Friday, July 31, 2015
ရေဘးသင့်ပြည်သူများနှင့်ကျွဲနွား
သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာတွင်
ဧရာဝတီ မြစ်ရေ ရေဘးသင့်ပြည်သူများနှင့်ကျွဲနွား
တိရစ္ဆာန်များအားမိုးထဲရေထဲကူညီနေကြသည်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်
ရေပေါ်ကျွန်းကျေးရွာရေဘေးသင့်ပြည်သူရေလွတ်ရာ
သိုပြောင်းရွှေ့နေထိုင်ရေးအတွက်သရက်ခရိုင်/မြို့နယ်
အုပ်ချုပ်ရေးမှူးတို့အကူအညီဖြင့်ီဆောင်ရွက်ပေး
နေကြောင်းသိရသည်။
ထိုသို့ပြောင်းရွှေပေးရာတွင် ဇူလိုင် ၃၁ရက်နေ့နံနက်
ပိုင်းမှစ၍ နယ်မြေခံတပ်ရင်း ခ.လ.ရ (၄၄)မှတပ်
ထောက်ဗိုလ်ကြီးဇော်ဇော်ဟန်နှင့်အရာရှိအရာခံအ
ကြပ်တပ်သားများ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဦးဝင်ကျော်၊တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ယဉ်ယဉ်လှ
ခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်နိုင်ထွန်းနှင့်မီးသတ်တပ်ဖွဲ့
ဝင်များ၊စည်ပင်သာရေးအဖွဲ့အမှူဆောင်အရာရှိ
ဦးသိန်းနိုင်နှင့်ဒေသခံပြည်သူများကပါဝင်ပူးပေါင်းကူညီပေးခဲ့သည်။
ရေကျွန်းကျေးရွာတွင်ကျန်ရှိနေသည့် နွာအကောင်ရေ
၄၀၀-ကျော်၊ လှည်း ၁၈ စီး၊အိမ်ထောင်စု ၁၈ စုကို
ရွှေပြည်သစ်ကူးတို့လိုင်းလုပ်းမှ ဇက်ရေယာဉ်ပို့ဆောင်
ကူညီပေးခဲ့ရာသရက်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင် ဇနီးဒေါ်အေးမြမြကြိုင်တို့မှအားပေး
ကူညီခဲ့ကြောင်းသိရသည်။
Paukkalay
မိုးလေ၀သပညာရှင် ဒေါ်က်တာဦးထွန်းလင်းရဲ့ တန်ဖိုးရှိသောစကားများ...
ဘင်္ဂလား ပင်လယ်အော် အရှေ့မြောက်ပိုင်းမှာ ဖြစ်ပေါ်သော မုန်တိုင်းငယ်သည် အနောက်မြောက်ယွန်းယွန်းကို ရွေ့လျှားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” အဖြစ် ပြောင်းလဲခဲ့သည့်အတွက် ရခိုင်ပြည်နယ်နှင့် ကမ်းရိုးတန်းဒေသများတွင် လေပြင်းများ တိုက်ခတ်ပြီး လှိုင်းကြီးမှုများ ဖြစ်ပေါ်နေပါတယ်။
ဆိုင်ကလုန်းမုန်တိုင်းအရှိန်ကြောင့်လည်း မြန်မာနိုင်ငံ အနှံ့အပြားမှာ မိုးရွာသွန်းမှုတွေ သိသိသာသာ များပြားနေပြီး တချို့နေရာတွေမှာ မုတ်သုန်မိုး အားကောင်းမှုကြောင့် ရေကြီးမှုများ ဖြစ်ပေါ်ခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ် ပြောင်းလဲနေသည့် ရာသီဥတု အခြေအနေများနှင့် သဘာဝ ပတ်ဝန်းကျင်၏ ဆိုးကျိုးများက မြန်မာနိုင်ငံအပေါ် မည်မျှ သက်ရောက်နေပြီလဲ ဆိုသည့် အကြောင်းကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်ကို ဧရာဝတီ အကြီးတန်း သတင်းထောက် သူဇာက တွေ့ဆုံမေးမြန်းထားသည်။
မေး။ ။ ဘင်္ဂလားပင်လယ်အော်မှာ ဖြစ်ပေါ်နေတဲ့ ဆိုင်ကလုန်းမုန်တိုင်း “ကိုမန်” ကြောင့်
နောက်ဆက်တွဲ အခြေအနေ ဘယ်လိုဖြစ်လာနိုင်မလဲ။
ဖြေ။ ။ ဆိုင်ကလုန်းမုန်တိုင်း ကလည်း နဂိုကတည်းက ဖြစ်နိုင်တယ်လို့ မှန်းထားပြီးသားပါ။
အခု အင်အားကတော့ တန့်သွားတယ်လို့ ပြောရမယ်။ဒီထက် ဆက်တက်ဖို့တော့ အလားအလာ
မရှိပါဘူး။ မုန်တိုင်းက မြောက်ဘက်ကို သွားတာဆိုတော့ သွားလေ၊ သွားလေ ကုန်းတွင်းပိုင်းကို ရောက်လေဆိုတော့ အားလျော့သွားမှာပါ။ အခုလို မိုးလယ်ကာလမှာ
ဖြစ်တတ်တဲ့ မုန်တိုင်းတွေက မြန်မာနိုင်ငံကို မ၀င်တတ်ပါဘူး။ အခု မုန်တိုင်းလည်း မ၀င်ပါဘူး။ မုန်တိုင်းဒဏ်ကတော့ ခံရမှာပါ။ လေတိုက်နှုန်း ပိုများမယ်။ နောက်ပြီး မိုးများမယ်ဆိုတဲ့ သဘောပါ။ အဓိကအားဖြင့် လေတိုက်နှုန်း၊မိုးရွာနှုန်း ပိုခံရမှာက ရခိုင်ရယ်၊ ချင်းရယ်၊ မကွေးတိုင်း ပိုခံရမယ်။
မေး။ ။ ဆိုင်ကလုန်း မုန်တိုင်းမလာခင်ကတည်းက စစ်ကိုင်းတို့၊ ရှမ်းတို့မှာ ရေကြီးဒဏ်ကို
ခံစားနေရတယ်။ အခု မုန်တိုင်းကြောင့် လေပြင်းအားရော၊ မိုးဒဏ်ကိုပါ ဆက်ခံစားနေရတာ ဘယ်ကြောင့်ပါလဲ။
ဖြေ။ ။ ဒါကလည်း ဒီနှစ် ထူးခြားချက်ပေါ့။ အာရှတိုက်တခုလုံး မိုးလျှော့နေတယ်။ ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်ဘက်မှာ မိုးကောင်းနေတယ်။ အထူးသဖြင့် မုတ္တမကွေ့ ဧရိယာတို့၊ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းတို့မှာ မိုးကောင်းနေတယ်။ နောက်ပြီး ဒီနှစ် ထူးခြားတာက
မိုးရာသီမှာ မိုးတိမ်တောင် မဖြစ်ရဘူး။ ဒါပေမယ့် ဒီနှစ် မြန်မာပြည် ပြည်နယ်နဲ့ တိုင်းအားလုံးမှာ မိုးတိမ်တောင် ဖြစ်နေတာ တွေ့ရတယ်။ မိုးတိမ်တောင် ဖြစ်ရင် မိုးသက်လေပြင်းဆိုတာ ပါလာတာပဲ။ ဒါပေမယ့် လေတိုက်နှုန်းက အများဆုံးရှိရင် ၄၀၊ ၄၅ ပဲ။ အဲဒီထက် မပိုဘူး။ အခု မိုးတိမ်တောင်က ခဏခဏ ဖြစ်နေတဲ့အခါမှာ မိုးတွင်းမှာ ဖြစ်တဲ့အတွက် ယခင်တိုက်နေကြ လေထက်တော့ ပိုပြင်းတယ်။ နောက်ပြီး မုတ်သုန်က အားကောင်းနေတော့ မုတ်သုန်မိုးသက်လေပြင်းကလည်း
ရှိတယ်။ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေပြင်းကလည်း ဖြစ်နေတယ်ဆိုတော့ လေက ပြင်းသလို ဖြစ်နေတယ်။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ မိုးတိမ်တောင် ဖြစ်နေတဲ့ အခြေအနေဆိုတော့ လေဆင်နှာမောင်း
အန္တရာယ် ရှိတယ်လို့ ဆိုနိုင်တာပေါ့။ ဒီနောက်ပိုင်းမှာလည်း လေဆင်နှာမောင်းတိုက်လို့ အိမ်တွေ ပြိုတာတွေ တော်တော်ကြားရတယ်ဆရာ။ လေဆင်နှာမောင်းအန္တရာယ်ကိုလည်း ပြောပြပေးပါ။
ဖြေ။ ။ ကျနော့် ဟောပြောပွဲတွေမှာပဲ ဒီကိစ္စကို တော်တော် ထည့်ပြောဖြစ်ပါတယ်။ လေဆင်နှာမောင်း ဖြစ်ပေါ်တာတွေ တိုးလာတယ်။ မိုးတိမ်တောင် ဖြစ်ပေါ်မှုတွေ သိသိသာသာ တိုးလာတယ်လို့ ကျနော် ပြောနေပါတယ်။ ဒါပေမယ့် ဒီနှစ်မှာ ပိုထူးခြားတာက မိုးရာသီမှာ မိုးတိမ်တောင် ဖြစ်နေတာတွေ တွေ့ရတော့ ခါတိုင်းနှစ်ထက် မိုးတိမ်တောင် ဖြစ်တာတွေ များသလိုပဲ မိုးတိမ်တောင်ကြောင့် ဖြစ်တဲ့ လေဆင်နှာမောင်းတိုက်တာတွေ ပိုများလာတာပါ။ အဲဒီလိုဖြစ်ပြီဆို ပြည်သူတွေအနေနဲ့ ဘယ်လို အကာအကွယ်ယူရမလဲဆိုတာ ရှိထားပြီးသားပါ။ ဒါတွေကို ကြိုတင်လေ့လာထားမယ်ဆို ဒီအန္တရာယ်ကနေ ရှောင်တိမ်းနိုင်ပါတယ်။ မိုးကြိုးပစ်တော့မယ်ဆိုရင် ဘယ်လို လက္ခဏာတွေ ဖြစ်ပေါ်တတ်တယ်၊ လေဆင်နှာမောင်းဆိုရင် ကြိုတင်မြင်နိုင်တဲ့အတွက် ရှောင်နိုင်တာတွေ စတဲ့ အကာအကွယ်တွေ ရှိပြီးသားပါ။
မေး။ ။ အခု ရေကြီးတာကို ကြည့်ရင် ပြည်သူတွေ ကြိုတင်ကာကွယ်နိုင်ဖို့ အစိုးရဘက်က အသိပေးအကြောင်းကြားမှု အားနည်းတယ်လို့ ပြောကြတယ်။ ဆရာ့အမြင် ပြောပေးပါ။
ဖြေ။ ။ ကျနော် အဲဒီကိစ္စကို မီဒီယာတွေမှာ ဝေဖန်ပြောကြားပါတယ်။ ဘာကြောင့် အခု အခြေအနေကို အရေးပေါ် မကြေညာသေးတာလဲ။ ဒီအခြေအနေက အရေးပေါ် ကြေညာသင့်တယ်လို့ ပြောနေပါတယ်။ အဲဒါတွေကို ကြည့်ရင် ကြိုတင်ပြင်ဆင်မှု အပိုင်းမှာ အားနည်းတယ်လို့ ဆိုနိုင်တယ်။ အဲဒီလို အရေးပေါ် ကြေညာတာတို့၊ ကြိုတင်ပြီး ပြောင်းရွှေ့တာတို့ ဒါ ကြိုတင်ကာကွယ်မှု အပိုင်းတွေပါ။ အဲဒီအပိုင်းတွေကတော့ အားနည်းပါတယ်။နောက်ပြီး နာဂစ် မဖြစ်ခင်ကတည်းက သဘာဝ ဘေးအန္တရာယ် ကာကွယ်စောင့်ရှောက်ရေး စီမံချက်တွေ ရေးဆွဲခဲ့ပြီးသားပါ။ ကော်မတီတွေ ဖွဲ့ပြီးသားပါ။ အဲဒါတွေကလည်း ဘာအကောင်အထည်ဖော်တာမှ မတွေ့ရသေးဘူး။ ဒါဟာ အကြီးအကျယ် အားနည်းချက်ပဲလို့ ပြောရမယ်။
မေး။ ။ ဘယ်လို အခြေအနေမျိုးမှာ အရေးပေါ် ကြေညာပေးသင့်ပါသလဲ။
ဖြေ။ ။ အခု အချိန်က အရေးပေါ် ကြေညာဖို့ နည်းနည်းတောင် နောက်ကျသွားပြီ။ အရေးပေါ် ကြေညာရမယ့် အခြေအနေဆိုတာက အရပ်ဒေသ တခုမှာ ကယ်ဆယ်ရေး သွားဖို့လည်း မလွယ်၊ ဟိုဘက်မှာလည်း သူတို့ဟာ သူတို့ ရပ်တည်ဖို့လည်း မလွယ်တဲ့ အနေအထား ဖြစ်လာရင် အရေးပေါ် အခြေအနေပဲ။ ဟိုမှာ ရေပတ်လည် ၀ိုင်းနေတယ်။ အဲဒီနေရာ ရောက်အောင် သွားလို့လဲ မရနိုင်ဘူး။ သာမာန်အားဖြင့်ပေါ့။ ဟိုဘက်မှာလည်း နောက်ထပ် တရက်၊ နှစ်ရပ်ထပ် ရပ်တည်ဖို့ကလည်း မဖြစ်နိုင်တော့ဘူး၊ ကျန်းမာရေး ပြသနာတွေ ရှိနေမယ်။ မြွှေပြသနာတွေ ရှိနေတယ်။ နောက်ပြီး လူတွေရော၊ တိရစ္ဆာန်တွေပါ ရေတွေ မြုပ်နေတယ်ဆိုရင် အရေးပေါ်ပေါ့။ နေရာဒေသတခုမှာ ပုံမှန် လုပ်ငန်းဆောင်တာတွေ မလုပ်နိုင်တော့ဘူးဆိုရင် အခြေအနေ တခု ပြောင်းလဲသွားပြီဆိုရင် ဒါဟာ အရေးပေါ်ပဲ။
မေး။ ။ မုန်တိုင်းမဖြစ်ခင်ကတည်းက ရေကြီးတာတွေ ဖြစ်နေတာ တွေ့ရတယ်။ အခု မုန်တိုင်းမိုးကြောင့် ရေကြီးမှုက ပိုဆိုးလာတယ်လို့ ဆိုရမယ်။ ဒါဆို မြန်မာနိုင်ငံရဲ့ ဒီနှစ် ရေကြီးမှု အခြေအနေက ဘယ်လို ဖြစ်နိုင်မလဲ။
ဖြေ။ ။ ရေကြီးမှုတွေက နောက်ပိုင်း မိုးရာသီ ကုန်တဲ့အထိ၊ အောက်တိုဘာလအထိကို သတိထားဖို့ လိုတယ်။ အကြောင်းအရင်းတွေက ဒီနှစ်က မိုးကောင်းတဲ့နှစ်၊ စက်တင်ဘာလအထိ ရွာသွန်းမိုးထက် ပိုမယ်လို့ မှန်းထားပြီးသား၊ နောက်ပြီး ဘင်္ဂလား ပင်လယ်အော်မှာ မုန်တိုင်းတွေက ထပ်ဖြစ်ဦးမယ်။ နောက်ပိုင်းမှာ အရှေ့လေပွေလှိုင်းတွေ မလာသေးဘူး။ အဲဒါတွေက လာရင် မိုးက ရွာဦးမယ်။ နောက်ပြီး မုတ်သုန်မိုးက ပြန်ဆုတ်ရင် မိုးက ရွာဦးမယ်။ အဲဒီတော့ ရှေ့မှာ မိုးရွာဖို့ အကြောင်းတရားတွေက ရှိသေးတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့ အစဉ်အလာ အရကိုက တနှစ်ကို ပုံမှန် ရေ သုံးကြိမ် ကြီးတတ်တယ်။ ဇွန်လမှာ တခါဖြစ်တယ်။ ဇူလိုင်- သြဂုတ်မှာ တခါ ဖြစ်တယ်။ နောက်ပြီး စက်တင်ဘာ- အောက်တိုဘာမှ ဖြစ်တယ်။ ဒါကြောင့် စက်တင်ဘာ- အောက်တိုဘာမှာ တခါ ရေကြီးနိုင်သေးတယ်။ ဒီနှစ်ကတော့ ရေကြီးမှုအန္တရာယ်ကို အထူးဂရုစိုက်ရမယ့် နှစ်လို့ ပြောရမှာပါ။
မေး။ ။ ဒီနှစ်ထဲမှာ ဆိုင်ကလုန်း မုန်တိုင်း “ကိုမန်” မဖြစ်ခင်က မုန်တိုင်း ဘယ်နှစ်လုံးလောက် ဖြစ်ခဲ့ပြီးပြီလဲ။ နောက်ထပ်ရော ဘယ်နှစ်လုံးလောက် ဖြစ်နိုင်မလဲ။
ဖြေ။ ။ ဒီမုန်တိုင်း မဖြစ်ခင်က မုန်တိုင်း သေးသေးလေး တလုံးပဲ ဖြစ်ခဲ့တာ။ ကုန်းတ၀က်၊ ရေတ၀က် ဖြစ်ပြီး ပျက်ပြယ်သွားမယ့် မုန်တိုင်းဆို ကျနော် မကြေညာဘူး။ ဒါကြောင့် ကျနော်ကတော့ အခု တလုံးက ပထမဆုံး အလုံးလို့ပဲ သတ်မှတ်ထားတယ်။ နောက်ပြီး အစကတည်းက အခု ဖြစ်လာတဲ့ မုန်တိုင်းနဲ့ ပတ်သက်ပြီးလဲ ဒီလောက်အထိ အားကောင်းလာနိုင်တယ်လို့ ကျနော် ခန့်မှန်းရေးသားထားပြီးသားပါ။ နောက်ပိုင်းလည်း မုန်တိုင်းတွေ ဖြစ်နိုင်ပါသေးတယ်။ ကျနော် ခန့်မှန်းထားတာကတော့ အနည်းဆုံး သုံးလုံးကနေ ငါးလုံးလောက်အထိ ဖြစ်လာနိုင် သေးတယ်။ အထူးသဖြင့် အစိုးရိမ်ရဆုံးကတော့ အောက်တိုဘာ၊ နိုဝင်ဘာလလို့ ပြောရမယ်။ အဲဒီအချိန်မှာ အများဆုံး ပိုဖြစ်နိုင်တယ်။ အဲဒီမရောက်မီလည်း တလုံးလောက်တော့ ဖြစ်နိုင်သေးတယ်။
မေး။ ။ နောက်တခုက ဒီနှစ် ရေကြီးမှုမှာ တွေ့ရတာ ဆည်တွေရဲ့ အန္တရာယ်က ခြိမ်းခြောက်မှု တခုလို ဖြစ်နေတယ်။
ဖြေ။ ။ ဆည်တွေနဲ့ ပတ်သက်ပြီး ပြောရရင် အကြောင်းအရင်းက နည်းပညာပိုင်းရော၊ လူပိုင်းရောလို့ ပြောရမယ်။ နည်းပညာပိုင်းအနေနဲ့ ပြောရရင် ဆည်တွေ ဆောက်တုန်းက ဆည်တွေမှာ အန္တရာယ်တွေ၊ ခံနိုင်ရည်တွေကိုလည်း သူတို့တွေက တွက်ပြီး ဆောက်ခဲ့ပါတယ်။ မှန်ပါတယ်။ ဒါပေမယ့်လို့ သူတို့ တွက်ထားတဲ့ ခံနိုင်ရည်ဟာ ဆည်ဆောက်တာ လွန်ခဲ့တဲ့ အနှစ် ငါးဆယ်က ဆောက်ထားတယ် ဆိုပါစို့။ အဲဒီတုန်းက တွက်တဲ့ အန္တရာယ်နဲ့ အခု အန္တရာယ်က မတူတော့ဘူး။ အန္တရာယ်ဟာ တိုးလာတယ်။ များလာတယ် အဲဒါတွေကို သူတို့ ထည့်တွတ်ဖို့ လိုတယ်။ နောက်ပြီး မြစ်တခုမှာ အရင်တုန်းက သစ်တောတွေ ရှိတယ်။ အခု အပင်တွေခုတ်လို့ ဘာသစ်တောမှ မရှိတော့ဘူး။ သစ်တော မရှိတော့ ရေတွေကို မထိန်းနိုင်တော့ဘူး။ သစ်တောမရှိတော့ ကမ်းပါးတွေက မိုးရွာ အစို၊ နေပူ အခြောက် ဖြစ်နေတယ်။ မိုးရွာလိုက်ရင် စီးကျတဲ့ ရေတွေနဲ့ မြေတွေက ပါသွားတော့ မြစ်တွေရဲ့ အောက်ခံက ပြောင်းသွားပြီ။ ပိုပို တိမ်လာတယ်။ အဲဒီတော့ အရင်က မိုးရေချိချိန် ငါး လက်မလောက် ရွာလို့ ဘာမှ မဖြစ်ဘူး။ အခုကျတော့ ငါးလက်မလောက် ရွာတာနဲ့ ရေလျှံတာပဲ။ ဒီလို ပြောင်းတာပဲ။ အဲဒီလိုဟာမျိုး ဆည်မှာလဲ ရှိတယ်။ နောက်ပြီးတော့ ဆည်တွေနားက ရေပိုရေလွှဲ ဒေသမှာလည်း ဖွံ့ဖြိုးရေး လုပ်ငန်းတွေ အများကြီး လုပ်နေတယ်။ မြစ်တွေမှာလည်း ပိုဆိုးတာပေါ့။ စက်ရုံတွေ ဆောက်တယ်၊ လူနေရပ်ကွက်တွေ လုပ်တယ်၊ စိုက်ခင်းတွေ လုပ်တယ်၊ သတ္တုတွေ တူးတယ်။ အဲဒါတွေက ရေပိုရေလွှဲဒေသကို ဖျက်လိုက်ရင် မြစ်တွေက ပျက်တာပေါ့။
နောက်ပြီးတော့ မြန်မာပြည်မှာ ဆည်ဆောက်ရင် ဇလဗေဒ မှတ်တမ်းကို သုံးရတယ်။ ဇလဗေဒရဲ့ သက်တမ်းက မြန်မာပြည်မှာ ဘာမှ မရှိသေးဘူး။ ဇလဗေဒ စလုပ်တာ ၁၉၆၅ ခုနှစ်မှ စလုပ်တာဆိုတော့ အခု တွက်ကြည့်လိုက်ရင် နှစ်ပေါင်း ၅၀ ကျော်လောက်ပဲ ရှိသေးတယ်။ သိပ္ပံရဲ့ သဘောသဘာဝ အရ နှစ်ပေါင်း ၅၀ လောက်ကို တွက်မယ်ဆိုရင် ငါးပုံ တပုံလောက်ကိုပဲ တွတ်လို့ရမယ်။ ဥပမာ ၁၀ နှစ်စာ သက်တမ်းကိုပဲ တွတ်နိုင်မယ်ဆိုတဲ့ သဘောပေါ့။ ဥပမာ နှစ်ပေါင်း ၁၀၀ ကို တွက်ချင်ရင် နှစ် ၅၀၀ သက်တမ်း ရှိရမယ်။ ဒါဖြစ်ရင် နှစ် ၅၀ လောက်ရှိပြီး ဘာဖြစ်လို့ နှစ်တရာ၊ နှစ်တထောက်ကို တွတ်လို့ရသလဲဆိုတော့ သချာင်္နည်းနဲ့လို့ တွတ်လို့ရတယ်။ သချာင်္နည်းနဲ့ တွတ်တဲ့အတွက် မှန်ချင်လည်း မှန်မယ်။ မှားချင်လဲ မှားမယ်။ အဲဒီတော့ တကယ်သေချာတဲ့ မှတ်တမ်းနဲ့ တွက်ချက်ပြီး ဆောက်ထားတာ မဟုတ်ဘူးပေါ့။ အဲဒါတွေက အားနည်းချက်တွေပေါ့။ နည်းပညာ မရှိလို့ မဟုတ်ဘူး။ နည်းပညာကို အပြည့်အ၀ အသုံးမချနိုင်လို့လို့ ပြောရမယ်။
မေး။ ။ ဒါဆို ဆရာ ပြောပုံအရဆို ဆည်တွေရဲ့ ခြိမ်းခြောက်မှုက တော်တော် ကြီးမားနေပြီလို့ ဆိုနိုင်မလား။
ဖြေ။ ။ သက်တမ်းကလည်း တဖြည်းဖြည်း ရင့်လာပြီ။ နောက်ပြီး သေချာ စောင့်ကြည့်မှုကလည်း နည်းတယ်။ ရာသီဥတုကိုလည်း ထည့်မတွက်ကြဘူး။ ရာသီဥတု ဖောက်ပြန်နေပြီဆိုပြီး ထည့်တွက်ပြီး တည်ဆောက်ထားတဲ့ဆည် ကျနော်သိသလောက် တခုမှ မရှိသေးဘူး။ မိုးသိမ့်များတဲ့ ဖောက်ပြန်မှုမျိုး ဖြစ်လိုက်ရင် ဒီဆည်ရဲ့ ခံနိုင်အားက ဘယ်ကြာကြာခံနိုင်မလဲ။ နောက်ပြီးတော့ မြေသုံးသုံး၊ ရေသုံးသုံး သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေမရှိဘူး။ အဲဒါတွေဟာလည်း အရေးအကြောင်းဆို စကားပြောတာပဲ။ နောက်ပြီးတော့ သူ့သဘာဝအရ ရေထိန်းတဲ့နေရာတွေ ၊ အဲဒီနေရာတွေကို မြေဖို့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေလုပ်၊ အဆောက်အဦးတွေ ဆောက် လုပ်ကြတယ်။ ဥပမာ ပြောရရင် ထိုင်းနိုင်ငံမှာ ရေထိန်းတဲ့ Swamp Land ကြီးကို သုဝဏ္ဏဘူမိ လေဆိပ်ကြီး ဆောက်လိုက်တယ်။ မကြာဘူး။ ဘန်ကောက် ရေမြုပ်တာပဲ။ ဒီလို ဥပမာတွေ အများကြီးပဲ။ ဖွံ့ဖြိုးတိုးတတ်မှုဆိုတိုင်း လုပ်ချင်တာ လျှောက်လုပ်နေမယ်ဆိုရင် တချိန်ကျရင် ဒုက္ခပေးမှာပဲ။
မေး။ ။ ဒါဆို မြန်မာနိုင်ငံမှာ ရာသီဥတု ဖောက်ပြန်မှုက သိသိသာသာကြီး ဖြစ်ပေါ်နေပြီလို့ ပြောနိုင်တာပေါ့။
ဖြေ။ ။ ပြောနိုင်တာပေါ့။ အကြီးအကျယ် ခံစားနေရပါပြီလို့ ကျနော်ပြောတာကိုကပဲ ဘယ်နှစ်နှစ်လောက် ရှိနေပြီလဲ။ ဒီခံစားမှုက နောက်ထပ် ဆက်ဖြစ်နေဦးမယ်။ တော်ရုံနဲ့ မပျောက်ဘူး။
မေး။ ။ အခု မုန်တိုင်းကြောင့် ရွာတဲ့မိုးက ဘယ်နှစ်ရက်လောက် ဆက်ရွာနိုင်သေးလဲ။
ဖြေ။ ။ အတိအကျတော့ မပြောနိုင်ဘူး။ တခါ မုန်တိုင်း တိုက်တုန်းကတော့ အနည်းဆုံး ငါးရက်လောက်တော့ ရွာတယ်။ အများဆုံး စက်တင်ဘာ၊ အောက်တိုဘာမှ စတတ်တဲ့ အရှေ့ဘက်က လေပွေလှိုင်းလာရင်တော့ ဆယ်ရက်လောက် ရွာနိုင်တာပေါ့။ နောက်ပိုင်းအခြေအနေတွေကတော့ ရေကြီးဖို့ အခြေအနေတွေ ဖြစ်နေတာပေါ့။
http://burma.irrawaddy.org/interview/2015/07/31/78885.html
သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသ
"တိုင်းနှင့် ပြည်နယ် လေးခု သဘာဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ကြေညာ"
ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ သော
ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရခိုင်ပြည်နယ်တို့ကို
သဘောဝဘေးအန္တရာယ် ကျရောက်သော ဒေသအဖြစ် ဇူလိုင် ၃၁ ရက် ည ၉ နာရီတွင် အစိုးရက
ကြေညာလိုက်သည်။
ရေလွှမ်းမိုးမှုများဖြစ်ပေါ်နေ
အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး
အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေး
နိုင်ငံတော်သမ္မတ ဦးသိန်းစိန် အမျိုးသားသဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ အစည်းအဝေးသို့ တက်ရောက် အမှာစကားပြောကြား
=================================================
နေပြည်တော် ဇူလိုင် ၃၀
အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ အစည်း အဝေးကို ယနေ့ညနေ ၄ နာရီတွင် နိုင်ငံတော်သမ္မတအိမ်တော် အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန် တက်ရောက် အမှာ စကားပြောကြားသည်။
ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဇူလိုင် ၁၆ ရက်မှစတင်၍ တစ်နိုင်ငံ လုံးတွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အချို့တိုင်းဒေသ ကြီးနှင့် ပြည်နယ် များတွင် ရေကြီး နစ်မြုပ်မှုများဖြစ်ပွားခဲ့ပြီး ကားလမ်း၊ ရထားလမ်းနှင့် တံတားများ၊ စိုက်ခင်းများနှင့် လူနေ အိမ်အချို့ ပျက်စီး ဆုံးရှုံးမှုများ ရှိခဲ့ပါကြောင်း၊ အဆက်မပြတ်မိုးရွာသွန်းလျက် ရှိသဖြင့် နိုင်ငံ နေရာ အနှံ့အပြား တွင် ရေကြီးနစ်မြုပ်မှုများ ဆက်လက်ဖြစ်ပေါ် ပြီး လမ်း၊ တံတားများနှင့် စိုက်ခင်းများ ထပ်မံပျက်စီးခဲ့ပါကြောင်း၊ ယခုကဲ့သို့ မိုးအဆက်မပြတ်ရွာသွန်းနေချိန်တွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းတစ်ခုဖြစ်လာပါကြောင်း၊
ထိုကဲ့သို့ သဘာဝဘေးအန္တရာယ်များဖြစ်ပွားမှုသည် မိမိတို့တစ်နိုင်ငံတည်း ဖြစ်ပွားခြင်း မဟုတ်ဘဲ ရာသီဥတုဖောက်ပြန်မှုကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီး တွင်လည်း သဘာဝ ဘေးအန္တရာယ်ကို ကြုံတွေ့ ခံစားနေကြ ရပါကြောင်း၊ သဘာဝဘေးအန္တရာယ်ကို တာဆီး၍ မရနိုင်သော်လည်း ကြိုတင်ပြင်ဆင် မှုများဖြင့် ဆုံးရှုံးမှုအနည်းဆုံးဖြစ်အောင် ဆောင်ရွက် သွားနိုင်ပါကြောင်း၊ ကြိုတင်ပြင်ဆင်မှုအနေဖြင့် ပြန်ကြားရေး ၀န်ကြီး ဌာနက ပို့ဆောင်ရေး ၀န်ကြီးဌာန မိုးလေ၀သနှင့်ဇလဗေဒ ဦးစီးဌာနနှင့်ပူးပေါင်းပြီး မိုးလေ၀သ သတင်းများကို ရုပ်မြင်သံကြားနှင့် သတင်းစာ များမှတစ်ဆင့် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် သတိပေးမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေး ဒဏ်ခံစားရသူများ အသက်ရှင် ရပ်တည် နိုင်ရန်အတွက် စားသောက်ရေး၊ အ၀တ်အထည်ရရှိရေး၊ တည်းခိုနေထိုင်နိုင်ရေးများကို ဦးစားပေးစီမံဆောင်ရွက်ရန် လိုအပ် ပါကြောင်း၊ သဘာဝဘေးအန္တရာယ်များ ကျရောက် ချိန်တွင် လတ်တလောဆောင်ရွက်ရမည့် အပိုင်းနှင့် အချိန်ယူဆောင်ရွက်ပေးရမည့် အပိုင်းနှစ်ပိုင်းရှိပါကြောင်း၊ လတ်တလော ဆောင်ရွက်ရမည့်အပိုင်းမှာ ကူညီကယ်ဆယ်ရေး လုပ်ငန်း ဖြစ်ပြီး အစားသောက်နှင့် အ၀တ်အထည် ထောက်ပံ့ပေးခြင်း၊ ပျက်စီး ဆုံးရှုံးသွားသော လယ်ယာမြေများတွင် ပြန်လည်စိုက်ပျိုးနိုင်ရန် မျိုးများရှာဖွေပေးခြင်း၊ ရေကျချိန်၌ ချက်ချင်း စိုက်ပျိုးနိုင်အောင် ထွန်ယက်ပေး ခြင်း၊ စာသင်ကျောင်းများတွင် ပျက်စီးဆုံးရှုံးသွားသည့် စာအုပ်စာစောင်များကို ဖြည့်တင်းပေးခြင်း၊ လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ပျက်စီး ဆုံးရှုံးမှုများကို အမြန်ပြန်လည်တည်ဆောက် ပေးခြင်း များကို ဆက်လက်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ရေကြီးနစ်မြုပ်မှု ဖြစ်ပွားခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ်များ၊ သက်ဆိုင်ရာမြို့နယ်များနှင့် ဆက်သွယ်ပြီး ၀န်ကြီး ဌာန အလိုက် စီစဉ်ဆောင်ရွက်ပေးရမည့် ပျက်စီးဆုံးရှုံးမှုများကို စိစစ်ပြီး အမြန်ဆုံးဆောင် ရွက်ပေးရမည်ဖြစ်ပါကြောင်း။
ပြန်လည်ထူထောင်ရေး လုပ်ငန်းအနေဖြင့် ပျက်စီးခဲ့သည့် ကျောင်းများ၊ လမ်းများနှင့် တံတားများကို ပြင်ဆင်တည်ဆောက်ပေးရမည် ဖြစ်ပါကြောင်း၊ ထိုကဲ့သို့ လုပ်ငန်းများမှာ အချိန်ယူဆောင်ရွက်ရမည် ဖြစ်သော်လည်း လတ်တလောသွားလာရေး အဆင်ပြေမှု ရှိစေရန် ဘေလီ တံတား တည်ဆောက်ပေးခြင်းမျိုးကဲ့သို့ စီမံဆောင်ရွက်ပေးရ မည်ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ရေးဘေးအန္တရာယ်များ ကြုံတွေ့ရချိန်တွင် သက်ဆိုင်ရာ ၀န်ကြီးဌာနများ အလိုက် အင်တိုက်အားတိုက်ဖြင့် ၀ိုင်းဝန်းပါဝင် ကူညီဆောင်ရွက် ပေးကြရမည်ဖြစ်ပါ ကြောင်း၊ ရေတိုလုပ်ဆောင်ပေးရမည့် လုပ်ငန်းနှင့် ရေရှည်လုပ်ဆောင်ပေးရမည့် လုပ်ငန်းများကို အချိတ်အဆက် မိမိဖြင့် စနစ်တကျ စီမံဆောင်ရွက်သွားကြရန် လိုအပ်ပါကြောင်း၊ မိမိတို့ဝန်ကြီး ဌာနများအလိုက် ရေကြီးနစ်မြုပ်ဒေသများသို့ ကွင်းဆင်း သွားရောက်ပြီး လိုအပ်ချက်များကို ဦးစားပေး အလိုက် စီမံဆောင်ရွက်ပေးသင့်သည်များကို အမြန်ဆုံးဆောင်ရွက်ပေးကြရန် ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အမျိုးသားသဘာဝ ဘေးကာကွယ်စောင့်ရှောက်ရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက သဘာဝဘေး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပြည်သူများ၏ အသက်ဆုံးရှုံးမှု မဖြစ်ပွားစေရန်၊ ထိခိုက်ဒဏ်ရာ ရရှိမှုများကို တားဆီး ပေးနိုင် ရန်၊ လူထု၏ အိုးအိမ်ပစ္စည်းဥစ္စာများကို ကာကွယ်ပေးနိုင်ရန်နှင့် သဘာဝ ပတ်ဝန်း ကျင် ကို ထိန်းသိမ်းစောင့်ရှောက်သွားရန်စသည့် ရည်ရွယ်ချက်များဖြင့် စီစဉ်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ဗဟိုကော်မတီအနေဖြင့် တိုင်းဒေသကြီးအလိုက် စီမံခန့်ခွဲရေးကော်မတီ များကို ရပ်ကွက်၊ ကျေးရွာအဆင့်အထိဖွဲ့စည်း၍ သဘာဝဘေးကာကွယ်ရေးနှင့် တုံ့ပြန်ရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးကာကွယ်ရေး လုပ်ငန်းများ စီမံဆောင်ရွက်ရာတွင် အဆင့် ၄ ဆင့်ဖြစ်သည့် သဘာဝဘေး လျော့ပါးရေး လုပ်ငန်းများ ဆောင် ရွက်ခြင်း (Reduction)၊ ကြိုတင်အသင့်ဖြစ်စေခြင်း (Readiness)၊ တုံ့ပြန်ဆောင်ရွက်ခြင်း (Response)နှင့် ပြန်လည်ထူထောင်ခြင်း (Recovery) ဆိုသည့် အဆင့်များအားလုံးကို ထည့်သွင်းစဉ်းစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် ဗဟိုကော်မတီဝင် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးကိုကိုက ရေကြီးနစ်မြုပ်ရာ ဒေသများတွင် လုံခြုံရေးနှင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လည်းကောင်း၊ လူမှုဝန်ထမ်းကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချ ထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဒေါ် မြတ်မြတ်အုန်း ခင်က ရေကြီးနစ်မြုပ်သည့်ဒေသများ တွင် ထောက်ပံ့ပေးမှုနှင့် အရန်ထားရှိ မှုများ၊ အသိပညာပေး ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြကြ သည်။
ဆက်လက်၍ ဗဟိုကော်မတီဝင် ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဝေလွင်က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်အတွင်းရှိ မင်းပြင် ရေလှောင်တမံနှင့် ကောလင်းမြို့၊ ၀န်းသိုမြို့နယ်များအတွင်း ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ရာ ဇူလိုင် ၁၈ ရက်မှ ၃၀ ရက်အထိ တပ်မတော်လေယာဉ် Y-8 တစ်စီးဖြင့် တစ်ခေါက်၊ MI-17 ရဟတ်ယာဉ် ၃ စီးဖြင့် ၇၀ ခေါက် တို့ဖြင့် ကယ်ဆယ် ရွှေ့ပြောင်းရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို ဆောင်ရွက်ပေးနိုင် ခဲ့ကြောင်း။
ထို့အပြင် တပ်မတော်လေယာဉ် Y-8 တစ်စီးကို မိတ္ထီလာမြို့တွင် လည်းကောင်း၊ MI-17 ရဟတ်ယာဉ် ၃ စီးကို မုံရွာမြို့တွင် တစ်စီးနှင့် ကန့်ဘလူမြို့တွင် ၂ စီး ဖြန့်ခွဲထားရှိပြီး ကယ် ဆယ်ရေးလုပ်ငန်းများအား အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန် အသင့်စုဖွဲ့ထားရှိ ကြောင်း။
ထို့ပြင် ကယ်ဆယ်ရေး၊ ရွှေ့ပြောင်းရေးလုပ်ငန်းများနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်း များကို လိုအပ်သလို စီစဉ်ဆောင်ရွက်ပေးနိုင် ရန်အတွက် ပလပ်စတစ်တိုက်လှေ (၁၀၀)စီး၊ ယမဟာ (၄၀)ကောင် ပဲ့ချိတ်စက် (၆၆)လုံးနှင့် အသက်ကယ်အကျီင်္ ၄၅၀ထည် တို့ကို တိုင်းစစ်ဌာနချုပ် နယ်မြေများအလိုက် ဖြန့်ခွဲထားရှိပြီး အရေးပေါ် လိုအပ်မှု ရှိပါက ထပ်မံ ဖြည့်တင်းပေးနိုင်ရန် ပလပ်စတစ်တိုက်လှေ ၄၇ စီးနှင့် ယမဟာ(၄၀)ကောင်ပဲ့ချိတ် စက် ၁၇၆ လုံးတို့ကိုလည်း မင်္ဂလာဒုံတွင် စုဖွဲ့ထားရှိပါကြောင်း။
အရှေ့တောင်တိုင်းစစ်ဌာနချုပ် နယ်မြေတွင် မွန်ပြည်နယ်အစိုးရအဖွဲ့နှင့် ညှိနှိုင်းပြီး ရေကြီးသည့်နေရာများတွင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လည်းကောင်း၊ အနောက် မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေတွင် ရဟတ်ယာဉ် ၃ စီးအား ကန့်ဘလူမြို့၌ ထားရှိပြီး စစ်ကိုင်းတိုင်း ဒေသကြီး အစိုးရ အဖွဲ့နှင့်ညှိနှိုင်း၍ ကယ်ဆယ်ရေးပစ္စည်းများပို့ ဆောင် ပေးခြင်းကို လည်းကောင်း၊ ကလေးမြို့နယ်ရှိ ရေကြီး သည့်နေရာများတွင် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို လည်းကောင်း ဆောင် ရွက်ပေးလျက် ရှိပါကြောင်း။
သဘာဝဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ထပ်မံဖြစ်ပွားပါက အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက် ပေးနိုင်ရန်အတွက် ရန်ကုန်တိုင်း စစ်ဌာနချုပ် နယ်မြေရှိ တိုက်ကြီး၊ ထန်းတပင်နှင့် အဖျောက် မြို့နယ်များအတွက် နည်းဗျူဟာတစ်ခုနှင့် တစ်ရင်း ၃ ရင်းကို ယာဉ်အကြီး ၂၀၊ ဂျွန်ဆင် စက်လှေ ၁၀ စီးတို့ဖြင့် အဖျောက်မြို့တွင် လည်းကောင်း၊ သံလျင်၊ ဒလနှင့် မှော်ဘီ တပ်နယ်များတွင် တပ်နယ်တစ်ခုစီ၌ ယာဉ်အကြီး ၅ စီးစီနှင့် ဂျွန်ဆင်စက်လှေ ၅ စီးစီဖြင့်လည်းကောင်း၊ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းတွင် မော်တော်ယာဉ် အစီး ၄၀ ကို လည်းကောင်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နယ်မြေရှိ ကွင်းကောက်ဒေသတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ထည်၊ ဟင်္သာတမြို့နယ်ရှိ နယ်မြေခံတပ်ရင်းတွင် ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီ ၅၀ ထည်တို့ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေ တွင် ပဲခူးမြို့ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၁၀ စီးနှင့် အသက်ကယ်အကျီင်္ ၅၀ ထည်၊ ညောင်လေးပင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည်၊ ရွှေကျင်မြို့နယ်ရှိ နယ်မြေခံတပ်ရင်း၌ ယာဉ်အကြီး ၅ စီး၊ ဂျွန်ဆင်စက်လှေ ၅ စီးနှင့် အသက်ကယ်အကျီင်္ ၂၅ ထည် တို့ကိုလည်းကောင်း အသင့်ပြင်ဆင် စုဖွဲ့ထားရှိပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားသဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီဝင်များ ဖြစ်ကြသည့် လယ်ယာစိုက်ပျိုးရေးနှင့်  ဆည်မြောင်း ၀န်ကြီးဌာန၊ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေး ၀န်ကြီးဌာန၊ အမျိုးသား စီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနနှင့် ရထား ပို့ဆောင်ရေး ၀န်ကြီး ဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများက သဘာဝ ဘေး အန္တရာယ် ကြုံတွေ့ခဲ့ရသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကူညီထောက်ပံ့ရေး အတွက် ဆောင်ရွက် ထားရှိမှုနှင့် ဆောင်ရွက်နိုင်မှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ကြောင့် ထပ်ဆင့်ဖြစ်ပေါ်နိုင်သော အခြေအနေနှင့် ကာကွယ်စောင့်ရှောက်မှု ဆောင်ရွက်မည့် အခြေအနေများ၊ သဘာဝဘေး အန္တရာယ်ခံရသော တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ကယ်ဆယ်ရေး၊ ထောက်ပံ့ ကူညီရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေး ရာ ၀န်ကြီးဌာန၊ စွမ်းအင်ဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၊ ပညာရေး ၀န်ကြီးဌာနနှင့် ဆောက်လုပ်ရေး ၀န်ကြီးဌာနတို့မှ ဒုတိယ၀န်ကြီးများက သက်ဆိုင်ရာကဏ္ဍများအလိုက် ရှင်းလင်းတင်ပြကြသည်။
Ref : http://www.president-office.gov.mm/zg/

မောင်တော၊ရခိုင်
ရခိုင်ပြည်နယ်၊ မောင်တောဒေသအချို့တွင်
မိုးသည်ထန်းစွာရွာသွန်မှုအခြေအနေပါ..
https://www.facebook.com/myo.chit1
မိုးသည်ထန်းစွာရွာသွန်မှုအခြေအနေပါ..
https://www.facebook.com/myo.chit1
မင်းပြားရေဘေး
မင်းပြားရေဘေးတိမ်းရှောင်ဒေသခံ ၂၀ကျော် ရေထဲမျောပါ
******************************************
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်ရေကြီးမှုအတွင်း ရေလွတ်ရာထွက်ပြေးတိမ်းရှောင်တဲ့ ဒေသခံ ၂၀ကျော် ရေထဲမျောပါ ပျောက်ဆုံးသွားတယ်လို့ ပြည်နယ်လွှတ်တော်အမတ် ဦးအောင်ဝင်းက ပြောပါတယ်။
ပြည်နယ်အတွင်း မင်းပြားနဲ့မြောက်ဦးမြို့တို့မှာ ရေကြီးမှု အဆိုးဆုံးဖြစ်ပြီး မင်းပြားမြို့နယ် ဆီးပင်ကြီးကျေးရွာမှာတော့ လူသေဆုံးတဲ့ အခြေအနေထိ ဖြစ်ပွားခဲ့တာလို့ဆိုပါတယ်။
“သူတို့ရွာတွေကနေ ရေလွတ်မယ့်နေရာကို စက်လှေသေးသေးလေးတွေနဲ့ သွားကြတယ်။ လှေလေးတွေနဲ့ ထွက်ပြေးကြတယ်။ အဲ့ဒီမှာ မင်းပြားတို့ မြောက်ဦးတို့မှာက တောင်ကျချောင်းတွေ ရှိတယ်ဗျ။ အဲ့ဒီမှာ ရေစီးကြမ်းတော့ ရေထဲမျောပါသွားကြတာရှိတယ်။ ရေစီးကြမ်းထဲမှာ မြုပ်သွားတဲ့ စက်လှေတွေလည်း ရှိတယ်။ လူ ၂၀ ကျော်လောက် သေတယ်လို့ ကျနော်တို့ သတင်းကြားတယ်။”
ဇူလိုင် ၃၀ ရက် ရခိုင်ပြည်နယ်ကို ဘင်္ဂလားပင်အော်မှာဖြစ်ပေါ်တဲ့ ကိုမန်ဆိုင်ကလုန်း မုန်တိုင်း အဖျားခတ် ၀င်ရောက်တိုက်ခတ်နေတုန်း ဖြစ်ပွားခဲ့တာပါ။
လက်ရှိ မင်းပြားမြို့ပေါ်မှာသွားလို့ လာလို့ မရအောင် ရေကြီးနေပြီး မြို့အနီးက ဆီးပင်ကြီးရွာ တရွာလုံး ရေမြုပ်နေပါတယ်။
မုန်တိုင်းတိုက်တဲ့အချိန်မိုးကြီးတာနဲ့ ပင်လယ်ဒီရေတက်တဲ့ လပြည့်နေ့တို့ တိုက်ဆိုင်နေလို့ ရေကြီးတဲ့အခြေအနေ ပိုဆိုးသွားတာဖြစ်ပြီး ရေမြုပ်နေတဲ့ရွာတွေမှာ အစားအသောက် လိုအပ်ချက်ရှိနေတယ်လို့ ပြည်နယ်အမတ်က ပြောပါတယ်။
မင်းပြားမြို့ခံ လူမှုကူညီရေး အဖွဲ့ဝင် ကိုခိုင်ဖိုးထူးကတော့ ရေအမြင့် ၁၅ ပေထိ မြင့်တက်လာကာ မင်းပြားမှာ အမြင့်ဆုံးဖြစ်တဲ့ ကျိန်းတောင်ခြေရင်း ၁ပေထိရေတက်ကြောင်း၊ ရေဘေးသင့်ပြည်သူ ၃ ထောင်ကျော်ရှိပြီး သူတို့ကို ဘေးလွှတ်ရာကို ပို့ဆောင်ဖို့ လှေတွေမလုံမလောက်ဖြစ် နေတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
ဒီကနေ့စစ်တွေမြို့မှာတော့ မိုးတွေရွာနေဆဲဖြစ်ပြီး မနေ့က ရေလွှမ်းခံရတဲ့ ရပ်ကွက်ထဲ မှာလည်း ရေတွေမကျသေးသလို ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား စတဲ့ မြို့နယ်တွေမှာလည်း ရေတွေကြီးနေဆဲဘဲလို့ ရခိုင်အမျိုးသားပါတီက ဦးအောင်မြတ်ကျော်က ပြောပါတယ်။
ရေကြီးမှုကြောင့် စစ်တွေမှာ အသေအပျောက်ရှိကြောင်း မသိရသေးပေမယ့် တချို့မြို့မှာ ရေတွေက ဈေးထဲဝင်ရောက်ခဲ့တဲ့အတွက် ဈေးထဲက ကုန်ပစ္စည်းတွေ ပျက်စီးဆုံးရှုံးကုန်တယ်လို့ ဆိုပါတယ်။
ကျောက်တော် – မြောက်ဦး သွားလမ်းမှာလည်း ရေတွေလွှမ်းနေတဲ့အတွက် သွားလာလို့ မရဘဲ လမ်းပန်းဆက်သွယ်ရေးတွေ ပြတ်တောက်နေပါတယ်။
သံတွဲမှာတော့ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်က သံတွဲချောင်းရေလျှံပြီး ရပ်ကွက် ၄၊ သမုချောင်း၊ ဂူကြီးခုန် စတဲ့ ရပ်ကွက်ထဲကို ရေတွေဝင်ရောက်ခဲ့တာမှာ ဒီကနေ့တော့ ရေကျသွားပြီလို့ သံတွဲမြို့ သိမ်ကုန်းကျောင်း တိုက်ဆရာတော် ဦးတေဇိန္ဒက မိန့်ပါတယ်။ တနေ့က လင့်သာရွာမှာ လေဆင်နှာမောင်း ၀င်တိုက်သွားတဲ့အတွက် အိမ်တလုံးပျက်စီးပြီး တရော်တောရွာမှာလည်း ကမ်းပါးပဲ့ကျအတွက် အိမ် ၄ လုံးကို ဖျက်ပြီးရွှေ့ပြောင်းခဲ့ရတယ်လို့ ဆိုပါတယ်။ ဆက်လက်ပြီး ကမ်းပါးပြိုမယ့် အခြေအနေရှိတဲ့အတွက် ကမ်းနားက နောက်ထပ်အိမ်တွေ ဖျက်ပြီး ရွှေ့ပြောင်းဖို့ မြို့နယ်အုပ်ချုပ်ရေးပိုင်းက စီစဉ်နေတယ်လို့ ဆရာတော်က မိန့်ပါတယ်။ အဲဒီရွာဟာ အိမ်ခြေ ၅၀ လောက်ရှိပြီး ဖျက်ပြောင်းရမယ့်အိမ်တွေမှာ အိမ်ကြီးအိမ်ကောင်းတွေပါ ပါဝင်တယ်လို့ ဆရာတော်က ဒီဗွီဘီကို မိန့်ကြားပါတယ်။
ဓာတ်ပုံ – Khaing Morm Twan

ကလေးမြို့ 31.7.2015
စစ်ကိုင်းတိုင်းအထက်ပိုင်း၌ မိုးဆက်တိုက်ရွာသွန်းနေသည်အတွက်
မနေ့ည ကတည်း ကလေးမြို့တွင်း ရေများထပ်မံဝင်ရောက်လာသည့်အတွက်
အဆက်အသွယ်များပြတ်တောက်သွားပြီဟု မြို့ခံများထံမှသိရသည်။
ရာဇဂြိုလ်ဆည်မှလည်း စီးဝင်လာသည့် ရေများကို ရေပိုလွှဲမှ
တဆင့် ထုတ်လွှတ်နေရပြီး မိုးကလည်း ဆက်တိုက် ရွာသွန်းသည့်အတွက်
မြို့တွင်းသို့ ရေများ ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်၊ ယခုအခါ မန္တလေး၊
မုံရွာစသည့်မြို့များနှင့် လည်း အဆက်အသွယ်ပြတ်တောက်နေသလို
တမူးလမ်းနှင့်လည်း ပြတ်တောက်နေပြီဖြစ်သည်။
The Irrawaddy (Burmese Version)
added 3 new photos.
https://www.facebook.com/IrrawaddyBurmese/posts/1050326285011523

ငဖဲမြို့
မကွေးတိုင်း ငဖဲမြို့နယ်က မိုးသည်းထန်စွာရွာသွန်းမှုနှင့် ရေအခြေအနေ
ဓာတ်ပုံ- ကိုရိုးမစံ
နတ်ရေကန်တောင်ဒေသက
မိုးသီးထန်စွာရွာသွန်းမှုကြောင့် တောင်တွေပြိုပြီး
ကားလမ်းများပိတ်နေ

ချင်းပြည်နယ် နေရာဒေသများ..
ချင်းပြည်နယ်ရေကြီးမှု အခြေအနေဟာ အထူးစိုးရိမ်ရတဲ့အနေအထားမှာပါ။
တောတောင်အနေအထားအရမြေပြန့်ဒေသထက်ပိုမိုပြီးသဘာဝဘေးဆိုးကို
ခါးစည်းခံနေရတဲ့အခြေအနေပါ ။
လက်ရှိကလေးမြို့ရေမြုတ်ပါတော့မယ် ။
တောင်တန်းဒေသလည်းဖြစ်လမ်းပန်းဆက်သွယ်မှုခက်ခဲတဲ့အပေါ်မှာ
ထောက်ပံ့အကူညီမှုများ ရရှိနိုင်မှုအားနည်းနေပါတယ် ။
ကူညီထောက်ပံ့လှူဒန်းသူများအနေနဲ့ ချင်းပြည် နယ်ကိုအထူးအာရုံစိုက်ပေးဖို့
အနူးအညွန့်မေတ္တာရပ်ခံအပ်ပါတယ်။
photo source : ဂီတပျို
June Gio added 12 new photos — feeling worried with ဂီတ ပျို and 2 others.

ပွင့်ဖြူအတွက်စိုးရိမ်ဖွယ်
ပွင့်ဖြူအတွက်စိုးရိမ်ဖွယ်
ကြီးအုံကြီးဝတမံရေပိုလွှဲကရေအလုံးအရင်းနဲ့ထွက်လာနေပါတယ်။
ပြီးခဲ့တဲ့၃နာရီခန့်ကအခြေအနေဖြစ်ပါတယ်။
Nay Myo Kyaw 31.7.15

ကောလင်း၊ဆန် ရေသန့်ဗူး နှင့် အိမ်သာသုံး ပစ္စည်းများ
Bala Min Htin added 10 new photos.
July 28 at 5:59pm · Kanbalu
ဒီနေ့ ကောလင်း မှ ကိုဝေဠုကျော် တို့နဲ့အတူ ချောင်းနားကို
ရဟတ်ယာဉ်ဖြင့် ၄ ခေါက် ဆန် ရေသန့်ဗူး နှင့် အိမ်သာသုံး
ပစ္စည်းများကို ပို့ဆောင်ပေးခဲ့ပါတယ် —
traveling to Kawlin, Sagaing, Burma.

Subscribe to:
Posts (Atom)