Saturday, May 18, 2013

မန်းစွယ်တော်မြတ်စေတီ စိန်ဖူးတော်တင်လှူပွဲ

စွယ်တော်မြတ်စေတီတော်(မန္တလေး)စိန်ဖူးတော်နှင့်
ငှက်မြတ်နားတော်တင်လှူးပွဲတင်လှူးပွဲကို
(၁၉.၅.၂၀၁၃)ရက်နေ့ နံနက်(၇)နာရီခွဲတွင် စတင်ကျင်းပမည်ဟု
ကြားသိရပါတယ်။

ယခုစိန်ဖူးတော်နှင့် ငှက်မြတ်နားတော်တို့သည်
၂၀၁၂ခုနှစ်၊ရွှေဘိုမြို့နှင့် သပိတ်ကျင်းမြို့အကြား
ဗဟိုပြုလှုပ်ခတ်ခဲ့သော ငလျင်ကြောင့်အခြားသော
စေတီတော်များ နည်းတူ စိန်ဖူးတော် မြေခခဲ့တယ်။
ငှက်မြတ်နားတော်သည်လည်း အစိတ်အပိုင်းအချို့ ထိခိုက်ခဲ့တယ်။
ဒါကြောင့် (၁၉.၅.၂၀၁၃)နံနက် ၇နာရီခွဲမှာ မင်္ဂလာအခမ်းအနားများဖြင့်
စိန်ဖူးတော်နှင့် ငှက်မြတ်နားတော် တင်လှူးပွဲကို
ဒီမိုကရေစီအစိုးရသစ်၏ အစီအစဉ်ဖြင့်ကျင်းပသွားမည်ဟု
ကြားသိရပြီး၊ အများပြည်သူ (၄၀၀)ကျော်ခန့်တက်မယ်လို့သိရတယ်။

ရွှေစင်(၂)ပိဿာခန့်နှင့် စိန်တန်ဖိုးမြင့်မြင့်တို့ကို
အသုံးပြုပြီး ပြန်လည်တင်လှူခြင်းဖြစ်ပါတယ်။
လာရောက် ဖူးမျှော်လျက်ပါလို့ ဖိတ်ခေါ်ပါတယ်။

စိန်ဖူးတော်



ငှက်မြတ်နားတော်