ဇော်ချောင်းတံတားပြန်လည်ပြင်ဆင်သည့် အခြေအနေ
Updated 5 hours ago
စစ်ကိုင်းတိုင်း ကောလင်းနယ်မှ ရေတိုက်စား၍
ပျက်စီးသွားသည့် မန္တလေး- မြစ်ကြီးနား ရထားလမ်းပေါ်ရှိ
ဇော်ချောင်းတံတား ပြန်လည်ပြင်ဆင်သည့် အခြေအနေ
ဓာတ်ပုံ - ဇေယျာရွှေမြေသား
Saturday, August 1, 2015
1-8-15 နေ့ ကလေးမြို့
1-8-15 နေ့ ကလေးမြို့
ဒီနေ့ ကလေးမြို့ လေဆိပ်ကို ဆင်းခါနီး Air KBZ ပိုက်လော့
Captain ကို ဇော်ဟိန်း ရိုက်ကူးလာတဲ့ပုံ ဖြစ်ပါတယ်
ရှေ့မှာလှမ်းမြင်နေရတာ လေယာဉ်ပြေးလမ်းဖြစ်ပြီး
ကျန်တဲ့တမြို့လုံးနီးပါးရေမြုပ်နေတာကိုတွေ့နိင်ပါတယ်
Tin Soe Win new photos.29 mins ·
ယနေ့ 1-8-15 နေ့ ကလေးမြို့ အခြေအနေကို
ကိုတင်စိုးဝင်းမှ တင်ပြထားပါတယ်။

ဟားခါး
ကို Naing Naing တင်ပြချက်တွေပါ..
https://www.facebook.com/ning.naing.3?fref=ts
ကယ်ဆယ်ရေးစခန်းလောလောဆယ်
၃ခုစီမံပေးထားပါတယ်ခိုင်ကမ်းအားကစား
ရုံ။အထက၂။မြို့သစ်ကာဆင်ခန်းမတို့ဖြစ်တယ်
လောလောဆယ်မိုးမရွာတော့ပါတချို့လည်း
မိုးမရွာတာနဲ့ကယ်ဆယ်ရေစခန်းကိုမသွား
ကြတော့ဖူးမိုးတွင်းသုံးလတော့ကျန်သေး
တယ်သတိတော့ထားနေရမှာဘဲ
ချင်းတောင်ရဲ့ထုံးစံအတိုင်းမိုးကတော့မရွာရင်လဲ
အုံ့နေတော့ရဟတ်ယာဉ်လာဖို့ခက်နေတုံးဘဲ
အလွန်ဝမ်းနည်းမိပါသည်ရုံးတောင်စတင်ပြိုနေပါသည်
တရားရုံး ၊စာရင်းရုံး ၊ မြို့နယ်အုပ်ချုပ်ရေးမှုးရုံး ကအစပစ္စည်းများပြောင်းရွှေ့
ထားကြပါပြီး နေ့လည်ပိုင်းရေကန်တွင်ရေရှိပါသေးတယ်
ယခုမြေကြီးနှင့်သစ်ပင်များပြည့်နှက်သွားပါပြီး
ရုန်းတောင်ကတော့အရှိန်နဲ့ပြိုနေဆဲပါနောက်နေ့ဆိုလျှင်မည်မျှအထိပျက်စီး
သွားမည်ကိုမခန့်မှန်းနိုင်ပါ
ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင်အနီးကပ်ကြပ်မတ်နေပါသည်
ကယ်ဆယ်ရေးစခန်းသို့ရောက်ရှိစာရင်းကိုတော့ တင်ပြထားပါတယ်.

"ဟားခါးမှာ အိမ် အလုံးပေါင်း ၅၀ ၆၀ လောက်ပျက်ဆီးကုန်ပြီ
ဆန် တစ်အိပ် တစ်သိန်း ဖြစ်နေပြီ (ရောင်းသူမရှိ ) လမ်း တွေ
ပျောက်ပျက်ကုန်ပြီ ရာသီဥတု ကြမ်းတဲ့အတွက်
ကူညီနိုင်သူလမ်းစပျောက်နေပြီ ချောင်ပိတ်နေတဲ့
တောင်ပေါ် မြို့ လေးအတွက်
ဝိုင်း ဝန်း၍ ဆုတောင်းပေးကြဖို့ တိုက်တွန်းပါသည်"
(We can only pray for Haka recently)
ဟားခါးမှာ
အိမ် အလုံးပေါင်း ၅၀ ၆၀ လောက်ပျက်ဆီးကုန်ပြီ
ဆန် တစ်အိပ် တစ်သိန်း ဖြစ်နေပြီ (ရောင်းသူမရှိ )
လမ်း တွေ ပျောက်ပျက်ကုန်ပြီ
ရာသီဥတု ကြမ်းတဲ့အတွက်
ကူညီနိုင်သူလမ်းစပျောက်နေပြီ
ချောင်ပိတ်နေတဲ့ တောင်ပေါ် မြို့ လေးအတွက်
ဝိုင်း ဝန်း၍ ဆုတောင်းပေးကြဖို့ 
တိုက်တွန်းပါသည်
ဒီသတင်းနဲ့ပတ်သက်ပြီး ထွေအုပ်မှာတာဝန်ရှိသူတစ်ဦးကတော့
အတိမပြုသေးပါဘူး၊ အိပ်တွေပျက်စီးတာကတော့ ဟုတ်တယ်။
ရုံး(၃)ရုံး ပျက်စီးသွားပါတယ်။...
ကို Naing Naign မှ ဆက်လက်တင်ပြထားပါတယ်..

မကွေး
U Saw Tun Oo 1.8.2015 3 hrs ·
မကွေးမြို့ မြစ်ရေစိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာကို
၂၄နာရီအတွင်းကျော်နိုင်ပါသဖြင့်မြစ်ကမ်းတစ်လျှောက်
နေပြည်သူများသတိထားကြပါရန်
ဦးစောထွန်းဝင်း(ထွေအုပ်)မှ မကွေးမြို့၏ စိုးရိမ်ရေမှတ် ၁၇၀၀ စင်တီမီတာသို့
၂၄အတွင်း ရောက်ရှိနိုင်သဖြင့် ရေဘေးပြင်ဆင်မှုများ ပြုလုပ်ထား
ရန် နိုးဆော်ထားပါသည်။

ရာဇဂြိုဟ်ဆည် 1.8.2015
ရာဇဂြိုဟ်ဆည် ရေမှတ်
(၁၆း၀၀) နာရီ RL 651.40´
(၁၇း၀၀) နာရီ RL 650.30´ ဖြစ်ပါသည်။
အခြေအနေတွေကောင်းတွေ ရောက်လာပြီ။
Photo - Aung Phyo Thu
ရာဇဂြိုဟ်ဆည် ရေမှတ်
(၁၉း၀၀) နာရီ RL 648.40´
(၂၀း၀၀) နာရီ RL 647.80´ ဖြစ်ပါသည်။
ရေပိုလွှဲ ရေလမ်းကြောင်းကို ပိတ်ဆို့နေတဲ့
သစ်တုံးတွေ အမှိုက်တွေကို ဖယ်ရှားပြီး ဖြစ်ပေမယ့်
တမံရဲ့ ရေမျက်နှာပြင်တစ်ခုလုံးမှာ ပြန့်နေတဲ့
သစ်တုံးတွေ အမှိုက်တွေ ရေပိုလွှဲဆီကို ရောက်လာအုံး မှာပါ။
အဲဒါတွေကို တစ်ညလုံး ရှင်းဖို့လည်း အင်အား
အပြည့်နဲ့ အဆင်သင့် စောင့်နေပါတယ်လို့။

Ning Naing
https://www.facebook.com/ning.naing.3
ကို Ning Naing ကတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာသွန်းမှု
၏ နောက်ဆက်တွဲအဖြစ် ဟားခါးမြို့ ထိခိုက်များကို တင်ပြထားပါတယ်..
အရေးကြီးတန်ဖိုးရှိသည့် မှတ်တမ်းဓါတ်ပုံများဖြစ်ပါတယ်။
ယခုတော်လှန်ရေးရေကန်မြင်ကွင်း၊
မိုးနဲနဲစဲလာပြီ၊
ဟားခါးမြို့ခိုင်ကမ်းအားကစားရုံအနီးဝန်းကျင်အခြေအနေများ၊
ခိုင်ကမ်းအားကစားရုံအားယာယီဒုက္ခ
သည်စခန်းအဖြစ်အသုံးပြုထားပုံ
တော်လှန်ရေးရေကန်ထဲရုန်းတောင်မှမြေနှင့်
သစ်ပင်များပြိုဆင်းလာပုံ၊
ဟားခါးဂန့်ဂေါလမ်းမိုင်တိုင်အမှတ်၂/၂တွင်
ကတ်တရာလမ်းမရှိတော့ပါမတူပီဟားခါး
လမ်းကိုအဖေါ်ခေါ်ပြီးသီးမစ်ဖက်ကိုဆွဲခေါ်သွား
ပါသည်ကျောဘုတ်ရပ်ကွက်နေအိမ်တော်တော်များများပါသွားပါသည်၊
ဟားခါးမြို့RCဘုရားကျောင်းအပေါ်ဘက်
ယနေ့အခြေအနေ၊
မတူပီလမ်းဖက်အပိုင်းပျက်စီးမှုအချို့၊
ဒီမနက်ဖြစ်ပျက်နေတာပါဟားခါးမြို့တော်
အခြေနေမကောင်းလှပါ၊
ကိုNing Naing တင်ပြချက်များအပေါ် ဆရာ Win Naing က မှတ်ချက်ပြုထားပါတယ်။
Win Naing ဟားခါးမြို့၏ အပေါ်ဘက်ရှိ ပေ ၇၀၀၀ ကျော်မြင့်သော
ဂုန်းတောင်ကြီးသည် ဇူလိုင် ၃၁ ရက်နေ့ မွန်းလွဲ ၁ နာရီမှ
စတင်၍ မြေများပြိုကျလျက်ရှိကြောင်း သိရပါသည်။
အဆိုပါ ဂုန်းတောင်မြေသားများ ပြိုကျလာခြင်းကြောင့် ဟားခါးမြို့၊
ဈေးဟောင်းရပ်ကွက်၊ မြို့ဟောင်းရပ်ကွက်၊ ပြည်တော်သာ ရပ်ကွက်၊
ဈေးသစ် ရပ်ကွက်နှင့်ကျောဘုတ် ရပ်ကွက်နေ ပြည်သူများအတွက်
အသက်အန္တရာယ် စိုးရိမ်ရသဖြင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်ကြပ်မတ်၍
သဘာဝဘေးအန္တရာယ်လုံခြုံရေး ကော်မတီ ၊ ပြန်လည်နေရာချ ထားရေး
ကော်မတီ၊ စားနပ်ရိက္ခာ စုဆောင်းဖြန့်ချိရေး ကော်မတီ၊ ကျန်းမာရေးကော်
မတီ ပြန်ကြားရေး ကော်မတီများက ကော်မတီအလိုက် ကူညီကယ်ဆယ်မှု များ
ဆောင်ရွက်လျက်ရှိကြောင်း ..

မြစ်ဝကျွန်းပေါ်ဒေသပြင်ဆင်ရန်လိုအပ်
ဟင်္သာတမြို့ ပျဉ်းမချောင်းရပ်ကွက် လက်ရှိကြုံတွေ့နေရတဲ့
ရေအနေအထားသည် မြေလတ်ဒေသက မြစ်ချောင်းတွေက
ရေကြီးမှုတွေဟာ နောက်ဆုံး မြစ်ဝကျွန်းပေါ်ကိုပဲ
ရောက်မှာမို့ ဒီဒေသဟာ ရက်ပေါင်းများစွာ ရေဘေးဒုက္ခကို
အကြီးအကျယ် ကြုံတွေ့ရနိုင်တယ်လို့ ဒေါက်တာထွန်းလွင်က
သတိပေးထားပါတယ်။(ဓာတ်ပုံ - ဆန်းမင်းဦး)
Kamayut Media

Subscribe to:
Posts (Atom)