Monday, February 23, 2015

ကွန်ပျူတာ(၂)လုံးကို Network ချိတ်ဆက်အသုံးပြုခြင်း

ကွန်ပျူတာ(၂)လုံးကို Network ချိတ်ဆက်အသုံးပြုခြင်း

ဘယ်လိုရည်ရွယ်ချက်လဲ
ဦးစွာ စဉ်းစားရမဲ့အချက်ကတော့ ဘာကြောင့် computer Network ချိတ်ဆက်ရသလဲ
ကွန်ပျူတာ pc ထဲမှာ ရှိတဲ့
1.Files, programs, device, internet စတဲ့အချက်တွေကို ရယူသုံးစွဲချင်လို့လား
2.ကွန်ပျူတာအများအပြားရဲ့ လုပ်ဆောင်ချက်တွေကို ပူးပေါင်းဆောင်ရွက်
ရန်လိုအပ်လို့လား၊
3.လုံခြုံရေးအတွက်ကြောင့်လား
ဒီအပေါ်က(၃)ချက်ကို ကြည့်ပြီး မိမိလိုအပ်ချက်အပေါ်မှာ Network ကိုတည်ဆောက်ရယူရပါတယ်…

Network devices  တွေကို ဘယ်လိုရွေးချယ်မလဲ
ဒီကနေ့ မြန်မာဈေးကွက်ထဲမှာတော့ တရုတ်ပစ္စည်းလား၊ ထိုင်ဝမ်လား၊ ထိုင်းလား၊ အစရှိတဲ့
နိုင်ငံတွေကထုတ်လုပ်တဲ့ IP-link. Pro link, syscom, lin-sys စတဲ့ ထုတ်ကုန်အမှတ်တံဆိပ်တွေ
တွေ ရွေးချယ်နိုင်ပါတယ်..

အိပ်သုံးပစ္စည်းတွေအများစုကိုတော့ power DC အတွက်အသုံးပြုထားပြီး
စီးပွားရေးလုပ်ငန်းသုံးပစ္စည်းတွေကိုတော့ AC နဲ့ တိုက်ရိုက်ချိတ်ဆက်လို့
ရအောင် ပြုလုပ်ထားပါတယ်…

ကွန်ပျူတာ(၂)လုံးအတွက်
ကြိုးဖြင့်ဆက်သွယ်ရန်
UTP Cab5, 5e cable , ကတော့ သာမန် filesများကို စွဲယူသုံးစွဲရာမှအသုံးဝင်ပါတယ်
Speed 100Mbps လောက်တော့ ကောင်းကောင်းရနိုင်ပါတယ်..
Cab6 Cable ကတော့ လုပ်ငန်းသုံးအဖြစ်အသုံးပြုပြီး
အပြာရောင်ကြိုးလို့လူသိများပါတယ်… အဖြူရောင်ကြိုးပေါ်မှာတော့
Cab6  ရေးသားဖော်ပြထားပြီး Speed 1000Mbps အထိရရှိနိုင်ပြီး
Video လုပ်ငန်း၊ HDD တစ်လုံးမှ အခြားတစ်လုံးလို့ပေးပို့ရယူရာမှာ
အသုံးပြုကြပါတယ်… ကြိုးအရှည်ကိုတော့ 1M အတိုးဆုံးအသုံးပြုသင့် ပါတယ်…
ကြိုးသည် မီတာပေါင်းများစွာ ရှည်လေ Network Speed Mbps တွေကျဆင်း
တက်ပါတယ်..

ဈေးကွက်အတွင်းမှာ 1M ကို ၃၀၀၀ိကျပ်ကနေ ၅၀၀၀ကျပ် အထိရှိပါတယ်..
တရုတ်နိုင်ငံလုပ် 3M,5M,10M စတဲ့ Ready Made Cabel များလည်
ဝယ်ယူရရှိနိုင်ပါတယ်… Tybe A ခေါင်းညှပ်ထားတာ များပါတယ်..
မိမိကိုယ်တိုင်တပ်ဆင်သုံးစွဲလိုပါကလည်း ကြိုးမီတာအလိုက် ၀ယ်ယူနိုင်ပြီး
RJ45 ခေါင်းများကိုလည်း ပလပ်စတစ်ခေါင်း အကြည်ခေါင်းနဲ့ စတီးခေါင်းများကိုလည်း
ဝယ်ယူရရှိနိုင်ပါတယ်…

















Network RJ45 ခေါင်းများကို Cab Cable များနှင့် ချိတ်ဆက်ရာတွင်
Type A နှင့် Type B ခေါင်းညှပ်ခြင်း နှစ်မျိုးရှိပါတယ်…
အများဆုံးကတော့ Type A အသုံးများပါတယ်..
Type A နှင့် Type B ခေါင်းညှပ်ခြင်းဟာ ထူးခြားမှုတော့မရှိပါဘူး
(၈)ရောင် ကြိုးများကို(၁)ချောင်းခြင်းအလိုက်
pin နံပါတ်(နေရာ)ပြောင်းလဲချိတ်ဆက်ခြင်းဖြစ်ပါတယ်..

ကြိုးတစ်ချောင်းရဲ့ ခေါင်းနှစ်ဘက်ကို Type A နှင့် Type B ညှပ်လိုက်မယ်ဆိုရင်
Crow  Cable ဖြစ်သွားပြီး Switch. Router တို့ကို ပေါင်းစပ်ရမှာအသုံးပြုပါတယ်..

ကွန်ပျူတာ၂လုံးကို ပေါင်းစပ်ချိတ်မည်ဆိုရင်တော့ Crow  Cableနဲ့ချိတ်ဆက်
နိုင်ပါတယ်… speed ကတော့ အများအားဖြင့် နည်းပါတယ်..
ကုန်ကျစရိတ်အသက်အသာဆုံးဖြစ်ပါတယ်..
ကြိုး၁ချောင်းနဲ့ ခေါင်း၂ဘိုးပဲ ကုန်ပါတယ်…

RJ45 Plugs (F) များကိုတော့
ယနေ့ Mother Board ပေါ်မှာ အသင့်ပါပြီးဖြစ်ပါတယ်..
RJ45 Port  1ပေါက်မှ 2 ပေါက်အထိပါဝင်တက်ပါတယ်..
Speed 100Mbps ပေါက်တွေများပါတယ်..
အပြာရောင် Speed 1000Mbps ပေါက်နဲ့ အနီရောင်အပေါက်
များလည်းပါရှိတက်ပါတယ်…
ဒီနေရာ mother board ပေါ်မှာ ပါတဲ့အပေါက်က 100 နဲ့အလုပ်လုပ်ရင်
ကြိုးက UTP Cab 6 , တခြား ကွန်ပျူတာက 1000Mbps ဖြစ်နေရင်
Speed ကတော့ 100Mbps ပဲရမှာဖြစ်ပါတယ်...
ချိတ်ဆက်ပစ္စည်း အားလုံး 1000Mbps အလုပ်လုပ်မှာသာ
1000Mbps ကိုရရှိမှာဖြစ်ပါတယ်...

တချို့ ကွန်ပျူတာသမားတွေကတော့ Speed အတွက်နှင့်
လုံခြုံရေးတို့အတွက် သီခြား NIC cardတွေကို စိုက်ယူအသုံး
ပြုကြပါတယ်…
(ဥပမာ… ADSL ကို NIC card နဲ့အသုံးပြုပြီး ရုံး/အိမ်/လုပ်ငန်းအတွင်းရှိ
ကွန်ပျူတာများကို ချိတ်ဆက်ရာမှတော့ အသင့်ပါပြီး RJ45 အပေါက်များ
ကိုအသုံးပြုပါတယ်….)
သဘောကတော့ Network ချိတ်ဆက်မှုကို သီးခြားစီခွဲထုတ်လိုက်ခြင်း
ဖြစ်ပါတယ်…

အများအားဖြင့်တော့ server အသုံးပြုသူတွေကတော့ NIC cardကို
၂ခု သို့မဟုတ် ၃ခု အသုံးပြုတက်ကြပါတယ်..
အ၀င်က တခု၊ အထွက်က တခု ခွဲခြားထားတဲ့သဘောပါ…
(input, Output )ကို ခွဲခြားလိုက်ခြင်းဖြစ်ပါတယ်…
ဈေးကွက်အတွင်း  Switch. Router တို့မိမိစိတ်ကြိုက်လွယ်ကူစွာဖြင့်
4 post 8post 16 post 24 post  ရွေးချယ်ဝယ်ယူနိုင်ပါတယ်…

Ip address:
ကွန်ပျူတာ တစ်လုံးစီအတွက် ICP/IPv4)ကို
192.168.200.1 or 192.168.200.2 ပေးလို့ရပါတယ်
Class C အုပ်စုထဲကပေါ့ ဒီလိုပေးရတဲ့သဘောကတော့
Ip များနီးကပ်စွာတည်ရှိနေမှ computer သို့ switch တို့မှ
ရှာဖွေရာတွင် လွယ်ကူစေပါတယ်..

Subnet mask: ဆိုတာကတော့ Network ကိုပိုင်းခြားလိုက်တဲ့
ဘောပါ 255.255.255.0 ဆိုရင် ကွန်ပျူတာပေါင်း ၂၅၅လုံးခန့်
သုံးမယ်ဆိုတဲ့သဘောပေါ့. ဒါကတော့ လူအသုံးအများဆုံးကို
ဖော်ပြလိုက်တာဖြစ်ပါတယ်…
Network ချိတ်ဆက်မယ်ဆိုရင် IP, Subnet တွေကိုယ်တိုင်
သတ်မှတ်ပေးခြင်းက စိတ်ချရပါတယ်…

တချို့ကတော့ window ကလုပ်ဆောင်ပေးတဲ့အတိုင်းအသုံးပြုကြ
ပါတယ်…ဒီနေရာမှာ ဘာအားနည်းသွားလဲဆိုတော့
Run ကနေ IP ကိုထည့်ပြီး စက်တွေကိုခေါ်ရမှ ရရှိနိုင်ခြင်းမရှိတော့လို့ပါ.
တချို့ကတော့ computer name ကို ထည့်ခေါ်ကြပါတယ်။
ဥပမာ Run ကနေ \\new  \\office စသဖြင့် ခေါ်ယူသုံးစွဲကြပါတယ်.

Network ချိတ်ဆက်ရာမှာ computer name တွေတိကျစွာသတ်မှတ်ပေးခြင်းက
များစွာအကျိုးရှိပါတယ်..
ဥပမာ ရုံးသုံး အများသုံး ကွန်ပျူတာမှာဆိုရင် စာတစ်စောင်ရိုက်ထားတယ်
လိပ်စာ new , office စတဲ့စက်အမည်တွေကို စာရွက်ရဲ့ အောင်၊ဘေးတွေမှာ
ထည့်ပေးလိုက်ရင် ရှာဖွေရတာ မြန်ပါတယ်…ကိုယ်ကမအားလပ်လို့ တနေရာကို
သွားမယ်ပေါ့ ဘယ်စက်တဲ့က ဘယ်ဖိုင်ထဲမှာ စာရိုက်ထားတယ်လို့ မှာလိုက်ရင်
နောက်လူတွေ ရှာဖွေ ပြင်ဆင်ရာမှာ လျှင်မြန်လွယ်ကူစေပါတယ်..
ထို့အပြင် computer A ထဲမှ ဖိုင်တခုကို computer B ကနေဆွဲယူပြင်ဆင်
ရာတွင် များစွာလယ်ကူစေပါတယ်..

နောက်တခုက DC သုံးမှာလား၊ Workgroup: သုံးမှာလား
Workgroup: သုံးမယ်ဆိုရင် တူညီတဲ့ name ကို စက်၂ခုစလုံးမှာ
သုံးစွဲလို့ရပါတယ်….ဥပမာ OFFICE ဆိုပါတော့ အလုပ်လုပ်မဲ့
အုပ်စုတွေကို သတ်မှတ်လိုက်တာဖြစ်ပါတယ်…
ကြီးမားသော Network အုပ်စုတွေမှာ Workgroup တွေတူညီမှုမရှိတာကို
တွေ့ရပါတယ်..ဥပမ(အရောင်းက တစ်အုပ်စု၊ ထုတ်လုပ်ရေးက တစ်အုပ်စု )
Group ခွဲခြားသတ်မှတ်လိုက်ခြင်းဖြစ်ပါတယ်…

အထက်ဖော်ပြပါ IP ,Subnet, computer name, Workgroup
စတဲ့အချက်တွေကို ကောင်းစွာသတ်မှတ်လိုက်ခြင်းကို
SAM သတ်မှတ်ခြင်းလို့ခေါ်ဆိုပါတယ်....
Window NT Base ပြုလုပ်ထားပြီး XP နှင့်အထက် OS များတွင်သာ
ရရှိနိုင်ပါတယ်.... လုံခြုံမှုရှိပါတယ်..

User Account ကိုလည်း တူညီတဲ့ User Account
password: ကိုလည်း တူညီတဲ့ password ထည့်သွင်းထားပြီး
အလိုရှိရာစက်မှ ဆွဲယူသုံးစွဲလို့ရပါတယ်...

User တစ်ယောက်ကို မိမိကွန်ပျူတာပေါ်တွင် files များကို share
အသုံးပြုရာတွင်
Local : FC , Share R ပေးထားရင် Networkဆွဲသုံးရာမှာ R ကိုသာရနိုင်ပါတယ်...
file ကို Read လုပ်နိုင်ပါတယ်...

Local : R , Share FC ပေးထားရင် Networkဆွဲသုံးရာမှာ R ကိုသာရနိုင်ပါတယ်...
file ကို Read လုပ်နိုင်ပါတယ်...(SAM)စနစ်ပေါ်တွင်သာ ရရှိနိုင်ပါတယ်...
(NTFS) စနစ်ကြောင့် ရခြင်းကို ပြောတာပါ...
လုံခြုံရေးကောင်းကြောင်း ဖော်ပြလိုက်ခြင်းဖြစ်ပါတယ်...

Share ယူသုံးစွဲခြင်း
ဒီ share ယူသုံးစွဲခြင်းကတော့ Network အသုံးပြုရခြင်းရဲ့
အဓိကအချက်ပဲဖြစ်ပါတယ်.. အများအားဖြင့်တော့
File ကို ဆွဲယူခြင်း၊ printer ထုတ်ခြင်း၊ မိတ္တူကူးစက်
ဖြင့် print ထုတ်ခြင်း၊ scan ဖတ်ခြင်း၊ စာအုပ်ပုံစံ စာအုပ်ချုပ်ခြင်း
များကို ဆောင်ရွက်လို့ရပါတယ်…

တကယ်တော့ အထက်ဖော်ပြပါ ရေးသာချက်များဟာ
Network အသုံးပြုတော့မယ်ဆိုရင် မဖြစ်မနေသတ်မှတ်ဆောင်ရွက်
ရခြင်းဖြစ်ပါတယ်…Network Base ဆိုရင်လည်း မမှားပါဘူး
ဒီအဆင့်တွေ ကျော်လွှာလို့မရပါဘူး

Network ဆိုတာ တကယ်လွယ်ကူလှပါတယ်..
တဆင့်ပြီး တဆင့် မှန်မှန်ကန်ကန်လုပ်ရင် တည်ငြိမ်တဲ့ Networkကို
ရရှိစေမှာဖြစ်ပါတယ်..
Network သုံးပစ္စည်းများကို စီမံခန့်ခွဲရာမှ CCNA ပညာရှင်အဆင့်ထိ
ရောက်ရှိလာနိုင်သလို့ Network OS တွေကို ကောင်းစွာထိန်းသိမ်းရာမှ
ယနေ့ Exchange , Internet , Security, Mail စတဲ့ပညာရပ်တွေနဲ့
ပတ်သက်သည့် MCSA, MCPA ,MCSE စတဲ့ ပညာရှင်တွေဖြစ်ပေါ်လာနိုင်ပါတယ်…
ဒါကတော့ ပညာရှင်အဆင့်ကိုရောက်စေတဲ့အချက်ပဲဖြစ်ပါတယ်..

ကျွန်တော်ပြောခြင်းတာကတော့ အသေးစိတ်ဂရုစိုက်ပါ..
ကွန်ပျူတာတွေကို Network စတင်အသုံးပြုတော့မယ်ဆိုရင်
နောက်ထပ်ဘယ်လောက်ကြီးမားကျယ်ပြန့်လာမလဲဆိုတာ
စဉ်းစားထားတာ ပိုကောင်းပါတယ်….
ကြိုးကလေးတစ်ချောင်း ဟိုဘက် ဒီဘက်ထိုးလိုက်ရင်ဖြစ်တာပါပဲ…
သို့ပေမဲ့ တိကျစွာ မိမိကိုယ်တိုင် သတ်မှတ်ပြီး ဆောင်ရွက်လိုက်ရင်
ပိုမကောင်းဘူးလား

Blutooth , Wi-fi , Phone Cable, USB Cable များဖြင့်
ဆက်သွယ်ဆောင်ရွက်ခြင်းကိုလည်း Networkချိတ်ဆက်လို့ရပါတယ်..

နောက်ထပ် Network နှင့်ပတ်သက်သည့် စာများရေးသားခွင့်ပြုပါ...