Saturday, January 19, 2013

ထမင်းရှင် တောင်သူလယ်သမား အတွက်

ထမင်းရှင် တောင်သူလယ်သမား အတွက်
သိထားသင့်သောအချက်များ

လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရေးအတွက်
သိရှိထားသင့်သော အကြောင်းအရာများ

တောင်သူလယ်သမား
သားစဉ်မြေးဆက်၊ အဆက်ဆက်
ဘဝအာမခံချက်ရရှိဖို့
လယ်ယာမြေလုပ်ပိုင်ခွင့်
မှတ်ပုံတင်ကြစို့

လယ်ယာမြေဆိုတာ ဘာတွေလဲ
လယ်ယာမြေဆိုတာ လယ်မြေ၊ယာမြေ၊ကိုင်းကျွန်းမြေ၊တောင်ယာမြေ၊
နှစ်ရှည်ပင်စိုက်ပျိုးသောမြေ၊ဓနိမြေ၊ဥယျာဉ်မြေဟု သော်လည်းကောင်း၊
ဟင်းသီးဟင်းရွက်၊ပန်းမန်စိုက်ပျိုးသည့်ခြံမြေဟု သော်လည်းကောင်း၊
မြေနုကျွန်းမြေဟု သော်လည်းကောင်း၊ သတ်မှတ်သည့်မြေများကိုဆိုလိုသည်။
ယင်းစကားရပ်တွင် မြို့နယ်နိမိတ်၊ကျေးရွာနယ်နိမိတ်အတွင်းရှိ
လူနေအိမ်ရာများ၊ဘာသာရေးအဆောက်အအုံနှင့် ပရဝဏ်များ၊
အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများမပါဝင်။
လယ်ယာမြေဥပဒေ အခန်း(၁)၊အပိုဒ်(၃)၊အပိုဒ်ခွဲ(က)

လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုတာဘာလဲ
လယ်ယာမြေလုပ်ပိုင်ခွင့်ဆိုသည်မှာ နိုင်ငံတော်သည်မြေယာအားလုံး၏
ပင်ရင်းပိုင်ရှင်ဖြစ်၍ လယ်ယာမြေကို စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရန်
အလို့ငှာ ဤဥပဒေ၊ ဤဥပဒေအရ ထုတ်ပြန်သည့်နည်းဥပဒေ၊
စည်းမျဉ်း၊စည်းကမ်းများနှင့်အညီ လက်ဝယ်ထား၍ စိုက်ပျိုးလုပ်ကိုင်အသုံးချခွင့်
ပြုခြင်းကိုဆိုသည်။သို့ရာတွင် မြေပေါ်မြေအောက်ရှိ ကျောက်မျက်၊သတ္တု၊ရေနံနှင့်
ဓာတ်ငွေ့ စသည့် သဘာဝသယံဇာတများ ထုတ်ယူအသုံးချခွင့်မပါဝင်။
လယ်ယာမြေဥပဒေ အခန်း(၁)၊အပိုဒ်(၃)၊အပိုဒ်ခွဲ(ဃ)

ဘာကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိဖို့လိုသလဲ
လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိရန်
သက်ဆိုင်ရာ ရပ်ကွက်(သို့)ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

လယ်ယာမြေကို လုပ်ပိုင်ခွင့် လျှောက်ထားခြင်း
လယ်ယာမြေကို အသုံးပြုခွင့်ရရှိထားသူသည် လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိရန်
သက်ဆိုင်ရာရပ်ကွက်(သို့)ကျေးရွာအုပ်စု လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှတစ်ဆင့်
မြို့နယ်ဦးစီးဌာနရုံးသို့ သတ်မှတ်ချက်များနှင့်အညီ လျှောက်ထားရမည်။

လယ်ယာမြေကို လုပ်ပိုင်ခွင့် လျှောက်ထားရမည့်နည်းလမ်း
ရပ်ကွက်(သို့)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင်
လယ်ယာမြေလုပ်ကိုင်ခွင့် လျှောက်လွှာ(ပုံစံ-၁)ကို
အခမဲ့ရယူလျှောက်ထားရမည်။
သက်ဆိုင်ရာ လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အဆင့်ဆင့်မှ
စိစစ်ပြီး မှန်ကန်ပါက ချိန်းဆိုသောနေ့တွင် မှတ်ပုံတင်ကြေး
ပေးသွင်းပြီးလျှင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်(ပုံစံ-၇)
ကိုရရှိပါမည်။

စည်းကမ်းချက်များ
အခန်း(၄)၊အပိုဒ်(၁၂)တွင် အချက်(၁၀)ချက်ကိုလိုက်နာရမည်။
ဒါအပြင် အရှုပ်အရှင်းဖြစ်လာလျှင် ဦးစီးဌာနတွင်မှတ်ပုံတင်ပြီးမှသာ
တရားဝင်ဖြေရှင်း ဆောင်ရွက်နိုင်ခွင့်၊ အစိုးရခွင့်ပြုချက်မရရှိဘဲ
နိုင်ငံခြားသား၊ နိုင်ငံခြားသားပါဝင်သည့်အဖွဲ့အစည်း၊ရောင်းချခြင်း၊ပေါင်နှံခြင်း၊
ငှားရမ်းခြင်း၊လဲလှယ်ခြင်း၊ပေးကမ်းခြင်းမပြုရ။


လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ၏ အခွင့်အရေးများ
လယ်ယာမြေဥပဒေ အခန်း(၃)၊အပိုဒ်(၉)
(က)လက်ရှိထားပိုင်ခွင့်၊အကျိုးအမြတ်ကိုခံစားပိုင်ခွင့်၊
(ခ)ရောင်းချခွင့်၊ပေါင်းနှံခွင့်၊ငှားရမ်းခွင့်၊လဲလှယ်ခွင်းနှင့်ပေးကမ်းခွင့်
(မြန်မာ့စီးပွားရေးဘဏ်တွင် ပေါင်းနှံခွင့်ရပါသည်။)
(ဂ)အမွေဆက်ခံခြင်း အငြင်းပွားမှုဖြစ်က တရားရုံး၏အဆုံးအဖြတ်ခံယူနိုင်ခွင့်၊
(ဃ)စည်းကမ်းချက် ဖောက်ဖျက်ခြင်းမရှိသရွေ့ လုပ်ပိုင်ခွင့်၊
(င)သမဝါယမ၊ပုဂ္ဂလိက၊
(စ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့်အညီ အကျိုးတူလုပ်ကိုင်ခွင့်။
(ဥပဒေပုဒ်မ၄မှ၉အထိ)တို့သည် မြေနုကျွန်းချထားခြင်းနှင့်မသက်ဆိုင်

ယခု လယ်ယာမြေဥပဒေဖြင့် ယခင်ကဥပဒေ(၃)ခုကို ရုပ်သိမ်းလိုက်သည်-
(က)၁၉၅၃ ခုနှစ်၊လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေးအက်ဥပဒေ၊
(ခ)၁၉၆၃ခုနှစ်၊သီးစားချထားရေးဥပဒေ၊
(ဂ)၁၉၆၃ခုနှစ်၊တောင်သူလယ်သမားအခွင့်အရေးကာကွယ်သည့်ဥပဒေ။

ခံစားချက်များ
ဒီလယ်ယာမြေဥပဒေကို တောင်သူလယ်သများ၏ လူမှုစီးပွားရေးဘဝ
မြင့်မားတိုးတက်ရေးရှေးရှု၍ ပြဋ္ဌာန်းထားသော ဥပဒေအတိုင်း တောင်သူလယ်သမား
အဖွဲ့အစည်းကို ဖွဲ့စည်းခွင့်ရတယ်။

ဥပဒေအခန်း(၁၃)၊အထွေထွေ အပိုဒ်(၃၉)ပါစကားအရ
ပြောရရင် လက်ရှိစီမံခန့်ခွဲမှုအဖွဲ့အဆင့်ဆင့်မှာ ပါတဲ့သူဖြစ်တဲ့
ကျေးရွာအုပ်စု(သို့)ရပ်ကွက် အုပ်ချုပ်ရေးမှူးက
ပြည်သူ့ဝန်ထမ်းဖြစ်သည်လို့ အဓိပ္ပါယ်ရောက်တယ်...
သူတို့ပြစ်မှုကျူးလွန်ရင် ဝန်ထမ်းစည်းမျဉ်းစည်းကမ်းအရ
အရေးယူလို့ရတဲ့ သဘောဖြစ်နေတယ်။

နောက်တခုက အစိုးရခွင့်ပြုချက်ရရင်(ခ) နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဥပေဒနှင့်
ညီညွတ်ရင် နိုင်ငံခြားသားနဲ့အကျိုးတူလုပ်လို့ရတယ်
ဒီလိုသာဆိုရင် နိုင်ငံခြားသားကစပါးလာစိုက်လို့ရပြီးနော်
နောက်တခုက မြန်မာဆန်၊ထိုင်းဆန်၊မလေးဆန်၊ တရုတ်ဆန်
ကိုယ့်ကြိုက်တာ ဝယ်စားလို့ရမဲ့အခြေအနေ ရောက်သွားမယ်။

စပါးဈေးကောင်းမှ တောင်သူတွေဘဝ လှပရတာ၊
ရာသီဥတုကမကောင်းတော့
ယခုဆိုရင် အကြွေးများတဲ့ တောင်သူတွေဖြစ်လာတယ်၊

ဒီဥပဒေအရ ဝန်ကြီးဌာနက စည်းကြပ်ကောက်ခံသည့်
အခွန်အခတွေကို မပေးဆောင်နိုင်ဘူးဆိုရင်
မြေခွန်မပြေကျန်ငွေ ဖြစ်ဘိသကဲ့သို့ ကောက်ခံရမည်။
ဒါက လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူ ပိုင်ဆိုင်တဲ့အရာတွေကို
သိမ်းဆည် လေလံတင်ထုခွဲပြီး အခွန်အခတောင်းလို့ရတဲ့သဘောပေါ့
လယ်ယာမြေကို သိမ်းဆည် လေလံတင်ခွင့်ရှိနေသလိုဖြစ်နေတယ်
တောင်သူတွေ သတိထားရမဲ့အချက်ပဲ
ငွေပမာဏကို မဖော်ပြထားဘူးဆိုတော့
အရေးကြီးသတိထားရမဲ့ အချက်ပဲ။

ကျေးဇူးရှင်တောင်သူလယ်သမားများကို ကျွန်တော်ပြောခြင်းတဲ့
အရေးကြီးအချက်က
လယ်ယာမြေဥပဒေ/နည်းဥပဒေ တွေကို လေ့လာမှတ်သားပါ၊
နောက်တခုက ဖြစ်နိုင်ရင်
မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဥပဒေ/နည်းဥပဒေ
တွေကိုလည်း လေ့လာမှတ်သားဖို့ပါ။

ဒီနှစ်ပေါ့။ ၂၀၁၂-၂၀၁၃ ကာလလေးအတွင်းမှာ
ဥပဒေတွေက အများကြီးပြောင်းလဲနေတယ်
ကျွန်တော်တို့သိထားတဲ့ ဥပဒေတိုင်လိုလို
ပြောင်းလဲနေတယ် ပြောရရင် ခေတ်နှင့်အညီ
ဥပဒေတွေကို ဖတ်ဖို့လိုလာပါတယ်။
လွှတ်တော်တွေမှာလဲ ပြင်ဆင်ဖို့လုပ်နေတဲ့
ဥပဒေတွေက အများကြီးဖြစ်နေတယ်

ယခင်က ဥပဒေတွေက အနှစ် ၂၀အထက်ကို အသုံးပြုခဲ့တာ
ယခုဒီဥပဒေအဟောင်းတွေက အသက်မရှိတော့ဘူး၊
နောက်မှ ယခုဥပဒေ မသိလို့ဆိုတာ မရတော့ဘူး။
ကိုယ့်က ဥပဒေကို မသိထားဘူး၊ မကြားဘူး လို့ဆိုရင်
ကိုယ့်အကျိုးပဲ နည်းသွားမယ်။

ဒီ post လေးက ဘယ်သူမှ အကျိုးနည်းဖို့မရည်ရွယ်ပါဘူး
တောင်သူလယ်သမားတွေ အကျိုးများဖို့ ရည်ရွယ်ပါတယ်။
ယခင်က တောင်သူတွေ ရရှိခဲ့တဲ့ အခွင့်အရေးတွေနဲ့
ယခု ဒီမိုခေတ်မှာ ရတဲ့အခွင့်ရေးတွေကို နှိုင်းယှဉ်သိရှိနိုင်မှာသာ
အကျိုးများမည်ဖြစ်ပါတယ်။

ဒီမိုကရေစီ(ပြည်သူ့အာဏာ)ခေတ်မှာ
ပြည်သူ့ကိုယ်စားလှယ်တွေက ပြုပြင်ထားတဲ့
ခေတ်မှီတဲ့ ဒီဥပဒေတွေကို မဖြစ်မနေ
သိဖို့အရေးကြီးပါကြောင်း ပြောပြပါရစေ ခင်ဗျာ...

(ကျမ်းကိုး လယ်ယာမြေဥပဒေ/နည်းဥပဒေ၊
မြေလွတ်/လပ်/ရိုင်းများစီမံခန့်ခွဲရေးဥပဒေ/နည်းဥပဒေ
လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန လက်ကမ်း)

ဒီ post လေးက ဘယ်သူမှ အကျိုးနည်းဖို့မရည်ရွယ်ပါဘူး
တောင်သူလယ်သမားတွေ အကျိုးများဖို့ ရည်ရွယ်ပါတယ်။
ယခင်က တောင်သူတွေ ရရှိခဲ့တဲ့ အခွင့်အရေးတွေနဲ့
ယခု ဒီမိုခေတ်မှာ ရတဲ့အခွင့်ရေးတွေကို နှိုင်းယှဉ်သိရှိနိုင်မှာသာ
အကျိုးများမည်ဖြစ်ပါတယ်။

No comments:

Post a Comment