Wednesday, January 23, 2013

ဓါတ်ပုံကို panorama အဖြစ်ဖန်တီးခြင်း

Image Composite Editor (ICE)
ဓါတ်ပုံတွေကို panorama အဖြစ်ဖန်တီးချင်တယ်၊
ဖြတ်၊ညှပ်ကပ်လုပ်မယ်panorama ပုံတွေကို
ပြန်လည်ကြည့်ရှုမယ်စသည့်ဖြင့် ကောင်းမွန်တယ်၊
image formats ဖြစ်တဲ့ JPEG,TIFF,PSD
Export လုပ်လို့ရတယ်။ image ကိုဖြတ်မယ်၊
ပုံတွေကို Crop လုပ်မယ်၊
Stitch  ဆိုတဲ့ Camera motion ပြုလုပ်မယ်
စတဲ့ လုပ်ဆောင်ချက်တွေကို ဖန်တီးနိုင်ပါတယ်။
advanced panoramic image stitcher တခုဖြစ်ပါတယ်။
ICE file အဖြစ်သိမ်းဆည်လိုရပါတယ်။
Window 7 အထိ အသုံးပြုလိုရပါတယ်။
panorama ပုံတွေက ဖန်တီးရယူ လုပ်ဆောင်နိုင်တဲ့
သေးငယ်လျှင်မြန်တဲ့ program တခုဖြစ်ပါတယ်။
လေ့လာလိုသူများ များစွာအဆင်ပြေပါတယ်။
Microsoft ရဲ့ထုတ်ကုန်တစ်ခုပါ။

အဓိပ္ပါယ် အပြည့်အစုံကတော့
Image Composite Editor
Microsoft Image Composite Editor is an advanced panoramic
 image stitcher. Given a set of overlapping photographs
of a scene shot from a single camera location,
the application creates a high-resolution panorama
that seamlessly combines the original images.
The stitched panorama can be shared with friends and
viewed in 3D by uploading it to the Photosynth web site.
Or the panorama can be saved in a wide variety of image formats,
from common formats like JPEG and TIFF to the multiresolution
tiled format used by Silverlight's Deep Zoom and by the
HD View and HD View SL panorama viewers.

အသေးစိတ်ဖတ်ရှုမယ်ဆိုရင်
http://research.microsoft.com/en-us/um/redmond/groups/ivm/ice/
ဒေါင့်လုပ်ဆွဲရန်
http://research.microsoft.com/en-us/downloads/
730cd6bb-6450-4e66-8101-a94e71cb0779/default.aspx
ဖြစ်ပါတယ်။



Sunday, January 20, 2013

ဖုန်းဝယ်ရင် Handset နှင့် ဘူးပေါ်ရှိ စာသားများကိုဂရုစိုက်ပါ

 ဖုန်းဝယ်ရင် Handset နှင့် ဘူးပေါ်ရှိ စာသားများကိုဂရုစိုက်ပါ
နောက်တခုပြောပြချင်တာက ကျွန်တော်တို့အညာဒေသမှာ
ဖုန်းဝယ်မယ်ဆိုရင် တရုတ်ဖုန်းတွေကကိုသာ အားကိုးနေရတယ်။
ဥပမာပြောရရင် Huawei Ascend Y 200T G3 မှာဆိုရင်
ဖုန်းရဲ့ဘူးပေါ်မှာ အင်္ဂလိပ်/တရုတ်ဘာသာစကားတွေကိုတွေရတယ်
နောက်ပြီး CHINA MOBILE လို့ရေးသားထားတယ်

















Huawei Ascend G 300 တို့ဆိုရင်
With Googleနဲ့ dts တို့ ladel ထိုးထားတယ်။
ဖုန်းရဲ့ဘူးပေါ်မှာ အင်္ဂလိပ်ဘာသာစကား တစ်မျိုးကိုသာ
ရေးသားထားတယ်။ ဒီအချက်ကိုကြည့်ချင်အားဖြင့်
Huawei အနေနဲ့ ဒီအမျိုးအစားက နိုင်ငံတကားကိုဖြန့်ချီတဲ့
ပစ္စည်းမျိုးဖြစ်တာကို သွားတွေ့ရတယ်။ U8815 code သတ်မှတ်ထားတယ်
ဒီဖုန်းနဲ့ အုပ်စုတူ U88xx အခြားဖုန်းဆိုရင် သူထက်ဈေးနည်းတယ်၊
သူက ဈေးများတာကို တွေ့ရတယ်။သူ့ထက် model အနည်းငယ်မြင့်တဲ့
ဖုန်းက သူထက်ဈေးနည်းနေတယ်။
ဒါအပြင် U8950 ဖုန်းဆိုရင် CHINA MOBILE လို့ဖုန်းပေါ်မှာ
ရေးသားထားတယ်။ နောက်ပြီး ဘူးပေါ်မှာ တရုတ်ဘာသာစကား
ကိုသာ ရေးသားထားတယ် ဒီလိုမျိုးရင် ဝယ်ယူသူတွေအနေနဲ့
လုံးဝ သတိထားသင့်တယ်။

Huawei ဖုန်းကို ဝယ်ရင် /အသုံးပြုဆိုရင် ဆိုင်ကိုသေချာစွာမေးမြန်
ဝယ်သင့်တယ်။ Modelနံပါတ်အလိုက် ဖုန်းရဲ့တရားဝင်
Website မှာ Model နဲ့ ပစ္စည်းအမျိုးအစားတွေကို
ကြိုတင်လေ့လာပြီးမှာ ဝယ်တာကောင်းတယ်။

အညာဒေသမှာ ဘာတွေဖြစ်နေလဲဆိုတော့
နာမည်ကြီးဆိုင်တချို့မှာ တရုတ်ပြည်တွင်းမှာ
ရောင်းချတဲ့ဖုန်းတွေကို နည်းလမ်းအမျိုးမျိုးနဲ့
ပြည်တွင်းမှာ ရောင်းချတယ်၊ဒါအပြင်Handset နှင့်
 ဖုန်းဘူးခွံပေါ်မှာ တရုတ်လိုတွေသာ
ရေးသားထားတာကိုတွေ့ရတယ်။
ဒီလိုဖုန်းတွေကို ပြည်တွင်းဈေးကြီးပေးဝယ်ရတယ်။
ဒါမျိုးကိစ္စကို ဖုန်းဝယ်သူတွေက လုံးဝသတိထားသင့်ပါကြောင်း
ဖုန်းဝယ်ရင် Handset နှင့် ဘူးပေါ်ရှိ စာသားများကိုဂရုစိုက်ပါ
အသိပေးရပါစေခင်ဗျာ.. . ချစ်စွာသော ice

ဖုန်းရဲ့ HSDPA ကို သေချာစွာစစ်ဆေးပါ

ဖုန်းရဲ့ HSDPA ကို သေချာစွာစစ်ဆေးပါ
ခေတ်စနစ်တွေတိုးတက်လာတဲ့အချိန်
အင်တာနက်အသုံးပြုမှုတွေက တနေ့တခြားများပြားလာတယ်။
အင်တာနက်ကို Mobile ဖုန်းတွေနဲ့ အသုံးပြုမှုပိုများတယ်။
Mobile ဖုန်းတွေရဲ့ အရည်အသွေးတွေက အမြဲတိုးတက်လာတယ်
တချို့က Handset ကို လူတန်းစာတစ်ရပ်လိုဝယ်ယူသုံးစွဲတယ်။
တချို့က လုပ်ငန်းသုံးဖို့အတွက် ဝယ်ယူတယ်။
အများစုက တန်ဖိုးနည်းဖုန်းတွေကိုဝယ်ယူကြတယ်။
ဘယ်လိုပဲဖြစ်ဖြစ်ပါ
Android ဖုန်းတွေဖြစ်တဲ့ Samaung နဲ့ Huawei တွေရဲ့
အရည်အသွေးကို နှိုင်းယှဉ်ပြီး အင်တာနက် Download ဆွဲတဲ့အချိန်
HSDPAစနစ် လျှင်မြန်မှုတွေကို လေ့လာမယ်
ဒါဆို ပစ္စည်း(၃)မျိုးကို နှိုင်းယှဉ်မယ်
Samsung GT-S5660 ,Huawei Ascend Y 200T G3
Huawei Ascend G 300
 
Samsung GT-S5660မှာဆိုရင် Faster 800MHz CPU ဖြစ်တယ်၊
HSDPA 7.2Mbps လို့ဖော်ပြထားပါတယ်
တကယ် Internet download လုပ်တဲ့အချိန်မှာ speed အများဆုံး
50KB/sec လောက်ရတယ်
Huawei Ascend Y 200T G3 မှာဆိုရင်  800MHz CPU ဖြစ်တယ်၊
TD-HSDPA လို့ ရေးသားထားတယ်
တကယ် Internet download လုပ်တဲ့အချိန်မှာ သူလည်းပဲ
speed အများဆုံး 50 KB/sec လောက်ရတယ်။

Huawei Ascend G300 မှာဆိုရင်  1GHz CPU ဖြစ်တယ်၊
7.2 Mbps HSDPA လို့ ရေးသားထားတယ်
တကယ် Internet download လုပ်တဲ့အချိန်မှာ
Speed အများဆုံး 300 KB/sec ကျော်လောက်ရတယ်
တကယ်ကို ကျေနှပ်ဖို့ကောင်းတယ်။ အသုံးပြုလို့ကောင်းပါတယ်။
အင်တာနက်ကို ဖုန်းနဲ့သုံးရာတာ Ascend G300 ကတော့
အကောင်းဆုံးဖြစ်တယ်။










ပြောရရင် TP-LINK 3.75G HSUPA USB  GSM Adapter
နဲ့ ယှဉ်လို့ရတယ်။ ဒါအပြင် 3G Wireless Modem
HSDPA 7.2 Mbps GSM Adapter တို့နဲ့ ယှဉ်ပြီးသုံးနိုင်တယ်။
Internet သုံးတဲ့နေရာမှာPhone နဲ့သုံးသုံး၊ Modem နဲ့သုံးသုံး
ဘာပြဿနာရှိလည်းဆိုရင် ဖုန်းကဒ်ကိုမကြာခဏ
 ဖြုတ်လိုက်၊တပ်လိုက် ကြာလာတော့ ဖုန်းကဒ်ပျက်
သွားမယ်။

ကျွန်တော်ပြောပြချင်တာက
အင်တာနက်ကို ဦးစားပေးသုံးမယ်ဆိုရင်
ဖုန်းရဲ့ HSDPA ကို သေချာစွာစစ်ဆေးပါ
မေးမြန်ပြီးမှ ဝယ်ယူသင့်ပါတယ်။

Saturday, January 19, 2013

ထမင်းရှင် တောင်သူလယ်သမား အတွက်

ထမင်းရှင် တောင်သူလယ်သမား အတွက်
သိထားသင့်သောအချက်များ

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေးအတွက်
သိရှိထားသင့်သော အကြောင်းအရာများ

တောင်သူလယ်သမား
သားစဉ်မြေးဆက်၊ အဆက်ဆက်
ဘဝအာမခံချက်ရရှိဖို့
လယ်ယာမြေလုပ်ပိုင်ခွင့်
မှတ်ပုံတင်ကြစို့

လယ်ယာမြေဆိုတာ ဘာတွေလဲ
လယ်ယာမြေဆိုတာ လယ်မြေ၊ယာမြေ၊ကိုင်းကျွန်းမြေ၊တောင်ယာမြေ၊
နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ဓနိမြေ၊ဥယျာဉ်မြေဟု သော်လည်းကောင်း၊
ဟင်းသီးဟင်းရွက်၊ပန်းမန်စိုက်ပျိုးသည့်ခြံမြေဟု သော်လည်းကောင်း၊
မြေနုကျွန်းမြေဟု သော်လည်းကောင်း၊ သတ်မှတ်သည့်မြေများကိုဆိုလိုသည်။
ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ကျေးရွာနယ်နိမိတ်အတွင်းရှိ
လူနေအိမ်ရာများ၊ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊
အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများမပါဝင်။
လယ်ယာမြေဥပဒေ အခန်း(၁)၊အပိုဒ်(၃)၊အပိုဒ်ခွဲ(က)

လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုတာဘာလဲ
လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည်မြေယာအားလုံး၏
ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်
အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေ၊
စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ လက်ဝယ်ထား၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်
ပြုခြင်းကိုဆိုသည်။သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊သတ္တု၊ရေနံနှင့်
ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့်မပါဝင်။
လယ်ယာမြေဥပဒေ အခန်း(၁)၊အပိုဒ်(၃)၊အပိုဒ်ခွဲ(ဃ)

ဘာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိဖို့လိုသလဲ
လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်
သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

လယ်ယာမြေကို လုပ်ပိုင်ခွင့် လျှောက်ထားခြင်း
လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန်
သက်ဆိုင်ရာရပ်ကွက်(သို့)ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

လယ်ယာမြေကို လုပ်ပိုင်ခွင့် လျှောက်ထားရမည့်နည်းလမ်း
ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင်
လယ်ယာမြေလုပ်ကိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁)ကို
အခမဲ့ရယူလျှောက်ထားရမည်။
သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ
စိစစ်ပြီး မှန်ကန်ပါက ချိန်းဆိုသောနေ့တွင် မှတ်ပုံတင်ကြေး
ပေးသွင်းပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)
ကိုရရှိပါမည်။

စည်းကမ်းချက်များ
အခန်း(၄)၊အပိုဒ်(၁၂)တွင် အချက်(၁၀)ချက်ကိုလိုက်နာရမည်။
ဒါအပြင် အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင်မှတ်ပုံတင်ပြီးမှသာ
တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့်၊ အစိုးရခွင့်ပြုချက်မရရှိဘဲ
နိုင်ငံခြားသား၊ နိုင်ငံခြားသားပါဝင်သည့်အဖွဲ့အစည်း၊ရောင်းချခြင်း၊ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်းမပြုရ။


လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ
လယ်ယာမြေဥပဒေ အခန်း(၃)၊အပိုဒ်(၉)
(က)လက်ရှိထားပိုင်ခွင့်၊အကျိုးအမြတ်ကိုခံစားပိုင်ခွင့်၊
(ခ)ရောင်းချခွင့်၊ပေါင်းနှံခွင့်၊ငှားရမ်းခွင့်၊လဲလှယ်ခွင်းနှင့်ပေးကမ်းခွင့်
(မြန်မာ့စီးပွားရေးဘဏ်တွင် ပေါင်းနှံခွင့်ရပါသည်။)
(ဂ)အမွေဆက်ခံခြင်း အငြင်းပွားမှုဖြစ်က တရားရုံး၏အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ)စည်းကမ်းချက် ဖောက်ဖျက်ခြင်းမရှိသရွေ့ လုပ်ပိုင်ခွင့်၊
(င)သမဝါယမ၊ပုဂ္ဂလိက၊
(စ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။
(ဥပဒေပုဒ်မ၄မှ၉အထိ)တို့သည် မြေနုကျွန်းချထားခြင်းနှင့်မသက်ဆိုင်

ယခု လယ်ယာမြေဥပဒေဖြင့် ယခင်ကဥပဒေ(၃)ခုကို ရုပ်သိမ်းလိုက်သည်-
(က)၁၉၅၃ ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊
(ခ)၁၉၆၃ခုနှစ်၊သီးစားချထားရေးဥပဒေ၊
(ဂ)၁၉၆၃ခုနှစ်၊တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ။

ခံစားချက်များ
ဒီလယ်ယာမြေဥပဒေကို တောင်သူလယ်သများ၏ လူမှုစီးပွားရေးဘဝ
မြင့်မားတိုးတက်ရေးရှေးရှု၍ ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း တောင်သူလယ်သမား
အဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ရတယ်။

ဥပဒေအခန်း(၁၃)၊အထွေထွေ အပိုဒ်(၃၉)ပါစကားအရ
ပြောရရင် လက်ရှိစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှာ ပါတဲ့သူဖြစ်တဲ့
ကျေးရွာအုပ်စု(သို့)ရပ်ကွက် အုပ်ချုပ်ရေးမှူးက
ပြည်သူ့ဝန်ထမ်းဖြစ်သည်လို့ အဓိပ္ပါယ်ရောက်တယ်...
သူတို့ပြစ်မှုကျူးလွန်ရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ
အရေးယူလို့ရတဲ့ သဘောဖြစ်နေတယ်။

နောက်တခုက အစိုးရခွင့်ပြုချက်ရရင်(ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပေဒနှင့်
ညီညွတ်ရင် နိုင်ငံခြားသားနဲ့အကျိုးတူလုပ်လို့ရတယ်
ဒီလိုသာဆိုရင် နိုင်ငံခြားသားကစပါးလာစိုက်လို့ရပြီးနော်
နောက်တခုက မြန်မာဆန်၊ထိုင်းဆန်၊မလေးဆန်၊ တရုတ်ဆန်
ကိုယ့်ကြိုက်တာ ဝယ်စားလို့ရမဲ့အခြေအနေ ရောက်သွားမယ်။

စပါးဈေးကောင်းမှ တောင်သူတွေဘဝ လှပရတာ၊
ရာသီဥတုကမကောင်းတော့
ယခုဆိုရင် အကြွေးများတဲ့ တောင်သူတွေဖြစ်လာတယ်၊

ဒီဥပဒေအရ ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့်
အခွန်အခတွေကို မပေးဆောင်နိုင်ဘူးဆိုရင်
မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
ဒါက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ ပိုင်ဆိုင်တဲ့အရာတွေကို
သိမ်းဆည် လေလံတင်ထုခွဲပြီး အခွန်အခတောင်းလို့ရတဲ့သဘောပေါ့
လယ်ယာမြေကို သိမ်းဆည် လေလံတင်ခွင့်ရှိနေသလိုဖြစ်နေတယ်
တောင်သူတွေ သတိထားရမဲ့အချက်ပဲ
ငွေပမာဏကို မဖော်ပြထားဘူးဆိုတော့
အရေးကြီးသတိထားရမဲ့ အချက်ပဲ။

ကျေးဇူးရှင်တောင်သူလယ်သမားများကို ကျွန်တော်ပြောခြင်းတဲ့
အရေးကြီးအချက်က
လယ်ယာမြေဥပဒေ/နည်းဥပဒေ တွေကို လေ့လာမှတ်သားပါ၊
နောက်တခုက ဖြစ်နိုင်ရင်
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ/နည်းဥပဒေ
တွေကိုလည်း လေ့လာမှတ်သားဖို့ပါ။

ဒီနှစ်ပေါ့။ ၂၀၁၂-၂၀၁၃ ကာလလေးအတွင်းမှာ
ဥပဒေတွေက အများကြီးပြောင်းလဲနေတယ်
ကျွန်တော်တို့သိထားတဲ့ ဥပဒေတိုင်လိုလို
ပြောင်းလဲနေတယ် ပြောရရင် ခေတ်နှင့်အညီ
ဥပဒေတွေကို ဖတ်ဖို့လိုလာပါတယ်။
လွှတ်တော်တွေမှာလဲ ပြင်ဆင်ဖို့လုပ်နေတဲ့
ဥပဒေတွေက အများကြီးဖြစ်နေတယ်

ယခင်က ဥပဒေတွေက အနှစ် ၂၀အထက်ကို အသုံးပြုခဲ့တာ
ယခုဒီဥပဒေအဟောင်းတွေက အသက်မရှိတော့ဘူး၊
နောက်မှ ယခုဥပဒေ မသိလို့ဆိုတာ မရတော့ဘူး။
ကိုယ့်က ဥပဒေကို မသိထားဘူး၊ မကြားဘူး လို့ဆိုရင်
ကိုယ့်အကျိုးပဲ နည်းသွားမယ်။

ဒီ post လေးက ဘယ်သူမှ အကျိုးနည်းဖို့မရည်ရွယ်ပါဘူး
တောင်သူလယ်သမားတွေ အကျိုးများဖို့ ရည်ရွယ်ပါတယ်။
ယခင်က တောင်သူတွေ ရရှိခဲ့တဲ့ အခွင့်အရေးတွေနဲ့
ယခု ဒီမိုခေတ်မှာ ရတဲ့အခွင့်ရေးတွေကို နှိုင်းယှဉ်သိရှိနိုင်မှာသာ
အကျိုးများမည်ဖြစ်ပါတယ်။

ဒီမိုကရေစီ(ပြည်သူ့အာဏာ)ခေတ်မှာ
ပြည်သူ့ကိုယ်စားလှယ်တွေက ပြုပြင်ထားတဲ့
ခေတ်မှီတဲ့ ဒီဥပဒေတွေကို မဖြစ်မနေ
သိဖို့အရေးကြီးပါကြောင်း ပြောပြပါရစေ ခင်ဗျာ...

(ကျမ်းကိုး လယ်ယာမြေဥပဒေ/နည်းဥပဒေ၊
မြေလွတ်/လပ်/ရိုင်းများစီမံခန့်ခွဲရေးဥပဒေ/နည်းဥပဒေ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်ကမ်း)

ဒီ post လေးက ဘယ်သူမှ အကျိုးနည်းဖို့မရည်ရွယ်ပါဘူး
တောင်သူလယ်သမားတွေ အကျိုးများဖို့ ရည်ရွယ်ပါတယ်။
ယခင်က တောင်သူတွေ ရရှိခဲ့တဲ့ အခွင့်အရေးတွေနဲ့
ယခု ဒီမိုခေတ်မှာ ရတဲ့အခွင့်ရေးတွေကို နှိုင်းယှဉ်သိရှိနိုင်မှာသာ
အကျိုးများမည်ဖြစ်ပါတယ်။

Tuesday, January 1, 2013

နှစ်သစ်မှာ မြေ

နှစ်သစ်မှာ မြေ

၂၀၁၃ ကို ရောက်ရှိလာခဲ့တာပေါ့
မြေယာတွေနဲ့ပတ်သက်ပြီး လမ်းညွှန်ချက်တွေက ဌာနတွေမှာ
အမျိုးမျိုးပါပဲ
နံမည်ကြီးနေတဲ့ လန၃၉ ဆိုတဲ့ ခေတ်က ကုန်သွားတော့တယ်....
လူအများကြိုတ်တဲ့ ၁၀၅ မြေပုံရေးကူးခွင့်တွေ ခေတ်စားလာတယ်

လယ်ယာမြေ၊ သီးစားချတဲ့မြေတွေ ခေတ်ထလာတယ်
ဘာလို့လဲဆိုတော့ ဟိုစီမံကိန်း၊ဒီစီမံကိန်း စသဖြင့် စသဖြင့်နဲ့
အနီးအနားက လယ်မြေ၊ယာမြေတွေကို ၅ဧကကို သိန်း ၁ထောင်၊
၁၀ဧကကို သိန်း ၁သောင်းနဲ့ ဒီနေ့တဈေး ၊မနက်ဖြန် တဈေးနဲ့
အမျိုးမျိုးခေတ်ထလာတယ်

မန်းလေးမှာတော့ ရွာသားတွေက လယ်တွေရောင်း
တိုက်ဆောက်၊ကားဝယ် ခေတ်တွေပြောင်းလာတယ်။
အရင်းခေတ်က လောဘသမားတွေက ဟိုစီမံကိန်းရှိလို့
ဒီစီမကိန်းရှိလို့ လိုက်ဝယ် သိန်းဘယ်လောက်ပေးမယ်ပေါ့
ဟိုလိုက် ဈေးကစား၊ဒီလိုက်ဈေးကစား၊

ဒီလိုအဖြစ်အပျက်တွေကို နားမလည်းတဲ့
တခြားမြို့မှာနေတဲ့သူတွေက ဒီလိုဈေးကစားတာတွေကို နားမလည်
ဒီလယ်မြေ၀ယ်လိုက်၊ ဒီယာမြေ၀ယ်လိုက် လက်ထဲမှာ ပိုက်ဘောမိနေလိုက်တာ
မန္တလေးမြို့ရဲ့ အမြန်လမ်းမကြီးဘေးက လယ်မြေကို ကြည့်လိုက်ရင်သိနိုင်ပါတယ်
ကျောက်တိုက်လေတွေသာ စိုက်ထားရတယ်၊

ယခုသွားမြေဖို့၊ ခြံခတ်လုပ်ကြည့်လေ အရင်ခေတ်က ငွေဒဏ်ပေါ့၊
ယခုတော့ ထောင် ၁လ ချပြီး ၊စည်းကမ်းပျက် လယ်မြေ၊ယာမြေဖြစ်လို့
သီးစားချထားခွင့်တောင် ဆုံးရှုံးရတော့မယ်၊

နိုင်ငံတော်က ကားကြီးကွင်းစီမံကိန်းရှိလို နတ်ရေကန်ကျေးရွာအုပ်စုထဲက
လယ်မြေတွေကို သိမ်း၊ လျှော်ကြေးပေးခဲ့တာပေါ့၊
နံမည်ကြီးတဲ့ (ဝဝ)မြေကွက်တွေပေါ့
ပိုင်ရှင်ရှိတယ်ဆိုတဲ့ ဆိုင်ဘုတ်တွေချိတ်ထား၊
ခြံတွေခတ်၊လယ်မြေတွေကို မစိုက်တော့ဘဲ
အနီးနားက မြေကွက်တွေကို ကြည့်ပြီး ဈေးကောင်းကောင်းနဲ့
ရောင်းချချင်တဲ့ လောဘစိတ်ကို မသတ်နိုင်၊ အင်း......

ဘာထူးလည်း ၂၀၁၂မှ ပေါ်လာတဲ့ ကျောက်စိမ်းဘုရား၊
ကမ္ဘာမှာ ယခုမှာပေါ်လာတာ၊
ကျောက်စိမ်းဈေး ဆောက်မည့်နေရာပေါ့ဗျာ..
သွားလို့ရတဲ့ လမ်းတွေက မြစ်ငယ်-စစ်ကိုင်း ဖြတ်လမ်းပေါ်
အမြန်လမ်းကြီးရဲ့ အနောက်ဘက်
အဲဒီကျောက်စိမ်းဘုရားအနားက လယ်မြေ၊ယာမြေတွေလဲ
ရောင်းချတဲ့သူတွေက အများသာ၊ သိန်း ဘယ်လောက်နဲ့ရောင်းမှာ
ရောင်းတဲ့သူကရောင်း၊ ဝယ်တဲ့သူကဝယ် အမျိုးမျိုးပါပဲ

ယခုတော့ လျှော်ကြေးယူထားတဲ့သူတွေကို ခုတုံးလုပ်
နောက်ကနေ စီးပွားရေးသမား၊ပါတီနိုင်ငံရေးသမားတွေက
အမြတ်ထုတ်တာကိုမသိကြ...
ဟိုတိုင်၊ ဒီတိုင်၊သမ္မတထိစာရေးတိုင် လူပွကြီးတွေဖြစ်နေလိုက်တာ၊

ယခု သီးစားချထားခွင့်တွေ တနိုင်ငံလုံး (၃)လနှင့် အပြီး စိစစ်နေတော့
ယခင်လယ်လုပ်သူတွေက လယ်မြေကို သီးစားချထားခွင့် ပြန်လျှောက်ထားကြ၊
လျှော်ကြေးပေးထားတဲ့လယ်မြေ၊ တခြားသူကို ရောင်းချထားတဲ့လယ်မြေတွေကို
သီးစားပြန်လျှောက်ကြ၊ လယ်မြေကို ယခင်အမည်ပေါက်သူတွေက

လက်ရှိပိုင်ဆိုင်သူတွေကို လက်မှတ်မထိုးပေးချင်ကြ၊ လက်မှတ်ထိုးပေးရင်
သိန်း ဘယ်လောက်ပေါ့၊ ပြောမကုန်၊ ရေလို့မဆုံး ဇတ်ရှုပ်တွေက
လောဘတွေနဲ့ တိုက်ပွဲတွေပြင်ထန်လာနေတဲ့မြေကိစ္စတွေနဲ့
၂၀၁၃ ခေတ်သစ်ကို ကြိုဆိုလိုက်ပါတယ်.......