Tuesday, June 25, 2013

OS တစ်ခုကို မျှော်….

OS တစ်ခုကို မျှော်….
Desktop ကွန်ပျူတာသမားတွေဟာ
windows7 32bit & 64 bit ကိုသာအဓိကထားသုံးနေရတယ်
Stable ဖြစ်တဲ့ Win7 32bit ကိုသာ မှီခိုနေရတယ်။
Win7 ဟာ ထွက်ပေါ်လာတာ အချိန်ကြာမြင့်လာသည့်အမျှ
လုံခြုံရေးနှင့်သက်ဆိုင်တဲ့ Virus,hole တွေ၊ အားနည်းချက်တွေ
များစွာရှာတွေ့လာကြတယ်။
Microsoft ကလည်း Service part တွေ၊ KB တွေများစွာထွက်လာခဲ့တာ
ဒါတွေကို လိုက်လုပ်နေရတဲ့အတွက် တည်ငြိမ်လှတဲ့ Windows မဖြစ်ခဲ့ဘူး
နေ့စဉ်၊အပတ်စဉ် Update လိုက်လုပ်နေရတယ်ဗျာ…၊
Windows အသစ်တင်ပြီးသွားရင် Security တွေမြင့်လိုက်ရတာ
အချိန်ကုန်တယ်ပေါ့ဗျာ…(၁)

64bit ကလည်း ကောင်းပါတယ်။ မြန်ပါတယ်
သို့သော Hardware Driver ပြဿနာ
တွေရှိနေတဲ့အတွက် ကောင်းသော်လည်း အသုံးပြုရန်ခက်နေကြတယ်။(၂)

Win7 စတင်ထွက်ပေါ်လာချိန်၌
ယခင်က LGA 775 စခဲ့တာ ယခု ဆိုရင်
LGA 2011-3(22nm,2nd generation) ကိုရောက်နေပြီး
ယခင်က Corei3 လောက်နဲ့စခဲ့တာ ယခု i7 4th  အဆင့်ကိုရောက်နေပြီး
ယခင်က DDR2 ခေတ်ကနေ ယခု DDR4 2133 ကိုရောက်နေပြီး
USB 2.0 မှသည် USB 4.0
HDD 500GB မှသည် HDD2T သို့အဆင့်ဆင့်တိုးတက်လာတယ်။
HDD မှသည်လည်း SSD စနစ်သို့ ပြောင်းလဲပြီး
တိုးတက်လာတဲ့ Motherboard နည်းပညာ၊ အအေးခံစနစ်
Overclocking နည်းပညာတွေ တိုးတက်လာတဲ့အတွက်ကြောင့်
လူတွေက ပိုမိုကောင်းမွန်တဲ့၊အသုံးပြုလွယ်တဲ့ OS ကိုလိုချင်ကြတယ်ဗျာ....(၃)

Win7 မှ Win8 ကိုပြောင်းလဲသွားတဲ့အချိန်မှာ Win7 user တွေကျန်ခဲ့တယ်။
Win7 32bit ကိုသုံးပြီး Hardware မြင့်မြင့်သုံးနေတဲ့ user တွေဟာ
ဒီထက်ကောင်းမွန်တဲ့ Windows ကိုအလိုရှိနေကြတယ်။
Game user တွေဟာ စက်ကဘယ်လောက်မြင့်မြင့်
Windows ကမလိုက်လာပြန်တော့ ငွေကုန်၊ပစ္စည်းအလေ့အလွင့်ဖြစ်ရတယ်။
အနီးစပ်ဆုံးပြောရရင် တချို့ဆို Memory 8G အထိအသုံးပြုကြတယ်။
ဒါပေမဲ့ Win7 32bit ကိုသုံးတော့ အပြည့်အသုံးပြုလိုမရဖြစ်နေတယ်။
တချို့ DDR4 Graphics Cards (Highest Discrete Graphics Performance)
တွေဆိုရင် စွမ်းဆောင်ရည်ကောင်းသော်လည်း
Windows မလိုက်လာတော့ ငွေကုန်ရကျိုးမနပ်ဘူးပေါ့ဗျာ…(၄)

ဒါကြောင့် လူအများရဲ့ လိုလားမှုတောင်းတမှုအတွက်
ခေတ်မီစက်ပစ္စည်းများနှင့် ကိုက်ညီမှုရှိတဲ့ Windows OS ကို
မျှော်လင့်လျက်ရှိပါကြောင်း …….

Sunday, June 16, 2013

မြန်မာ့ဒီမိုကရေစီအလင်းတန်းများပွင့်လင်းလာချိန် အမှောင်ထု၏အရိပ်က အန္တရာယ်ပြု

မြန်မာ့ ဒီမိုကရေစီအလင်းတန်းများပွင့်လင်းလာချိန်
အမှောင်ထု၏အရိပ်က အန္တရာယ်ပြု


ဒီမိုကရေစီစနစ်ကျင့်သုံးမှုမှတ်တမ်း
ယနေ့ မြန်မာနိုင်ငံအနေဖြင့်
အုပ်ချုပ်ရေးပုံစံကို ပြည်သူဗဟိုပြုပုံစံ
ဒီမိုကရေစီစနစ်ကို ပြောင်းလဲကျင့်သုံးလာတာ (၃)နှစ်ပြည့်တော့မည်
ဖြစ်ပါတယ်။ ဒါယာ မြန်မာအုပ်ချုပ်ရေးစနစ်သမိုင်းမှာ
ဒုတိယအကြိမ်မြောက် ဒီမိုကရေစီကို ပြန်လည်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
(ပါလီမန်ဒီမိုကရေစီခေတ်၊ပါတီစုံဒီမိုကရေစီခေတ်)

အင်အားကြီးသူတို့၏အခြေအနေ
စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီစနစ်ကို ပြောင်းလာတဲ့အချိန်မှာ
နောက်ပြန်လှည့်လိုတဲ့အုပ်စု၊ခရိုနီအုပ်စု၊
မြန်မာစစ်ဘေးတွေကနေ အမြတ်ထုတ်လိုတဲ့တရုတ်နိုင်ငံ၊
မြန်မာ့ပြည်တွင်းရေးကို ၀င်ရောက်ချယ်လှယ်လိုတဲ့နိုင်ငံ၊
သမ္မတဖြစ်လိုမှုတွေ၊အခြေခံဥပဒေပြင်ဆင်ရေးတွေ
ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့်ဆင်းရဲနွမ်းပါးမှုပပျောက်ရေး
အဂတိလိုက်စားမှုပပျောက်ရေး၊
လူ့အခွင့်ရေးစသဖြင့် အင်အားကြီးမားမှုတွေက ပြိုင်ဆိုင်လာတယ်။
ဆန္ဒပြမှုတွေလည်း နည်းလာတယ်။

ပြည်တွင်းအခြေအနေ
လူမျိုးရေးပြဿနာ၊ ဘာသာရေးပြဿနာတွေကိုအကြောင်းပြုပြီး
မြန်မာ့ဒီမိုကရေစီ အစပျိုကာလမှ အများပြည်သူတွေနဲ့ပတ်သက်ပြီး
ပထမဆုံး ထိခိုက်မှုအများဆုံး၊စိုးရိမ်မှုအများဆုံး၊ကြီးထွားလာတဲ့ပြဿနာ
ဘဲဥအစရှာမရတဲ့ ပြဿာနာတွေကြောင့် မြို့ပေါင်းများစွာပျက်စီးခဲ့ရတယ်။
လူပေါင်းများစွာ သေခဲ့၊အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရတယ်

တိုင်းရင်းသားတို့၏ပြည်ထောင်စုမှခွဲထွက်လိုမှု
ကချင်ပြည်နယ်က တိုင်းရင်းသားတွေက
သူတို့ဒေသကထွက်တဲ့ ကျောက်စိမ်း၊ကျွန်း၊သစ်တောထွက်ပစ္စည်း
ရေအားလျှပ်စစ်၊ရွှေ စတဲ့အရာတွေကို နေ့စဉ်ထုတ်ယူနေကြပြီ
သူတို့ဒေသဟာ ယနေ့အထိ ဆင်းရဲနေတယ်။
အခြားဒေသတွေလို မြို့ကြီးပြကြီးဖြစ်မလာခဲ့ဘူး၊
ကချင်တို့ရဲ့ ကိုယ်ပိုင်ပညာရေး၊ကျောင်း၊တက္ကသိုလ်စတဲ့
အချက်တွေကလည်း သူတို့အတွက် ထွက်သွားတဲ့ပစ္စည်းထက်
ဝင်လာတဲ့ အရာတွေက အလွန်မှကိုနည်းပါးလာတယ်။
ဆယ်စုနှစ်များစွာ ဒုက္ခခံရလာတော့ ယနေ့ခေတ်ကာလအခြေအနေမှာ
တိုင်းပြည်ကနေ အဓိကအားဖြင့် ခွဲထွက်လိုလာတယ်။
တရုတ်နဲ့ပေါင်းပြီး ကိုယ်ပိုင်လမ်း၊တက္ကသိုလ်၊ စာသင်ကျောင်း၊
အဆင့်မြင့်စစ်လက်နက်၊လက်နက်စက်ရုံစတဲ့
အခြေခံအဆောက်အအုံးကို တိုးချဲ့လိုလာတယ်။
စိုက်ပျိုးရေးနဲ့ ပတ်သက်ပြီး ဘိန်းကို တရုတ်တို့အတွက်
အဓိက စိုက်ပျိုးပေးတဲ့နေရာဒေသဖြစ်လာတယ်။

နယ်နမိတ်ထိစပ်မှုများပြားပြီး မြန်မာပိုင်မြေနေရာဒေသလို့
ပြောရခတ်လာတဲ့ နေရာတွေများပြားလာပြီး
နယ်နိမိတ်မှတ်တိုင်တွေကို နေရာဒေသ၏သမိုင်း
အထောက်အထားများအဖြစ် မြင်တွေ့ရန်ခတ်ခဲလာတယ်။
ကချင်တပ်ဖွဲ့တွေဟာ စစ်ဖြစ်ပွားတဲ့အချိန်ကာလမှာ
ပြည်ထောင်စုပိုင် တံတား၊လမ်း၊ရထား၊အစိုးရအဆောက်အဦ
ရုံး၊ရဲစခန်းတွေကို အဓိကထား တိုက်ခိုက်၊သတ်ဖျတ်ခဲ့တယ်။
သူတို့ရဲ့ လူနည်းစုတွေ အနည်းငယ်မျှသာ ထိခိုက်ခဲ့တယ်။
ဒီသာဓကတွေကို နမူနာယူပြီး အခြားတိုင်းရင်းသားတွေ
ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဒေသတွေကလဲ
မပြောရဲလို့သာ မပြောကြတာ
တကယ်တော့ ပြည်ထောင်စုကနေ ခွဲထွက်လိုမှုကို
အကြောင်းရှာလာတော့တယ်။

တချို့တိုင်းရင်းသားလက်နက်ကိုင်တွေကလည်း
အခြေခံဥပဒေကြောင့် တိုင်းရင်းသားတွေနဲ့
ငြိမ်းချမ်းရေးမရနိုင်တာလို့ ဝေဖန်လာတယ်။

အခြေခံဖွဲ့စည်းပုံကြောင့်ဖြစ်ပေါ်လာတဲ့
ကိုယ်ပိုင်အုပ်ချုပ်ရေးခွင့်ရတိုင်း ကလည်း
အခြား တိုင်းဒေသကြီးနှင့်ပြည်နယ်တွေလို
အဆင့်တူ ဒေသတစ်ခုအဖြစ် သတ်မှတ်စေခြင်းတယ်။
အများက အသိအမှတ်ပြုစေချင်ကြတယ်။
လူတစ်ချို့ကလည်း အခြေခံဥပဒေ အရ
နေပြည်တော်ကို ပြည်ထောင်စုနယ်မြေအဖြစ်
သတ်မှတ်မှုကို နားမလည်နိုင်ဘဲဖြစ်နေတယ်။

သဘာဝဘေးအန္တရာယ်ကျရောက်မှု
မဟာစင်(မုန်းတိုင်)လက်ကနေ လွတ်မြောက်လာခဲ့တယ်။
နာဂစ်၊သပိတ်ကျင်းငလျင်၊မိုးခေါင်းရေရှားပါးမှုပြဿာတွေကလည်း
ယနေ့အထိ ပြည်သူတွေခံစားနေရတဲ့
အခက်အခဲတွေဖြစ်တယ်။

ပြည်တွင်း/ပြည်ပမှာလည်း အမျိုးသားရေးစိတ် တိုးတက်လာခဲ့သလို
ပြည်ပနိုင်ငံ(ဘာသာခြား)တိုင်းပြည်တွေက မြန်မာတွေကို
ပစ်မှတ်ထားကာ နိုင်ငံအလံ၊ခေါင်းဆောင်တွေနဲ့၊
သံရုံးများ၊ မြန်မာများကို မထင်ရလောက်အောင် ဒုက္ခပေးလာခဲ့တယ်။
ပြည်ပနိုင်ငံတွေမှာ မြန်မာတွေသတ်ခံရတယ်ဆိုတာ
ယနေ့ခေတ်အချိန် ပထမဆုံးကြားရ၊မြင်ရတော့တယ်။
(အမေရိကန်တို့နှင့် ဆက်ဆံရေးကောင်းမွန်လာတဲ့အချိန်)
အရှေ့အလယ်ပိုင်းနိုင်ငံတွေက ရန်သူလိုသတ်မှတ်လာတယ်။
ဘာသာရေးကို လျှို့ဝှက်လက်နက်တစ်ခုအဖြစ် သူတို့သုံးလာတယ်။
ဒီမိုကရေစီခေတ်မှာ လာရောက်လည်ပတ်မှု စီးပွားရေးပူးပေါင်းမှုတွေ
နည်းလာတယ်။

အစိုးရရဲ့ပွင့်လင်ထင်သာမှုရှိမှု၊ ဒီမိုကရေစီအကောင်အထည်ဖော်မှု
တွေကို အပြုသဘောဆောင်ပြီး
နိုင်ငံတကားအကူအညီတွေကိုလည်း မထင်ရလောက်အောင်
ရရှိခဲ့တယ်။
မြန်မာ့သမိုင်းဒီလိုပြောင်းလဲမယ်လို့ ဘယ်သူကမှ
မထင်ရလောက်အောင် ပြောင်းလဲခဲ့တာ
ကမ္ဘာက အသိအမှတ်ပြုခဲ့ရတယ်။
ကမ္ဘကမဖြစ်နိုင်ဘူးဆိုတာထက် ပိုလုပ်ပြလာတယ်။

မီဒီယာတွေကလည်း တိုးတက်လာတယ်။
မီဒီယာအချို့ ရည်ရွယ်ချက်မရှိတဲ့အတွက်
ပြည်သူတွေကို အဓိကမထားပဲ
သူတို့နေရာရရေး ၊ စောင်ရေ တိုးတက်ရေးကိုပဲ
အဓိကထားကာ အမျိုးသမီးပုံများကို မဂ္ဂင်း၊ဂျာနယ်
စာစောင်တွေရဲ့ မျက်နှာဖုံ(Cover)၊ အတွင်းစာမျက်နှာတွေ
မှာ မြန်မာယဉ်ကျေးမှုနှင့် မသင့်လျော်သော ပုံများ
ဖော်ပြ ပုံနှိပ်လာတယ်။

ပြည်သူတွေကို ဘယ်လိုနိုင်ငံမျိုးဖြစ်အောင်
ဘယ်တိုင်းပြည်တွေက၊ ဘယ်လိုတိုးတက်လာတယ်။
ဒို့တိုင်းပြည် ဘယ်လိုလုပ်ရင်၊ ဘယ်လိုတိုးတက်မယ်
ဆိုတဲ့ သတင်းတွေက နည်းလာတယ်။
ဂရိုနီတို့ရဲ့ မီဒီယာ၊ နောက်ပြန်လှည့်လိုတဲ့ မီဒီယာ
နေရာရလိုတဲ့ မီဒီယာ၊ ပုဂ္ဂိုလ်ရေးအဓိကထားတဲ့
မီဒီယာ စတဲ့စတဲ့သတင်း ဦးစားပေးမှုတွေ
ရှိလာတဲ့အတွက်ကြောင့် ပြည်သူတွေလမ်းလွဲနိုင်တယ်။
ဒို့နိုင်ငံဘယ်လိုခရီးဆက်မလဲဆိုတာ အဓိကမထားပဲ
ကိုယ့် မြန်မာအချင်းချင်း အသံတိတ် တိုက်ခိုက်တယ်။

ပြည်သူတွေကြားမှာ ယခင်က အေးအတူ ပူအမျှ
နေလာခဲ့ကြတဲ့ တိုင်းရင်းသားတွေ၊ ဘာသာခြား
(ကိုးကွယ်မှုမတူတွေ)ကြားမှာ  မတည်ငြိမ်းမှုတွေကဖြင့်
ဒို့မြန်မာပြည်ကို ပြိုကွဲစေတဲ့ အဓိကအချက်ပင်ဖြစ်တယ်
မြန်မာ့ ဒီမိုကရေစီအလင်းတန်းများပွင့်လင်းလာချိန်
အမှောင်ထု၏အရိပ်က အန္တရာယ်ပြုမှုပင်ဖြစ်ပါတော့တယ်


ချစ်စွာသော ice
(ကျွန်တော်အတွေး၊အရေးများသာဖြစ်ပါတယ်။)
ပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ဌာနများ ဝေဖန်လို၍မဟုတ်ပါ၊
အမှန်အားဖြစ် ကျွန်တော်စိတ်အတွေး အပူများကို
အေးချမ်းလို၍သာဖြစ်ပါတယ်။

Tuesday, June 11, 2013

ကွန်ပျူတာကိုင်တွယ်ရာ....

 ကျွန်တော်ဘ၀မှာ ကွန်ပျူတာကို ကိုင်တွယ်မည့်အချိန်နှင့် အခက်အခဲတွေ
အလုပ်လုပ်တာတွေ၊အဆင်မပြေတဲ့အခါ အားပေးနေတဲ့ အောက်ပါမှတ်စုလေးကို
အမြဲအမှတ်ရနေမိပါတယ်-
-ကွန်ပျူတာဆိုတာက စနစ်တကျတွေးခေါ်ပြီး ပြဿနာအဖြေရှာတက်အောင်
 လေ့ကျင့်ပေးတဲ့ အရာတစ်ခုသာဖြစ်ပါတယ်၊
-ကျွမ်းကျွမ်းကျင်ကျင်ကိုင်တွယ်နိုင်ဖို့ဆိုတာက
 --သတ်မှတ်ထားတဲ့ လမ်းညွှန်ချက်တွေနှင့်ရေးဖွဲ့မှုဆိုင်ရာ ဥပဒေသတွေကို
   တိတိကျကျလိုက်နာတက်ဖို့၊
-- မှန်မှန်ကန်ကန်တွေးတောဆင်ခြင်တက်ဖို့၊
-လမ်းညွှန်ချက်တွေ၊လုပ်ထုံးလုပ်နည်းတွေကို အတိအကျလိုက်နာပြီး
 ယုတ္တိတန်တန်တွေးတောလုပ်ဆောင်နိုင်တဲ့လူတစ်ယောက်အဖို့
 ကွန်ပျူတာကို ကောင်းကောင်းမွန်မွန်ကိုင်တွယ်နိုင်ပါတယ်၊
-ကိုင်တွယ်ပြီးဆိုတာနှင့် တစ်ဆင့်ချင်းလမ်းညွှန်ချက်အသေးစိတ်မှန်သမျှကို
 ဂရုထားရမှာဖြစ်တယ်၊
-ကွန်ပျူတာဆို ဘာမှမဟုတ် စက်တစ်လုံးသာဖြစ်တယ် ကိုယ်ခိုင်းတာကိုပဲလုပ်တက်တယ်၊
-လုပ်ဆောင်ရာမှာ အလွယ်ကူဆုံးအဆင့်ဖြစ်တဲ့ အစိတ်အပိုင်းလေးတစ်ခုမှာတောင်
 မျက်စိလျှံသွားရင် စက်ကအမှားတွေ ထွက်လာမယ်၊ garbage in , garbage out ပါ၊
-ကိုင်တွယ်တဲ့အခါ လမ်းညွှန်မှုပြုဖို့လိုတယ်၊ နည်းလမ်းတွေညွှန်ကြားချက်တွေကို
 တစ်သမတ်တည်း လိုက်နာပြီး စနစ်တကျကိုင်တွယ်ဖို့လိုပါတယ်၊
-ကိုင်တွယ်ပြီဆိုတာနှင့် ဥာဏ်ရည်ဘယ်လောက်ပဲမြင့်မြင့် အသေးစိတ်ဂရုပြုရမယ့် ကိစ္စတွေမှာ
 ပေါ့ပေါ့တန်တန်လုပ်ရင် သူလုပ်သမျှအချည်းနီုးပါပဲ၊
-အထပ်ထပ်လေ့ကျင့်ခြင်းဖြင့် အတွေ့အကြုံတွေ တိုးပွားလာပြီး အရည်အချင်းပြည့်မီ
 လာနိုင်ပါတယ်၊
-အဆင့်မြင့်တဲ့ အရည်အသွေးတွေရလာနိုင်ပါတယ်။
 Refး မောင်သင်္ချာပြုစုသည့် Test Your IQ စာအုပ်ပါ စာသားများကို
နှစ်သက်ရာမှတ်စုပြုပါသည်။
(ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကျော်သိန်း၊ဆောင်းပါး)


ကျွန်တော် www.mysteryzillion.org ကို (၁၁.၆.၂၀၁၃)ရက်နေ့က
ပြန်ရောက်လာခဲ့တယ်အချိန်၊ MrDBA ဆိုတဲ့မိတ်ဆွေကြီးနဲ့ ညမီးအိမ်စတဲ့
မိတ်ဆွေသူငယ်ချင်းတွေကို ပြန်လည်ရှာဖွေတယ်...
လိပ်စာလေများ ရမှာလား၊ emailလေများ ရမှာလား၊ ရှာဖွေလိုက်တယ်
မထင်မှတ်ပဲ ကျွန်တော်ရေးခဲ့တဲ့စာတွေထဲက (ကွန်ပျူတာကိုင်တွယ်ရာ)
ဆိုတဲ့ ဆောင်းပါးလေးကို ပြန်တွေ့တယ်။
ကျွန်တော်ဝမ်းသာတယ်ဗျာ... ကျွန်တော်ဘ၀မှာအမြဲမှတ်သားရတဲ့
စာသားလေးပြန်တွေ့တယ် ၊ မထင်မှတ်ပဲ ပေါ့ဗျာ...

ဒီစာသားကိုတွေ့ရင်နဲ့ အတွေးတစ်ခုက၀င်လာတယ်
အဲဒီစာသားကိုရေးသားခဲ့စဉ်နဲ့ ယခုအချိန်ကာလအထိပေါ့ဗျာ...
ယခင်တုံးက MZ ထဲမှာနေရင် အကူအညီတွေတောင်းခံလာရင်
ဖြေရှင်းလိုက်၊ ဆွေးနွေးလိုက်၊ ရန်ဖြစ်လိုက်ပေါ့ဗျာ....
ရန်တွေလည်းဖြစ်ပြီးတော့ ဆိုဒ်ထဲကို ပြန်မ၀င်ဖြစ်တော့ပါဘူး
ကိုယ်နဲ့ရင်းနှီးတဲ့သူတွေကို လိုက်ရှာမိတယ်ဗျာ...

ကျွန်တော် ကွန်ပျူတာကိုင်တွယ်ရာဆိုတဲ့ စာကိုတွေ့တဲ့အခါမှာ
ပြန်ပြီး သတိဝင်လာတယ်၊ ၎င်းစာသားက ကွန်ပျူတာကိုင်တဲ့နေရာမှာ
သတိပေးစာသားလေးဖြစ်နေတယ်....အခြေခံကပဲ ကွန်ပျူတာကိုသင်တဲ့အချိန်၊
ဆရာကြီးဖြစ်တဲ့အချိန်၊ ပညာရှင်ကြီးဖြစ်တဲ့အချိန်... ဘယ်အချိန်ပဲရောက်ရောက်
ဒီစာသားကိုတော့ ပစ်ပယ်သွားလို့မရပါဘူး...အားလုံးကိုကျေးဇူးတင်ပါတယ်..
ချစ်စွာသော ice

Wednesday, June 5, 2013

ကောလာဟလသတင်း မမှန်ကြောင်းပြောပါ

ယနေ့ (၅.၆.၂၀၁၂) နေ့လည်ပိုင်း (၂)နာရီခန့်လောက်မှာ
မန္တလေးမြို့မှာ လူတွေကြောက်လန့်လှုပ်ရှားသွားရတဲ့
သတင်းတွပေါ့


ကောလာဟလသတင်းစတင်ပေါ်ထွက်
အင်တာနက်ထဲမှာ ၃၅လမ်းမှာ ပြဿာနာဖြစ်နေတယ်
ဆိုပြီး မမှန်သတင်းစထွက်လာတယ်။
၃၅လမ်း ဘယ်လူမျိုးတွေက ကျောင်းထဲဝင်ရိုက်တယ်၊
အမှတ်(၃)ကျောင်းမှာ ကုလားတွေဝင်ရိုက်တာ
ကျောင်းသားတွေခံလိုက်ရတယ်၊
ပြည်ကြီးတံခွန် အမှတ်(၂၇)ကျောင်းမှာ
ကျောင်းသားမိဘတွေက ကျောင်းသားတွေလာခေါ်တယ်၊
ဒီလိုနဲ့ ၃နာရီလောက်အချိန်မှာ ကောလာဟလသတင်းတွေဟာ

အများပြည်သူကြား ထိန့်လန့်တုံလှုပ်မှုတွေနဲ့
ကျောင်းသားမိဘတွေက ကျောင်းကိုအပြေးအလွှာ
ရောက်လာကြတယ်၊
မြစ်ငယ်အထကမှာလည်း ကျောင်းသားမိဘတွေ
တလှုပ်လှုပ်နဲ့စောင့်ခေါ်မယ်ပြင်ဆင်နေတာ
မိုးကရွာတော့ လူစုကွဲသွားတယ်။
ဆိုင်ကယ်တွေ တတီတီနဲ့ ကျောင်းပတ်ဝန်းကျင်
နေရာတွေမှာ ဆူညံနေတော့တယ်။

ကောလာဟလသတင်းပိုမိုကြီးထွားလာချိန်
ဒီအချိန်မှာ ကျောင်းသားမိဘတွေက
တယောက်တမျိုး တမျိုးတဂါတာဆိုသလို
ကောလာဟလသတင်းတွေကို မယုံရင်ပုံပြင်မှတ်ပေါ့
စကားတွေဖောင်းဖွဲ အမျိုးမျိုးတွေ ပြောနေလိုက်ကြတာ

ယုံကြည်လွယ်သည့် သတင်းစကားများ
ကောလာဟလသတင်းဆိုတာ တကယ်ဖြစ်သွားနိုင်တယ်ပေါ့....
ဘယ်သူမဆို ကိုယ့်သားသမီးကိုယ့် ဂရုစိုက်ရမယ်.....
စတဲ့ ယုံကြည်လွယ်တဲ့ သတင်းတွေဖန်းတီပြီး
ကျောင်းတွေမှာ မိဘ၊ အုပ်ထိန်းသူတွေ စုစည်းလာတော့တယ်။

ညနေပိုင်း ကျောင်းဆင်းချိန်မရောက်မှီ တမြို့လုံး
စိတ်လှုပ်ရှား၊ ထိန်းလန့်မှုတွေဖြစ်နေခဲ့ရတယ်။


မန္တလေးမြို့ကိုကယ်တင်တဲ့ကျောင်းစည်းကမ်း
တကယ်တော်တဲ့ ကျောင်းဆရာတွေ၊ ကျောင်းအုပ်တွေရဲ့
ထိန်းသိမ်းမှုကောင်းတဲ့အတွက်ကြောင့် ဘယ်ကျောင်းမှ
ဘာပြဿနာမှ မဖြစ်ပေါ်ခဲ့ပါဘူး၊

ရပ်/ရွာတွေရဲ့ လှုပ်ရှားမှုကောင်းခြင်း
ညနေ(၂)နာရီလောက်မှာ ရပ်ကွက်၊ကျေးရွာအသီးသီးမှာ
ရှိတဲ့ ရပ်မိရပ်ဖတွေ၊လုံခြုံရေးကော်မတီတွေ၊အထောက်အကူပြုအဖွဲ့တွေ
မြို့နယ်လုံခြုံရေးကော်မတီ၊အုပ်ချုပ်ရေးမှူးတွေ၊ ပညာရေးမှူးတွေက
ချက်ချင်းဆိုသလို မိမိမြို့နယ်အလိုက် ကျောင်းတွေကို ထိန်းချုပ်လိုက်ပြီး
ဘယ်ကျောင်းမှ ကျောင်းသားတွေကို လာခေါ်တာ ဖွင့်မပေးလိုက်ပါဘူး၊

ဒီနေရမှာ တကယ်လို့များ ကျောင်းတွေက ကျောင်းသားတွေကို
လာခေါ်ခွင့်ပေးလိုက်ရင် နောက်ထပ် ကောလာဟလတွေ
ဘယ်လောက်ဖြစ်ပေါ်လာမလဲ၊ စဉ်းစားလို့တောင် မရတော့ဘူး၊
ဘယ်ကျောင်းက ကျောင်းသားတွေကို မိဘတွေကလာခေါ်တာ
ဘာဖြစ်လို့၊ ဟိုဟာဖြစ်လို့ တမြို့လုံး ဒုက္ခရောက်သွားနိုင်တယ်။

ထိုကနေ့ ဘာသာခြားတွေအနေများတဲ့ ရွာတွေကလည်း
ရွာထဲ၊ရပ်ထဲမှာ ကောလာဟလတွေကို ချက်ချင်းတုံပြန်
ဖြေကြား၊ အ၀င်အထွက်တွေကို ချက်ချင်းရပ် သေချာစိစစ်မှုတွေလုပ်
ရွာကို ရွာလူကြီး၊ရပ်မိရပ်ဖတွေနဲ့ အဆင့်ဆင့်ထိန်းလိုက်တာ၏
မန္တလေးမြို့ကြီး ကံကောင်းသွားတယ်။
ကျောင်းသားတွေလည်း ကောင်းကောင်းစာသင်ကြားနိုင်တော့တယ်။

ကျောင်းတံခါးပိတ်၊ ဘယ်သူလာခေါ်တာကိုမှခွင့်မပြု၊
ကျောင်းဆင်းမှ ပြန်လွှတ်၊ ဒီစည်းကမ်းလေက
ဒီကနေ့ ရွှေမြို့တော်ကြီးကို ကယ်တင်သွားလိုက်တဲ့၊
တကယ်ကောင်းမွန်းတဲ့ ကျောင်းလုံခြုံရေးစည်းကမ်းပါ
မြို့တော်ကြီးရဲ့ လူအသက်များစွာကို ကယ်တင်လိုက်တယ်။
ပစ္စည်းဆုံးရှုံးမှု လုံးဝမရှိလိုက်ပါဘူး။

အများပြည်သူတွေလုပ်သင့်တဲ့ကိစ္စ
ဒီနေ့ရာ အများပြည်သူတွေအနေနဲ့
ကောလာဟလသတင်းတွေ အပေါ်မှာ  စိုးရိမ်မလွန်ကဲပါနှင့်
သက်ဆိုင်ရာ၊ ရပ်ကွက်၊မြို့နယ်အုပ်ချုပ်ရေးမှူးရုံး၊
ရဲစခန်း၊ရဲကင်း၊နီးစပ်ရာ အုပ်ချုပ်ရေးဌာန၊အစိုးရရုံး၊လွှတ်တော်
စတဲ့ ၀န်ထမ်းတွေကိုမေးမြန်သင့်ပါတယ်။
(လုံးဝ)မေးမြန်းသင့်တယ်။
ဒီလိုသတင်းမျိုးကို စတင်ကြားခြင်း ဆက်သွယ်မေးမြန်လိုက်ပါ
ဒါမှ နောက်ထပ်ဒီသတင်းက မှန်ကန်မှုမရှိကြောင်း
ချက်ခြင်းသိရပါမယ်။အခြားသူတွေလည်း စိုးရိမ်မှု၊
ကောလာဟလသတင်းပြောဆိုမှု၊ရပ်တန့်သွားပါမယ်။

ဝန်ထမ်း၊အစိုးရတို့တာဝန်
သက်ဆိုင်ရာ တာဝန်ရှိသူတွေကလည်း
ချက်ချင်းဒီသတင်းကို ကြားမိလိုက်ရင်း
မှန်ကန်မှုမရှိကြောင်း၊ FM ရေဒီယိုတွေကနေ
ချက်ချင်းသတင်းထုတ်ပြန်သင့်ပါတယ်။
ဘယ်လမ်း၊ဘယ်နေရာ၊ ဘယ်ရပ်ကွက်မှာ
မည်သည့်ပြဿနာမှ မဖြစ်ပွားတဲ့အကြောင်း
အေးချမ်းတည်ငြိမ် လျက်ရှိတဲ့အကြောင်း
အများပြည်သူကို ပြောကြားသင့်တယ်။
ဒါမှ အများပြည်သူတွေရဲ့ အသက်အိုးအိမ်ကို ကာကွယ်
နိုင်မယ်၊မိမိ မိသားစုကိုလည်း ကယ်တင်ရာရောက်မယ်ပေါ့

အများပြည်သူတွေ စိတ်ထဲမှာ
ကောလာဟလသတင်း၊ ယုံမှားသံသယရှိတဲ့
သတင်းမျိုးကြားမိရင် ၊ ချက်ချင်းဒီသတင်းကို
အခြားသူကိုမပြောလိုက်ပါနှင့်
မှန်ကန်မှုရှိ/မရှိစုံးစမ်းမေးမြန်းပါ
မေးပြီးမှ ဒီသတင်းကို မှန်ကန်မှုမရှိကြောင်း
အနီးအနားရှိ လူများကို ပြောပြပါ။
မိသားစုကို ရှင်းပြပါ။
ကောလာဟလသတင်းကို ချေဖျက်ပါ(မမှန်ကြောင်းပြောပါ)
မှန်ကန်မှုမရှိတဲ့ သတင်းတွေကို
ဖော်ထုတ်လိုက်တာဟာ လူတွေရဲ့ အသက်ကိုကယ်တင်ရာ
ရောက်ပါတယ်။ မိမိ မိသားစုကိုလည်း ကယ်တင်ရာရောက်
ပါတယ်။သင့်မြို့ကိုလည်း သင့်ကယ်တင်ရာရောက်ပါတယ်။

အားလုံး ကိုယ်စိတ်နှစ်ပါး ရွှင်လန်းချမ်းမြေ့ကြပါစေ၊
ကျေးဇူးတင်လျက် ချစ်စွားသော ice
www.iceosmdy.blogspot.com

Saturday, June 1, 2013

စားသုံးသူကာကွယ်ရေး

စားသုံးသူကာကွယ်ရေး ယနေ့ခေတ်ကာလမှာ
ကလေးတွေမုန့်ဝယ်စားတဲ့နေရာမှာ ဘယ်လိုအမည်ပေးရမှန်းမသိတဲ့မုန့်တွေ
ကျွန်တော်တို့တွေ ၄/၅သိန်းပေးဝယ်စီးရပြီး အာမခံချက်မရှိတဲ့ ဆိုင်ကယ်တွေ၊
တံဆိပ်အမျိုးမျိုး၊တစ်နှစ်လောက်ဆိုရင် အင်ဂျင်ပြန်ကိုင်လိုက်ရ၊
ဟောင်းသွားရင်လဲ ပြင်လို့မပြီး
နိုင်တော့တဲ့ ဆိုင်ကယ်အစိတ်အပိုင်းပစ္စည်းတွေ၊
လိုင်စင်မဲ့ တရုတ်ကားတွေ

ဒါတွေအပြင် အိမ်သုံးပစ္စည်း၊မီးဖိုချောင်းသုံးပစ္စည်း၊ TV ရေခဲသတ္တာ၊
အ၀တ်အထည်တွေကအစ နေ့စဉ်သုံးပစ္စည်းတွေဟာ ငွေကုန်သလောက်
ပျက်လွယ်၊ပျက်စီးလွယ် အရည်အသွေးမပြည့်မှီတဲ့ ပစ္စည်းတွေသုံးနေရ
ပါတယ်။ အိမ်နီးချင်းနိုင်ငံကြီးရဲ့ စမ်းသပ်ခံဈေးကွက်ကြီး ဖြစ်နေပါတယ်။

သူစီကပစ္စည်း ကိုယ့်စီမှာ ဈေးကြီး၊
ကိုယ့်စီက ကုန်ကြမ်း ဈေးပေါပေါနဲ့ရောင်းနေရတယ်။

ကျောက်စိမ်း၊သစ်၊အခြား ထွက်ကုန်တွေက ပြောမကုန်လောက်အောင်
ဖြစ်နေတယ်၊

ဒါတွေကို ကာကွယ်ဖို့အတွက်
မြန်မာနိုင်ငံ စားသုံးသူကာကွယ်ရေးအသင်း ဖြစ်ပေါ်လာတယ်။
မျိုးချစ်စိတ်ဓါတ်အပြည့်နဲ့ အားပေးကူညီဆောင်ရွက်နိုင်ရေးနဲ့

မြန်မာနိုင်ငံမှာ ကင်ဆာဖြစ်စေတဲ့ အဓိကအကြောင်းအရင်းတွေကို
လေ့လာပြီး၊ ကာကွယ်ကြပါစို့ ခင်ဗျာ......
(မျှဝေပေးကြပါ)