Saturday, March 10, 2012

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ
မြေဆိုလို့ တခြားမဟုတ်ပါဘူးနော်..
မြန်မာပြည်မှာ လူတစ်ယောက်၊ မိသားစုတစ်ခု နေထိုင်ဖို့
နေစရာ မြေရှိဖို့ လိုပါတယ်၊
တချို့က လှေပေါ်မှာ မြစ်ဆိပ်က လူတွေပြောတာပါ.
တချို့က ကြုံသလို မန္တလေးဘူတာကြီးအနီးနေတဲ့ လူတွေပြောတာပါ....
တချို့က လမ်းဘေးမှာ ဈေးချို တ၀ိုက်နားက လူတွေပြောတာပါ...
တချို့က လယ်ထဲမှာ ပုသိမ်ကြီးသွားတဲ့ လမ်းဘေးက လူတွေပြောတာပါ...

အများစုက မြို့ပေါ်မှာ နေစရာ နေရာရဖို့ မြေကို မတန်မဆဈေးကြီးပေးဝယ်နေရတယ်ဗျာ...

နေထိုင်မှုကိုလိုက်ပြီး မြို့နေလူတန်းစာနဲ့ ရွာနေလူတန်းစာ ဆိုပြီး(၂)ခု ခွဲလိုက်ကြပါစို့
မြို့မှာ နေချင်တယ်ဆိုရင်တော့
မြေကို ဈေးကြီးပေးဝယ်မှာလား....... တစ်လနဲ့တစ်လ၊ တစ်နှစ်နဲ့တစ်နှစ်
(၁၀)ဆ၊ အဆ(၅၀)၊အဆ(၁၀၀) တက်ထားတယ်ဆိုတာ အရင်းစုံစမ်းပါ
ပြီးမှ ၀ယ်ပေါ့နော်၊အင်မိ သွားမယ်

ဝန်ထမ်းတွေရတဲ့ မြေကွက်တွေကို ဈေးပေါပေါနဲ့ရှာဝယ်မလား၊
အရမ်းတော့ မ၀ယ်နဲ့နော် သတိထား၊ ဘာညာသာရကာတွေ ပါလာမယ်၊
လူကြီးနဲ့ ပတ်သက်သူတွေဆိုရင် (ဥပမာ- တရားမ၀င်ဇနီး၊ချစ်သူ၊ချစ်သူဟောင်း)တို့ဆိုရင်
သတိတော့ထားလေ ..... လူလည်ကြီးပဲလေ......

ကျွန်တော်ပြောတဲ့ထဲမှာ (၁၀)ဆ၊ အဆ(၅၀)၊အဆ(၁၀၀) ဆိုတဲ့စကား ပါသွားပါတယ်၊
ဘာလိုဒီလိုမြေဈေးနှုန်းတွေ တက်နေတာလဲဗျာ....

မြေဘယ်လိုရနိုင်လဲ...
လွန်ခဲ့သော နှစ်(၂၀)ကစပြီ
မန္တလေးမှာဆိုရင် ၀န်ထမ်း၊၀န်ထမ်း မိသားစု
လူကြီးနဲ့ ပတ်သက်သူတွေ ဒီလောက်ပဲ မြေတွေရရှိခဲ့ကြတယ်လေ...
(မယုံရင်လာကြည့် မန္တလေးမှာ ဗိုလ်ချုပ်ရွာဆိုတာ ရှိတယ်)
သာမန်လူတစ်ယောက်အဖို့ မြေဆိုတာ ဘယ်သွားရှာရမှာလဲ။

မြို့ထဲမှာရှိတဲ့လူတွေက တရုတ်တွေ ဈေးအဆမတန်ပေးတာတွေလက်ခံ
မြို့ပြင်မှာ ဈေးကြီးကြီးနဲ့ ဖြစ်သလိုပြန်ဝယ်လိုက်ရ.
မန္တလေးမှာ မြေဈေးကောင်းတယ်ဆိုပြီး ကိုယ်ကျိုးရှာသူတွေက မြေလိုက်ဝယ်
တရုတ်တွေကလည်း မြို့ထဲက မြေရောင်းထားသူတွေ
မြေမ၀ယ်ခင်က မြို့ပြင်ကမြေတွေ ၀ယ်ထား
အ၀ယ်လိုက်တယ်ဆိုပြီး မြေဈေးတွေ အဆမတန်ဈေးဆိုကြ

ဒါတွေကို မြို့ပြင်မှာ ၀ယ်သူက ၀ယ်လိုက်
၂သီးစားတွေကတော့ တရုတ်
၂ခါခံရသူကတော့ ကျွန်တော်တို့လို မြန်မာတွေပေါဗျာ...

လူပြောများတဲ့စကားလေတွေက မြန်မာတွေ မြို့ပြင်နေ၊ တရုတ်တွေမြို့ထဲနေ

ခေတ်စနစ်တွေ ပြောင်းသွားလို့ ဒီလိုမဖြစ်တော့ဘူး မထင်လိုက်နဲ့လေဗျာ..
၂၀၁၂ခုနှစ်၊က ပိုဆိုးတယ်..
ဘယ်စီမံကိန်းရှိလို့၊ ဘာ ဟိုတယ်ဆောက်မလို့၊ ဘာဆိုင်တွေ ဖွင့်မလို့
ဘယ်လိုကားကြီးကွင်းတွေ ဆောက်မယ်၊ အမြန်လမ်းနဲ နီးလို့

မြို့မြေ မပြောနဲ့၊ ရွာမြေ၊ ပလပ်မြေ၊ ယာမြေ ဆိုပြီး
အထင်မသေးလိုက်နဲ့ သိန်းထောင်ကဏန်း အောက်လိုက်မယ်ဗျာ...
(ဈေးကြီးလို့)

ဒီလိုသာထက်ဖြစ်နေရင် မြို့မှာ နေထိုင်ရတာ ခက်ခဲတာကြောင့်
ရွာမှာ လူဖြစ်ရတာ ကောင်းမယ်ထင်တယ်နော်.
ရွာဆိုလို ကောင်းမယ်မထင်နဲ့ ဆည်ဆောက်မယ်၊လမ်းဖောက်မယ်၊
သတ္ထူရှာဖွေမယ်၊ ဘယ် တပ်ဆောက်မှာမလို့ ရွာလုံးကျွတ် ရွှေ့ပြောင်းခံလိုက်ရမယ်နော်
ဒါကြောင့် ဘယ်မှာ လူဖြစ်ပြီး ဘယ်မှာ နေရာမယ်ဆိုတာ မတွေးရဲတဲ့အကြောင်း
ပြောရင်နဲ့ မိုးပေါ်ခုန်တက်ကလိုက်ခြင်းတယ်....မြေရယ်
ရပ်ကြပါတော့ ၊ အများပြည်သူတွေ နေထိုင်ရတာ လွယ်ကူအောင် လုပ်ပေးကြပါဗျာ။

မိုးပေါ်ခုန်တက် ကလိုက်ခြင်းတယ်....မြေ  (အပိုင်း ၁)

No comments:

Post a Comment