိုးဆုံးရေကြီး

ကလေးမြို့ဟာ ကဘော်ချိုင့်ဝှမ်းနဲ့ ဆက်ထားတဲ့
ကလေးချိုင့်ဝှမ်းလွင်ပြင်ထဲမှာ ရှိနေပြီး ချင်းတောင်တန်းတွေရဲ့ အခြေမှာရှိ...

လှည်းကူးမှာ မိုးကြီးလို့ ရေကြီးရေလျှံဖြစ်နေပုံကို ရိုက်ပြထားသော ဓာတ်ပုံများကို
တ၀ကြီး ရှု့စားနိုင်ပါပြီ (ဓာတ်ပုံ-၃၅ ပုံ)

"စစ်တွေ again""စစ်တွေ ရှုခင်းသာ"

ဟားခါးမြို့တွင် လွန်ခဲ့သည့်တစ်ပတ်ခန့်မှစ၍ မိုးအဆက်မပြတ်
ရွာသွန်းနေသောကြောင့် ယခုရက်ပိုင်းတွင် မြို့နေရာအနှံ့အပြား ၌
အိမ်ပြိုမှုများဖြစ်ပွားနေကြောင်း သတင်းရရှိသည်။
လက်ရှိအချိန်အထိ အိမ်ခြေစုစုပေါင်း လေးဆယ်ခန့် ပြိုကျခဲ့သောကြောင့်
နေအိမ်ကိုစွန့်ခွာသွားသည့် မိသားစုအရေအတွက်တစ်ရာကျော်ရှိနေပြီဖြစ်ကြောင်း
ဟားခါးဒေသခံတစ်ဦးကပြောသည်။

နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စစ်ကိုင်းတိုင်းဒေသကြီးရေဘေးကယ်ဆယ်ရေး
ခရီးစဉ်သည် လွန်ခဲ့သော ဇူလိုင်လ (၂၆) ရက် တနင်္ဂနွေနေ့ညတွင် စတင်
ထွက်ခွာခဲ့ပါသည် ရှေးဦးစွာ ရေမြှပ်လှ

ဒီနေ့ ညောင်ပင်ဝန်းအနီးမှ ရွာလေးရွာ ရေနစ်မြုပ်နေတာ အိမ်ခြေ ၁၀၀၀ ခန့်
ရင်ခေါင်းလောက်အထိရေနစ်မြုပ်နေသည်ဟုသိရပ့သည်။
ကောလင်းရေဘေးမှပြန်ရောက်လျှင် ညောင်ပင်ဝန်းဘက်သို့သွားရောက်ထောက်ပံ့
လှူဒါန်းပေးသွားပါမည်ခင်ဗျာ။အလှူရှင်များအားလုံးကျန်းမာချမ်းသာကြပါစေလို့
 Online ပရဟိတ Family မှ ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

စေတုတ္တရာမြို့၏ မြောက်ဘက်ရှိ မုန်းချောင်းရေလှောင်တမံ စိုးရိမ်ရေမှတ်သို့
နီးကပ် နေပြီး တာဝန်ရှိသူများကလည်း ၁၂ နာရီအတွင်းရေဘေးလွတ်ရာသို့
ပြောင်းရွှေ့ ကြရန်သတိပေးကြေညာထားပါသည်။
မုန်းချောင်း ဘေးရှိကျေးရွာများ နှင့်
ပွင့်ဖြူ ၊ရှောက်တော၊ငဖဲ ၊စေတုတ္တရာမြို့ များ စိုးရိမ်ရပါသဖြင့် သတိရှိကြရန် နှင့်
ရှောင်တိမ်းကြပါရန်။

ရခိုင်ပြည်နယ်က မင်းပြား မြောက်ဦး
ကျောက်တော် ပုဏ္ဏားကျွန်မြို့နယ်
တွေနဲ့ မြို့ပေါာတွေ ရေးဖုံးလွန်းနေတာကတော့
တော်တော်လည်း စိုးရိမ်ရတဲ့
အခြေအနေပါ ပုံကတော့
မင်းပြားမြို့ မြိုလယ် တနေရာပါ

"ရန်ကုန် - လှည်းကူလမ်း"

၃၀.၇.၂၀၁၅ ရက်နေ့
ဆဒုံး - ကန်ပိုက်တီ လမ်းကြား
တောင်ပြို၍ ခေတ္တလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့.

ချင်းပြည်နယ်မင်းတပ်မြို့နယ်လာလောင်းထွီးကျေးရွာအုပ်စုထင်ချောင်းကျေးရွာရှိ
မောချောင်းတံတားသည်ချောင်းရေကြီးမှု့ကြောင့်အောက်ခြေကျောက်စီကမ်းကပ်ခုံပြိုကျ
ပျက်စီးနေကြောင်းသတင်းရရှိ၍မြို့နယ်အုပ်ချုပ်ရေးမှုး မြို့နယ်ရဲတပ်ဖွဲမှူး
မြို့နယ်ဆည်မြောင်းဦးစီးအရာရှိနှင့်တာဝန်ရှိသူများသွားရောက်စစ်ဆေးပြီးတံတားအား
ရုတ်တရက်မပြိုကျနိုင်ရေးသံမဏိကြိုးများဖြင့်အနီးရှိမန်ကျည်းပင်ကြီးတွင်ဖချီနှောင်ထားခဲပါသည်

"ရန်ကုန်-မန္တလေးလမ်း ထူး ဆီဆိုင်ရှေ့ ပဲခူး"

စလင်းမြို့နယ်ရှိ လင်းဇင်းရေလွှဲ ဆည်ကို ယနေ့နေ့လည် ၂နာရီခန်က
မြင်တွေ့ရသည့် အခြေအနေ (ဓာတ်ပုံ- ဦးဃကြီး)

ဂန့်ဂေါတွင် မြစ်သာမြစ်ရေ မြင့်တက်လျှက်ရှိ
မြန်အောင် လေဆင်နှာမောင်း ကြောင့် အိမ်များပျက်စီး

မူးမြစ်ရေတိုးလာတာကြောင့် မုံရွာ-အရာတော်-ရွှေဘိုလမ်းပိုင်းတစ်ချို့နေရာမှာ
လမ်းပခုံးသားတွေ ပဲ့ကျခဲ့ပါတယ်။ ဇရစ်နဲ့ကူတို့ကိုင်းကြား လူနဲ့ဆိုင်ကယ်တွေ
ဖြတ်သန်းသွားလို့မရတာကြောင့် စက်လှေတွေနဲ့ သွားလာနိုင်ဖို့ ဒေသခံအာဏာပိုင်တွေက
စီစဉ်နေတယ်လို့ မြန်မာအစိုးရ ပြန်ကြားရေးဌာနကဆိုပါတယ်။

ဆိုင်ကလုန်း မုန်တိုင်း တိုက်ခတ်နေတဲ့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ
ရေကြီးမှုဖြစ်ပွားနေပြီး သစ်ပင်တွေပြိုလဲမှုကြောင့် နေအိမ်ပျက်စီးမှုတွေ ရှိတယ်လို

ကရင်ပြည်နယ်မှာ သံလွင်မြစ်ရေတက်လာပါပြီ ဘာအံမြို့ရဲ့ အမှတ် ၂ ရပ်ကွက်မှာ
ရေနစ်မြုပ်မှု အခြေအနေပါ။ ဓာတ်ပုံ - ကျော်ခင်(ဘားအံ)
"ကျောက်တော်"
ဆိုးချက်က လန်ထွက်နေတယ် မင်းပြား
ရခိုင်ပြည်နယ် မင်းပြားမြို့ ၁၃း ၃၀နာရီထိ နောက်ဆုံးရအခြေအနေ
မင်းဘူးခရိုင် ပွင့်ဖြူမြို့နယ် အတွင်းရှိ ကြီးအုံ ကြီးဝ ရေလှောင်တမံ၏
အခြေအနေမှာပင်မရေပို လွှဲမှ ၂၈ ပေနဲ့ အရေးပေါ်ရေပိုလွှဲမှ ၂၄ ပေ
ကျော်လျက်ရှိပြီး ဆည်အတွင်း ၀င်ရေပ...






















အရေးပေါ်အခြေအနေ ကြေညာသင့်ပြီး၊