Monday, March 12, 2012

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ (အပိုင်း ၂)

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ  (အပိုင်း ၂)

ဒီလို မြေဈေးတွေကြီးပြီး၊ မြေပိုင်ဆိုင်မှု ပြဿနာတွေ ဘာလို့
လူ့အသိုင်းအ၀ိုင်းတွေကြားမှာ ပြောလိုမပြီးနိုင်တဲ့ကိစ္စတွေ ဖြစ်နေရတာလဲဗျာ..

မြေပိုင်ဆိုင်မှု အထောက်အထားတွေကို ကြည်မယ်ဆိုရင်တော့
လန(၃၉)၊ လူနေထိုင်ခွင့်
(၁၀၉)၊ (၁၀၆) မြေပုံရေးကူးခွင့်
1A (မြို့ဂရန်မြေ)
ဘိုးဘပိုင်မြေ
မြေစလစ်
ပလပ်မြေ စတဲ့ လူသိများတဲ့ ကိစ္စတွေဖြစ်နေပြီး အဖြစ်အများဆုံး မြေပိုင်ဆိုင်မှု ပြဿနာတွေပေါ့

ဒီကာလတွေမှာ လန(၃၉)လျှောက်ထားမှု ပိတ်ထားတယ်
(၁၀၆)မြေပုံရေးကူးခွင့် ပိတ်ထားတယ်။
မြေစလစ် ပျောက်ဆုံးမှု လျှောက်ထားခြင်းကို ရပ်ထားတယ်... ဒီလိုသတင်းတွေလည်း လူအများ ကြားနေရတာလေ
ဘယ်မြေဂရန်ကတော့ ပိုင်ဆိုင်သူ (၂)ဦး ထပ်နေတယ်။ မြေဂရန် (၂)ခုဖြစ်နေတယ်။
ကုမ္ပဏီကစိုက်ပျိုးရေးအတွက် မြေနေရာ တင်တောင်းလိုက်တာ ရွာမြေတွေ ပါသွားတယ်။
မြေရာဇ၀င်တွေ ပေါက်ကြားနေပြီး ၊ ပိုင်ဆိုင်အထောက်အထားတွေက ရုံးလက်ခံမှတ်တမ်းတွေဖြစ်နေတယ်
စသဖြင့် စသဖြင့် မရိုးနိုင်တဲ့ ပြဿနာတွေ ကြားနေရတယ်လေ..

ဘယ်ရွာမြေကိုတော့ မြို့ဧရိယာထဲ ထည့်လိုက်တယ်။
အရင်လူကလုပ်သွားတယ် နောက်လူတစ်ယောက်ပြောင်းသွားတော့ ဒီကိစ္စ မလုပ်ဖြစ်တော့ဘူး
ဒီလိုနဲ့ ရွာနေ ပြည်သူတွေက ရွာမြေလား၊ မြို့မြေလားဆိုတာ  နားလည်က ခက်သွားတယ်။
ဒီဖြစ်ရပ်တွေကို သရက်ကုန်းရပ်ကွက်၊ ဘူးကုန်းစတဲ့ ရပ်ကွက်တွေမှာနေတဲ့ ပြည်သူတွေခံစားနေရတယ်။

ကားကြီးကွင်းတွေ မြို့ပြင်ထုတ်မယ်ဆိုပြီး ကားကြီးကွင်းတွေလုပ်
၀၀၊လလ  စတဲ့ မြေကွက်တွေ ရိုက်လိုက်၊ ၀ယ်လိုက်ကြတာ သိန်းထောင်ဂဏန်းကျော်သွားတယ်
လိုက်မေးတော့ ဘယ်ရပ်ကွက်ထဲမှာ ပါလဲ၊ ဘယ်သူမှ မသိဘူး၊ ဘယ်မြို့နယ် နယ်နမိတ်ထဲ ပါလည်း
ဘယ်သူမှ မသိဘူး၊ သိတဲ့သူကလည်း အထောက်အထားတွေ မပြနိုင်၊
မြေပုံစာရွက်ထဲမှာ ရှိနေတဲ့ မြေကွက်တွေဖြစ်နေတယ်။
မြေပုံရေးဆွဲသူကဌာနတစ်ခု၊  မြေဂရန်ချပေးတာက ဌာနတစ်ခု
မြေကွက်သွားဖော်တဲ့ ပြည်သူက မြေတိုင်းခေါ်သွား၊
အဲဒီမြေကွက်က တောင်သူနေတဲ့ အိမ်ဝိုင်းထဲမှာ သွားဖြစ်နေတယ်။
မြေကွက်ရသူနဲ့၊ တောင်သူ ပြဿနာဖြစ်ကြပါတော့တယ်။

လယ်မြေတွေကို မြေကွက်ရိုက် အစိုးရကသိမ်းလိုက်တော့
တောင်သူတွေ မကျေနပ်.... နစ်နာကြေးကနည်းနည်း
မြေကွက်ရသူတွေက သိန်းထောင်ဂဏန်းရကြတော့
မျှတမှုတွေမရှိတော့ နှစ်နားတဲ့ တောင်သူတွေ ပြဿနာရှာကြတော့တယ်။

လယ်မြေတွေသိမ်းခံရ နစ်နားသူ တောင်သူတွေက နစ်နားကြေးနည်းနည်းရ
ဒီလိုကိစ္စတွေ ဖြစ်တာ များလာတော့
လာပြီ ပြဿနာတွေ
တောင်သူတွေ စုဝေးပြီး ဒို့လည်းမြေကွက်ရသင့်တယ်
စုပေါင်းပြီးမြေကွက်တွေ ရိုက်ယူကြတယ်လေ...

ဒီလိုမျိုး အတိက်ကာလက မန္တလေးမှာ အမှန်တကယ်ဖြစ်ခဲ့တာ
ဥပမာ- ရဲမွန်တောင်ရပ်ကွက်၊ မဟာအောင်မြေမြို့နယ်ပေါ့ဗျာ...

No comments:

Post a Comment