Monday, March 12, 2012

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ (အပိုင်း ၂)

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ  (အပိုင်း ၂)

ဒီလို မြေဈေးတွေကြီးပြီး၊ မြေပိုင်ဆိုင်မှု ပြဿနာတွေ ဘာလို့
လူ့အသိုင်းအ၀ိုင်းတွေကြားမှာ ပြောလိုမပြီးနိုင်တဲ့ကိစ္စတွေ ဖြစ်နေရတာလဲဗျာ..

မြေပိုင်ဆိုင်မှု အထောက်အထားတွေကို ကြည်မယ်ဆိုရင်တော့
လန(၃၉)၊ လူနေထိုင်ခွင့်
(၁၀၉)၊ (၁၀၆) မြေပုံရေးကူးခွင့်
1A (မြို့ဂရန်မြေ)
ဘိုးဘပိုင်မြေ
မြေစလစ်
ပလပ်မြေ စတဲ့ လူသိများတဲ့ ကိစ္စတွေဖြစ်နေပြီး အဖြစ်အများဆုံး မြေပိုင်ဆိုင်မှု ပြဿနာတွေပေါ့

ဒီကာလတွေမှာ လန(၃၉)လျှောက်ထားမှု ပိတ်ထားတယ်
(၁၀၆)မြေပုံရေးကူးခွင့် ပိတ်ထားတယ်။
မြေစလစ် ပျောက်ဆုံးမှု လျှောက်ထားခြင်းကို ရပ်ထားတယ်... ဒီလိုသတင်းတွေလည်း လူအများ ကြားနေရတာလေ
ဘယ်မြေဂရန်ကတော့ ပိုင်ဆိုင်သူ (၂)ဦး ထပ်နေတယ်။ မြေဂရန် (၂)ခုဖြစ်နေတယ်။
ကုမ္ပဏီကစိုက်ပျိုးရေးအတွက် မြေနေရာ တင်တောင်းလိုက်တာ ရွာမြေတွေ ပါသွားတယ်။
မြေရာဇ၀င်တွေ ပေါက်ကြားနေပြီး ၊ ပိုင်ဆိုင်အထောက်အထားတွေက ရုံးလက်ခံမှတ်တမ်းတွေဖြစ်နေတယ်
စသဖြင့် စသဖြင့် မရိုးနိုင်တဲ့ ပြဿနာတွေ ကြားနေရတယ်လေ..

ဘယ်ရွာမြေကိုတော့ မြို့ဧရိယာထဲ ထည့်လိုက်တယ်။
အရင်လူကလုပ်သွားတယ် နောက်လူတစ်ယောက်ပြောင်းသွားတော့ ဒီကိစ္စ မလုပ်ဖြစ်တော့ဘူး
ဒီလိုနဲ့ ရွာနေ ပြည်သူတွေက ရွာမြေလား၊ မြို့မြေလားဆိုတာ  နားလည်က ခက်သွားတယ်။
ဒီဖြစ်ရပ်တွေကို သရက်ကုန်းရပ်ကွက်၊ ဘူးကုန်းစတဲ့ ရပ်ကွက်တွေမှာနေတဲ့ ပြည်သူတွေခံစားနေရတယ်။

ကားကြီးကွင်းတွေ မြို့ပြင်ထုတ်မယ်ဆိုပြီး ကားကြီးကွင်းတွေလုပ်
၀၀၊လလ  စတဲ့ မြေကွက်တွေ ရိုက်လိုက်၊ ၀ယ်လိုက်ကြတာ သိန်းထောင်ဂဏန်းကျော်သွားတယ်
လိုက်မေးတော့ ဘယ်ရပ်ကွက်ထဲမှာ ပါလဲ၊ ဘယ်သူမှ မသိဘူး၊ ဘယ်မြို့နယ် နယ်နမိတ်ထဲ ပါလည်း
ဘယ်သူမှ မသိဘူး၊ သိတဲ့သူကလည်း အထောက်အထားတွေ မပြနိုင်၊
မြေပုံစာရွက်ထဲမှာ ရှိနေတဲ့ မြေကွက်တွေဖြစ်နေတယ်။
မြေပုံရေးဆွဲသူကဌာနတစ်ခု၊  မြေဂရန်ချပေးတာက ဌာနတစ်ခု
မြေကွက်သွားဖော်တဲ့ ပြည်သူက မြေတိုင်းခေါ်သွား၊
အဲဒီမြေကွက်က တောင်သူနေတဲ့ အိမ်ဝိုင်းထဲမှာ သွားဖြစ်နေတယ်။
မြေကွက်ရသူနဲ့၊ တောင်သူ ပြဿနာဖြစ်ကြပါတော့တယ်။

လယ်မြေတွေကို မြေကွက်ရိုက် အစိုးရကသိမ်းလိုက်တော့
တောင်သူတွေ မကျေနပ်.... နစ်နာကြေးကနည်းနည်း
မြေကွက်ရသူတွေက သိန်းထောင်ဂဏန်းရကြတော့
မျှတမှုတွေမရှိတော့ နှစ်နားတဲ့ တောင်သူတွေ ပြဿနာရှာကြတော့တယ်။

လယ်မြေတွေသိမ်းခံရ နစ်နားသူ တောင်သူတွေက နစ်နားကြေးနည်းနည်းရ
ဒီလိုကိစ္စတွေ ဖြစ်တာ များလာတော့
လာပြီ ပြဿနာတွေ
တောင်သူတွေ စုဝေးပြီး ဒို့လည်းမြေကွက်ရသင့်တယ်
စုပေါင်းပြီးမြေကွက်တွေ ရိုက်ယူကြတယ်လေ...

ဒီလိုမျိုး အတိက်ကာလက မန္တလေးမှာ အမှန်တကယ်ဖြစ်ခဲ့တာ
ဥပမာ- ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်ပေါ့ဗျာ...

Saturday, March 10, 2012

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ
မြေဆိုလို့ တခြားမဟုတ်ပါဘူးနော်..
မြန်မာပြည်မှာ လူတစ်ယောက်၊ မိသားစုတစ်ခု နေထိုင်ဖို့
နေစရာ မြေရှိဖို့ လိုပါတယ်၊
တချို့က လှေပေါ်မှာ မြစ်ဆိပ်က လူတွေပြောတာပါ.
တချို့က ကြုံသလို မန္တလေးဘူတာကြီးအနီးနေတဲ့ လူတွေပြောတာပါ....
တချို့က လမ်းဘေးမှာ ဈေးချို တ၀ိုက်နားက လူတွေပြောတာပါ...
တချို့က လယ်ထဲမှာ ပုသိမ်ကြီးသွားတဲ့ လမ်းဘေးက လူတွေပြောတာပါ...

အများစုက မြို့ပေါ်မှာ နေစရာ နေရာရဖို့ မြေကို မတန်မဆဈေးကြီးပေးဝယ်နေရတယ်ဗျာ...

နေထိုင်မှုကိုလိုက်ပြီး မြို့နေလူတန်းစာနဲ့ ရွာနေလူတန်းစာ ဆိုပြီး(၂)ခု ခွဲလိုက်ကြပါစို့
မြို့မှာ နေချင်တယ်ဆိုရင်တော့
မြေကို ဈေးကြီးပေးဝယ်မှာလား....... တစ်လနဲ့တစ်လ၊ တစ်နှစ်နဲ့တစ်နှစ်
(၁၀)ဆ၊ အဆ(၅၀)၊အဆ(၁၀၀) တက်ထားတယ်ဆိုတာ အရင်းစုံစမ်းပါ
ပြီးမှ ၀ယ်ပေါ့နော်၊အင်မိ သွားမယ်

ဝန်ထမ်းတွေရတဲ့ မြေကွက်တွေကို ဈေးပေါပေါနဲ့ရှာဝယ်မလား၊
အရမ်းတော့ မ၀ယ်နဲ့နော် သတိထား၊ ဘာညာသာရကာတွေ ပါလာမယ်၊
လူကြီးနဲ့ ပတ်သက်သူတွေဆိုရင် (ဥပမာ- တရားမ၀င်ဇနီး၊ချစ်သူ၊ချစ်သူဟောင်း)တို့ဆိုရင်
သတိတော့ထားလေ ..... လူလည်ကြီးပဲလေ......

ကျွန်တော်ပြောတဲ့ထဲမှာ (၁၀)ဆ၊ အဆ(၅၀)၊အဆ(၁၀၀) ဆိုတဲ့စကား ပါသွားပါတယ်၊
ဘာလိုဒီလိုမြေဈေးနှုန်းတွေ တက်နေတာလဲဗျာ....

မြေဘယ်လိုရနိုင်လဲ...
လွန်ခဲ့သော နှစ်(၂၀)ကစပြီ
မန္တလေးမှာဆိုရင် ၀န်ထမ်း၊၀န်ထမ်း မိသားစု
လူကြီးနဲ့ ပတ်သက်သူတွေ ဒီလောက်ပဲ မြေတွေရရှိခဲ့ကြတယ်လေ...
(မယုံရင်လာကြည့် မန္တလေးမှာ ဗိုလ်ချုပ်ရွာဆိုတာ ရှိတယ်)
သာမန်လူတစ်ယောက်အဖို့ မြေဆိုတာ ဘယ်သွားရှာရမှာလဲ။

မြို့ထဲမှာရှိတဲ့လူတွေက တရုတ်တွေ ဈေးအဆမတန်ပေးတာတွေလက်ခံ
မြို့ပြင်မှာ ဈေးကြီးကြီးနဲ့ ဖြစ်သလိုပြန်ဝယ်လိုက်ရ.
မန္တလေးမှာ မြေဈေးကောင်းတယ်ဆိုပြီး ကိုယ်ကျိုးရှာသူတွေက မြေလိုက်ဝယ်
တရုတ်တွေကလည်း မြို့ထဲက မြေရောင်းထားသူတွေ
မြေမ၀ယ်ခင်က မြို့ပြင်ကမြေတွေ ၀ယ်ထား
အ၀ယ်လိုက်တယ်ဆိုပြီး မြေဈေးတွေ အဆမတန်ဈေးဆိုကြ

ဒါတွေကို မြို့ပြင်မှာ ၀ယ်သူက ၀ယ်လိုက်
၂သီးစားတွေကတော့ တရုတ်
၂ခါခံရသူကတော့ ကျွန်တော်တို့လို မြန်မာတွေပေါဗျာ...

လူပြောများတဲ့စကားလေတွေက မြန်မာတွေ မြို့ပြင်နေ၊ တရုတ်တွေမြို့ထဲနေ

ခေတ်စနစ်တွေ ပြောင်းသွားလို့ ဒီလိုမဖြစ်တော့ဘူး မထင်လိုက်နဲ့လေဗျာ..
၂၀၁၂ခုနှစ်၊က ပိုဆိုးတယ်..
ဘယ်စီမံကိန်းရှိလို့၊ ဘာ ဟိုတယ်ဆောက်မလို့၊ ဘာဆိုင်တွေ ဖွင့်မလို့
ဘယ်လိုကားကြီးကွင်းတွေ ဆောက်မယ်၊ အမြန်လမ်းနဲ နီးလို့

မြို့မြေ မပြောနဲ့၊ ရွာမြေ၊ ပလပ်မြေ၊ ယာမြေ ဆိုပြီး
အထင်မသေးလိုက်နဲ့ သိန်းထောင်ကဏန်း အောက်လိုက်မယ်ဗျာ...
(ဈေးကြီးလို့)

ဒီလိုသာထက်ဖြစ်နေရင် မြို့မှာ နေထိုင်ရတာ ခက်ခဲတာကြောင့်
ရွာမှာ လူဖြစ်ရတာ ကောင်းမယ်ထင်တယ်နော်.
ရွာဆိုလို ကောင်းမယ်မထင်နဲ့ ဆည်ဆောက်မယ်၊လမ်းဖောက်မယ်၊
သတ္ထူရှာဖွေမယ်၊ ဘယ် တပ်ဆောက်မှာမလို့ ရွာလုံးကျွတ် ရွှေ့ပြောင်းခံလိုက်ရမယ်နော်
ဒါကြောင့် ဘယ်မှာ လူဖြစ်ပြီး ဘယ်မှာ နေရာမယ်ဆိုတာ မတွေးရဲတဲ့အကြောင်း
ပြောရင်နဲ့ မိုးပေါ်ခုန်တက်ကလိုက်ခြင်းတယ်....မြေရယ်
ရပ်ကြပါတော့ ၊ အများပြည်သူတွေ နေထိုင်ရတာ လွယ်ကူအောင် လုပ်ပေးကြပါဗျာ။

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ  (အပိုင်း ၁)

Tuesday, February 21, 2012

မင်္ဂလာပါ

မင်္ဂလာပါ.  
စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံကြပါစေ.

လူမှုရေးအခက်အခဲများနှင့်blogspot.com ကို မြန်မာမှပိတ်ပင်မှုများကြောင့်
 iceos.blogspot.com ကို ရပ်နားထားခဲ့ရတာ 2008 ခုနှစ်ကပါ။
iceos ကိုရေးသားခဲ့စဉ်က မန္တလေးသတင်းများ၊ဖြစ်စဉ်များ၊ နည်းပညာများ၊
Game များကို ရေးသားခဲ့ပါတယ်။

၎င်းနောက် iceos.22web.net ဖြင့် နည်းပညာ အကြောင်းများကို ရေးသားခဲ့ပါတယ်။
အင်တာနက်ပေါ်မှာ Icefirester အမည်ဖြင့် နည်းပညာနှင့် မန္တလေးသတင်းများကို ရေးသားခဲ့ပါတယ်။

ယခုအချိန် ၂၀.၂.၂၀၁၂ က​စတင်ပြီး iceosmdy.blogspot.com စတင်လွှတ်တင်လိုက်ပါတယ်.. ခင်ဗျာ.. ယခင်ကလို အား​​​ပေးကြပါ.. iceosmdy.blogspot.com ကိုလည်း နည်းပညာ (ICT), Game , Softwareနှင့် ခံစားမှုရသအထွေထွေကို တင်ပြလိုပါတယ်။

ချစ်စွာသော ice