Friday, August 14, 2015

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်း

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်းကိုလေ့လာခြင်း အပိုင်း(၂)
၁၄-၈-၂၀၁၅ညနေ(၆း၃၉)နာရီ။

(၁) Madden-Julian Oscillation (MJO) ဆိုတာဟာ 30-60 days oscillation
လွှဲချိန်ရှိတဲ့ low frequency oscillation အမျိုးအစားဖြစ်ပါတယ်။
အဆိုပါ MJO peak area ဟာ တိမ်ဖြစ်ပေါ်မှုတွေ၊
မုန်တိုင်းဖြစ်ပေါ်မှုတွေအားကောင်းတဲ့ဒေသဖြစ်ပြီး၊ အများအားဖြင့် အီကွေတာတလျှောက်အနောက်မှအရှေ့ကိုရွေ့နေတဲ့ ဒေသဖြစ်ပါတယ်။
အဆိုပါ မုန်တိုင်းနဲ့တိမ်တွေအဖြစ်များတဲ့ဧရိယာရဲ့ အရှေ့ဖက်မှာ
 လေထုစိုက်ဆင်းနေတဲ့ဒေသဖြစ်ပေါ်တတ်ပြီး အများအားဖြင့် အဲဒီဒေသမှာ မိုးနည်းပြီး ခြောက်သွေ့တတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ
MJO Active ဧရိယာဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ ဗဟိုပြုနေခဲ့ပြီး၊
 ခြောက်သွေ့ဧရိယာကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်အလယ်ပိုင်းအပေါ်မှာ
ဗဟိုပြုနေခဲ့ပါတယ်။

(၂) အဲဒါကြောင့် ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ အာရေဗျပင်လယ် နဲ့
ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားဟာ အမြဲလိုကောင်းနေခဲ့ပြီး
မုတ်သုံမိုးတွေကောင်းခဲ့ပါတယ်။ အာရေဗျပင်လယ်ရော ဘင်္ဂလားပင်လယ်ရော
မုန်တိုင်းတွေဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ဆိုရင်
ဇွန်လမှစက်တင်ဘာလအတွင်း မုန်တိုင်းမဖြစ်တာ (၉)နှစ်ရှိခဲ့ပေမယ့်
ဒီနှစ်မှာတော့ ဇူလိုင်လမှာ ဆိုကလုန်း Koman ဖြစ်ခဲ့ပါတယ်။

(၃) မုတ်သုံမိုး၊ မုန်တိုင်းမိုးတွေကောင်းခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့
 မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသ(ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့
မကွေးတိုင်းအနောက်ပိုင်း)တို့ဟာ ကမ္ဘာ့အပူပိုင်းဒေသတစ်ခုလုံးမှာ
မိုးအများဆုံးရွာသွန်းခဲ့တဲ့ဒေသဖြစ်ခဲ့ပါတယ်။

ဒါဟာ ဒီနှစ် ဇူလိုင်လအတွင်း မိုးကြီးခြင်း နဲ့ ရေကြီးခြင်းကို ဖြစ်ပေါ်စေခဲ့တဲ့
 မိုးလေ၀သဆိုင်ရာအကြောင်းရင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
မှတ်ချက်။ Madden-Julian Oscillation (MJO) ခေါင်းစဉ်ဟာ ကျွန်တော် M.Sc. (USA) နဲ့ Ph.D.(Myanmar) တို့မှာ ပြုစုခဲ့တဲ့ သုတေသနခေါင်းစဉ်ဖြစ်ပါတယ်။



Tuesday, August 11, 2015

ငလျင်

မြေငလျင်သတင်း
၁၂-၈-၂၀၁၅
နံနက်(၄း၂၄)နာရီ။

(၁၂-၈-၂၀၁၅)ရက် နံနက် (၀၁း၀၃)နာရီအချိန်က မြန်မာနိုင်ငံအတွင်း လက်ပံတန်းနဲ့အုတ်ဖိုမြို့အကြားပြည်တွင်းတစ်နေရာရှိမြေအောက်အနက်(၆)
ကီလိုမီတာကိုဗဟိုပြုလျက်
အင်အား ရစ်ခ်ျတာစကေး(၃.၀)ရှိအင်အားအနည်းငယ်ရှိ
သောမြေငလျင်ငယ်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
ဒေါက်တာထွန်းလွင်

မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်း၊
တောင်ပြိုမှုများကြောင့် စိုးရိမ်ဖွယ်မရှိသော ငလျင်ငယ်များ
အနည်းငယ်လှုပ်တက်ပါတယ်လို့ ထင်မြင်ယူဆရပါတယ်။

Monday, August 10, 2015

မုန်တိုင်းဖြစ်ဖို့အားယူဆဲပါ ၁၆% မှ ၁၈% အထိရှိ

မုန်တိုင်းဖြစ်ဖို့အားယူဆဲပါ ။ဒေါက်တာထွန်းလွင်
၁၀-၈-၂၀၁၅ည(၁၀း၀၃)နာရီ။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေတဲ့လေထုမငြိမ်မသက်ဖြစ်နေမှုကို
(၁) လေထုဖိအား(Atmospheric Pressure Field)
(၂) အမြင့်ပေ(၅၀၀၀)ရှိလေတိုက်ခတ်မှု(Wind field at 5000 ft)
(၃) အမြင့်ပေ(၄၀၀၀)ရှိလေတိုက်ခတ်မှု(Wind Field at 4000 ft)
(၄) မုန်တိုင်းဖြစ်နှိုင်မှုအလားအလာ(Storm Formation Potential)
စတဲ့ Field တွေမှာ လေစိုင်ဝဲအဆင့်၊
 လေဖိအားနည်းရပ်ဝန်းအဆင့်အနေအထားများကိုတွေကနေရပြီး မုန်တိုင်းဖြစ်ပေါ်ဖို့အလားအလာအနေဖြင့်လည်း
၁၆% မှ ၁၈% အထိရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် တိမ်ပုံတိုင်းတာချက်တွေမျာတော့
ခရုပတ်တိမ်အခွေ (Spiral Band ) ကိုတွေ့
ရသော်လည်း အားကောင်းတဲ့အဆင့်ကို
မရောက်ရှိသေးကြောင်းတွေ့နေရပါတယ်။



မုန်တိုင်း ဖြစ်ဖို့လိုပါသေးတယ်။

ကျန်းမာတော်မူကြပါစခင်ဗျာ။
မုန်တိုင်းရဲ့ရှေ့ပြေးအခြေအနေတွေပြလာပေမယ့် ဖြစ်ဖို့လိုပါသေးတယ်။
၁၀-၈-၂၀၁၅ည(၁၀း၃၄)နာရီ။
၂၀၁၅ ခုနှစ်၊သြဂုတ်လ(၁၁)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
မုန်တိုင်းအခြေအနေ။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဖိအားနည်း
ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ပိုမိုအားကောင်း
လာကာမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁၀ -၈-၂၀၁၅)ရက် နံနက် (၁၀း၁၅) နာရီ အချိန် KALPANA_1 ဂြိုဟ်တုမှ
တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း နှင့်
 တောင်ပိုင်း တို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန် ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တို့မှာ မုတ်သုံလေ အား ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ပါ တယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် မှာ လှိုင်း အမြင့် (၅) ပေ မှ (၉) ပေ ခန့် အထိ ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေအပူချိန် 25°C-27°C ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်း ဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့တွင် 33°C-35°C ၊ကျန်
တိုင်းဒေသကြီး များ နဲ့ ပြည်နယ် ဒေသများတွင် နေ့အပူ ချိန် များ ဟာ 28°C-32°C ရှိနိုင် ပါ တယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊
ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ
အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ရခိုင်ပြည် နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊
မန္တလေး တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသ တွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်။
ရေဖုံးလွှမ်းခံရမှုအခြေအနေ။
ရေဖုံးလွှမ်းခံဒေသများအနီးရှိမြို့တော်များဖြစ်ကြတဲ့ ပဲခူး၊ သထုံ၊ ပုသိမ်၊ ရန်ကုန်(မင်္ဂလာဒုံ)၊ ရွှေဘို နဲ့ ကလေးဝမြို့နယ်များမှာ ရေဖုံးလွှမ်းမှုများဆက်လက် ရှိနေနိုင်ပါသေးတယ်။နောက် (၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးပို နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်

Saturday, August 8, 2015

မောင်ထွန်းလွင်(မိုးလေ၀သ) ဘဝ

စဉ်းစားကာနေရဦးမယ်။
ကိုယ်တိုင်ရေးပုံတူ။
၈-၈-၂၀၁၅

လောကမှာ ကျွန်တော် လောဘမကြီးတဲ့အရာတွေကတော့
(၁) အခွင့်အာဏာရဖို့
(၂) ငြွေေကးကြွယ်ဝမှုရဖို့
(၃) ထင်ပေါ်ကျော်ကြားမှုရဖို့
ဆိုတာတွေဖြစ်ပါတယ်။
အဲ...လောဘမကြီးဘူးဆိုပေမယ့် လုံးဝမလိုချင်ဘူးလို့ မဆိုလိုပါဘူး။ 

ကျွန်တော်လည်း ပုထုဇဉ်ပါပဲ။
အတိုင်းအတာတစ်ခုအထိ၊ ရသင့်ရထိုက်တာတစ်ခုအထိသာပဲ လိုချင်ပါတယ်။ 

ဒါပေမယ့် အဲဒါတွေနောက် ငမ်းငမ်းတက် တကောက်ကောက်မလိုက်ဘူး၊ 
လုပ်သင့်လုပ်ထိုက်တာတွေ သစ္စာမဲ့ပြီး အဂတိလိုက်စားပြီး 
မလုပ်တတ်ဘူးလို့ဆိုလိုတာပါ။
လုပ်တာကိုက မိုးလေ၀သ၊ နောက်ပြီး တစ်သက်လုံးလည်း ဒီအလုပ်ပဲ၊ 

မိန်းမလည်း..ဒီတစ်ယောက်ပဲ။ အပြောင်းအလဲအလွန်နည်းပါတယ်။
အေးချမ်းတဲ့ဘ၀ကိုနှစ်သက်တယ်။
အဲ...လောဘကြီးတဲ့အရာတစ်ခုကတော့ရှိပါတယ်။
ဒါကတော့ ပညာရဖို့ပါပဲ။
ဒါကိုတော့ တစ်သက်လုံးဆည်းပူးနေခဲ့ပါတယ်။
အခုအထိပဲဆိုပါတော့..။

ဒါပေမယ့်..လောကကြီးက ခက်တယ်ဗျာ...။
ဘ၀မှာစဉ်းစားရခက်တဲ့ လမ်းဆုံလမ်းဝတွေဆိုတာကြုံလာရတတ်ပါတယ်။
အနန္တောအနန္တငါးပါးရဲ့ဂုဏ်တော်ကိုသာ ဆည်းကပ်ရတော့မှာပါပဲ။

မောင်ထွန်းလွင်(မိုးလေ၀သ)

မန္တလေးတိုင်းမြောက်ပိုင်း ပိုမိုရွာသွန်း

ဇူလိုင်ရေကြီးမှုအားဆန်းစစ်ခြင်း (အမပိုင်း-၁)
စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ
မိုးတွေအားကောင်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေ
ဇူလိုင်လအတွင်း အမှန်တကယ်ရွာသွန်းခဲ့သောမိုးရွာသွန်းမှုအခြေအနေမှာ
မိုးရေချိန်အများဆုံးရွာသွန်းခဲ့သောဒေသမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း တို့ဆုံရာဒေသတစ်ဝိုက်ဖြစ်ပြီး ရွာသွန်းခဲ့သောမိုးရေချိန်ပမာဏမှာ
စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ မိုးရေချိန် ၈-၁၀ လက်မ
ကျန်မိုးများဒေသများမှာ မိုးရေချိန် ၄ - ၈ လက်မ ခန့်ရှိပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ ရွာသွန်းမြဲ့ထက် (၄)လက်မကျော်ခန့် ပိုမိုရွာသွန်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတိုင်းအတာမိုးရေချိန်ဟာ
 ရွာသွန်မြဲမိုးရေချိန် ရဲ့ ၂၁၇% ခန့်အထိ ရှိခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်


Friday, August 7, 2015

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု ၁၂ပေ ရှိနေ

သထုံမြို့ နယ် အရှေ့ဘက်ခြမ်း ဒူးရင်းဆိပ်ကျေးရွာတွင် ရေကြီး/ရေလျှံမှုများ
 ဖြစ်ပေါ်နေပြီး သြဂုတ်လ ၆ ရက် နေ့က ရေ ၁၂ပေ အထိ
 ရောက်ရှိလာကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့ နယ် ဒူးရင်းဆိပ်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က
စတင်ကာ မိုးသည်းထန်စွာ ရွာ သွန်းခြင်း၊ တောင်ကျရေ
လိမ့်ဆင်းခြင်းတို့ကြောင့် ဒုံသမိချောင်း၊ ရေလျှံမှု ဖြစ်ပွားပြီး
 ရေကြီး ရေလျှံမှုများ ဖြစ် ပေါ်နေပြီး
 ရေဘေးရှောင် ဒေသခံပြည်သူ ၄၀၀ နီးပါးမှာ ရေလွတ်ရာ
ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ရွေ့ ပြောင်း နေထိုင်နေရကြောင်း သိရသည်။

သထုံမြို့နယ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုဥာဏ်မိုးကလည်း
“တချို့နိမ့်တဲ့အိမ် ၉၃အိမ် မြုပ်နေသေးတယ်
 ရေလည်း ထပ်တက်နေသေးတယ်။
တဲတစ်လုံးရဲ့တစက်မိတ်ထိပေါ့နော်”ဟု လည်း ဆက်ပြောသည်။

မွန်ပြည်နယ် သထုံခရိုင်တွင်ပါသည့် ကျိုက်ထို၊ ဘီလင်း၊ သထုံမြို့နယ်တို့တွင် ဇူလိုင်(၂၈)ရက်တွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူ ၅၀၀၀ကျော်ထိ ရှိနေသည်။
ကိုးကား ဧရာဝတီသတင်းဌာန




ချင်း

ချင်းပြည်နယ်ကို ကူညီပါ..
သတင်း မီဒီယာ အားနည်းသော တီးတိန်၊ တွန်းဇန် နှင့် ကျီးခါးမြို့ နယ်
များရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများ အကူအညီအထူးလိုအပ်နေ၊
အချို့သောကျေးရွာများတွင် မည်သည့်အကူအညီမျှမရရှိသေး


Thursday, August 6, 2015

မြစ်ဝကျွန်းပေါ်

မြစ်ဝကျွန်းပေါ်သားတို့ ကြံ့ကြံ့ခံနေတဲ့ရေထိုးစစ်
လက်ရှိအခြေအနေများ
၆-၈-၂၀၁၅
နံနက်(၇း၄၄)နာရီ။

မြန်မာနိုင်ငံမြောက်ဖျားနဲ့တောင်ပိုင်းဒေသတွေမှာသာ မိုးအကောင်းဆုံးဖြစ်နေပြီး
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း တို့မှာသာ ရေဖုံးလွှမ်းမှုအန္တရာယ်
 မြင့်မားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်(ကျောက်ဖြူမြိုနယ်)မှာလည်း
ရေတွေဖုံးလွှမ်းနေဆဲပါ။

ကျန်ဒေသတွေမှာမိုးအားတွေလျော့ကျလာနေတာကတော့သတင်းကောင်းပါ။
လက်ရှိမြစ်ဝကျွန်းပေါ်ဒေသကိုတိုးဝင်နေတဲ့ရေအားလျော့သွားရင်တော့
လက်ရှိအခြေအနေဟာ လျော့ကျသွားဖို့ရှိပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့
ရန်ကုန်တိုင်းအဖို့အရေးအကြီးဆုံးက တရိပ်ရိပ်တက်နေဆဲဖြစ်တဲ့ရေအားကို
တောင့်ခံထားပေးနေရတဲ့ တာတွေ၊ တမံတွေ၊ ရေလှောင်ကန်တွေ
မကျိုးမပေါက်ဖို့ ၀ိုင်းဝန်ကာကွယ်ကြဖို့ အလွန်အရေးကြီးပါတယ်။

ကျိုးပေါက်ခဲ့ရင်တော့ လယ်တွေ၊ ငါးကန်တွေ၊ လူနေအိမ်တွေ
အားလုံးအပျက်အစီးများနိုင်ပါတယ်။
အဓိကပြောချင်တာကတော့ နောက်ထပ်မိုးမများတော့တဲ့အတွက်
ဒီရေထိုးစစ်ကို ကျော်လွှားနိုင်ဖို့အလားအလာအလွန်ကောင်းပါတယ်။

မြစ်ဝကျွန်းပေါ်သားတို့ရဲ့ အားမာန်၊စည်းလုံးညီညွှတ်မှု၊
အတွေ့အကြုံများမှုတွေကို ဒီ ဒုတိယရေထိုးစစ် (Second Flood Wave) ကိုကျော်လွှားနိုင်ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48


Monday, August 3, 2015

မြစ်ဝကျွန်းပေါ်

(၄-၈-၂၀၁၅)ရက် နံနက် (၀၀း၃၀)နာရီအချိန်အခြေအနေ
မြစ်ဝကျွန်းပေါ်ဒေသမှာ ရေဖုံးလွှမ်းခံရမှုအများဆုံးဖြစ်နေပါပြီ။
၎-၈-၂၀၁၅
နံနက် (၄း၂၇)နာရီ။

လွန်ခဲ့တဲ့(၂၄)နာရီအတွင်းက မိုးကောင်းခဲ့တဲ့ ဒေသများကတော့
ကချင်ပြည်နယ် မြောက်ဖျားစွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့ မြောက်ပိုင်း၊
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊
ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် နဲ့
မွန်ပြည်နယ်မြောက်ပိုင်း တို့ဖြစ်ကြပါတယ်။

ရေဖုံးလွှမ်းမှုအန္တရာယ် ဆက်လက်မြင့်မားနေတဲ့ မြို့နယ်ဒေသများကတော့
သထုံ၊ ခ န္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊
မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂင်္လာဒုံ) ကျောက်ဖြူ

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48

Sunday, August 2, 2015

မုံရွာ

Tun Lwin 2.8.2015(10:32)PM
၂-၈-၂၀၁၅
ည(၉း၃၀)နာရီအချိန်
မုံရွာမှာတာဘောင်ပေါ်ကရေတွေကျော်ကျလာပြီ။
ဒေါက်တာထွန်းလွင်မှ တင်ပြထားပါတယ်။
မိုးဇလကတော့ နောက်ထပ် ရေ၁ပေခန့်တက်မည်ဟုခန့်မှန်းထားပါတယ်။
ရေဘေးလွှတ်ရာကို တိမ်ရှောင်နေခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။
ကုန်မြင့်ဒေသ၊သွားလာရန်လွယ်ကူသည့်နေရာများကို ရှောင်နေစေ
ခြင်းပါတယ်..

မုံရွာမြို့၏ လက်ရှိ အခြေအနေမှာ တာဘောင်ပေါ် ရေကျော်လာသဖြင့် စိုးရိမ်ရသည့်အတွက် အေးသာယာရပ်(အုန်းခြံ)မှ အိမ်ထောင်စု ၁၀၀ ကျော်ကို အလက (၄)ညတွင်းချင်း ပြောင်းရွေ့နေကြသည်။The Irrawaddy (Burmese Version)


"မုံရွာမြို့အခြေအနေ"
ချင်းတွင်းမြစ်ရေသည် မုံရွာမြို့တွင် ည ၁၁နာရီတွင် တိုင်းတာချက်အရ ၁၁၄၀ စင်တီမီတာသို့ရောက်ရှိနေပြီဖြစ်သည်။
ရေဝင်ရောက်နိုင်သည့်မုံရွာမြို့ အေးသာယာရပ်ကွက်တွင်နေထိုင်သော သက်ကြီးရွယ်အိုများနှင့်ကလေးငယ်များကို ဘေးလွတ်ရာသို့ရွေ့ပြောင်းပေးထားကြပြီဖြစ်
သည်။7Day News Journal

ရေတွေ..ရေတွေ...ပြိုကုန်ပြီ။
အထူးသတိထားပြီးကြိုတင်ဆောင်ရွက်သင့်တာတွေဆောင်ရွက်ကြပါ.
၂-၈-၂၀၁၅နေ့(၂း၀၉)နာရီ။
မုံရွာမှာ ယခင်အမြင့်ဆုံးရေအမှတ် ၁၀၉၉ စင်တီမီတာကိုကျော်လွန်ပြီး မနက်က (၁၁၂၀) စင်တီမီတာကိုရောက်နေပြီ။ အမြင့်ဆုံးရေအမြင့်စ့ချိန်သစ်တင်သွားပြီ။ စိုးရိမ်ရေအမှတ်ရဲ့အထက်(၁)ပေခွဲလောက်ကော်ျနေပြီ။ အချိန်ပိုင်းလေးအတွင်းမှာပဲ (၅) စင်တီမီတာတက်သွားပြန်ပြီ။ တာရိုးတွေစိတ်မချရတော့လို့ အနိမ့်ပိုင်းကအိမ်တွေပြောင်းကြဖို့ လိုက်အော်နေပြီးသတိပေးနေပြီလို့သိတယ်။
ခက်တာက လာမယ့်တစ်ပတ်အတွင်း မုံရွာမှာရောအထက်ဖက်က ကလေးဝမှာရော မိုးတွေရွာဖို့ရှိနေသေးလေတော့ စိုးရိမ်ရေအမှတ်ရဲကအထက်ရောက်နေတဲ့ရေအမြင့်ဟာ အနည်းဆုံးနောက်ထပ်(၃)ရက်လောက်ကြာဦးမယ်လို့မိုး၊ဇလက ခန့်မှန်းထားတယ်။
အရေးကြီးဆုံးအချိန်ရောက်နေပါပြီ။
ဟင်္သာတရဲ့ဧရာဝတီမြစ်ရေအျွှတ်ကလည်း ရုတ်တရက်ရေတွေဝင်လာလို့ရေတွေတက်လာတာ စိုးရိမ်ရေအမှတ်တရဲ့အထက် (၅)ပေကျော်လောက်ရောက်နေပြီ။ဟင်္သာတ တစ်ဖက်ကမ်းက သာရဝေါဘူတာလည်း ရေမြုပ်နေပြီ။
ဧရာဝတီတိုင်းမြစ်ဝကျွန်းပေါ်ကရေမြုပ်မယ့်ဘေးအန္တရာယ်ကမြင့်မာေးနပါပြီ။
ဒေါက်တာထွန်းလွင်




Saturday, August 1, 2015

ရာဇဂြိုဟ်

Aung Kyaw Zaw (2.8.2015)11:29AM
ရာဇဂြိုဟ် ဆည်

၁၀း၀၀ နာရီ ရေမှတ် ၆၄၅.၀၀ ပေ
၁၁း၀၀ နာရီ ရေမှတ် ၆၄၄.၈၀ ပေ

ကန်ရေပြင်မှာလည်း သစ်တုံးတွေ နည်းလာပါပြီ။
ပေ ၁၀၀ လောက် ရှည်တဲ့ သစ်တုံးကြီးတစ်ခုကို တော့
မနည်း ကြိုးစားပြီး ရှင်းလိုက်ရတယ်။
အခက်အခဲတစ်ခုကို ကျနော်တို့ ကျော်လွှားနိုင်ခဲ့ပါပြီ။




ရှမ်းတောင်

Ning Naing (2.8.2015)11:15AM
ပေးပို့ထားပါတယ်။

ယနေ့သာယာနေပါသည်
ဟားခါး (ရှမ်းတောင်)
ရုန်းတောင်ကြီးရဲ့အခြေနေမှန်မြင်တွေ့ရပါပြီ်

စစ်တပှ်ရိက္ခာထဲကဆန်အိတ်၅၀၀ပဲ၅၀အိတ်ဆီ၃ပီပါချေးယူပြီးစခန်းအသီသီးကို
၁၀နှစ်အထက်တနေ့ဆန်နို့ဆီ၃ဘူး ၁၀
နှစ်အောက်၂ဘူးနှုန်းနဲ့ကူညီနေပါတယ်
စခန်းအသီးသီးကိုလူဦးရေအလိုက်ဝေပေးနေတယ်

ဝန်ကြီးများအိမ်ယာလဲစိတ်မချရသည့်
အခြေနေတွင်ရှိနေပါသည်

ကိုနိုင်နိုင်တင်ပြထားပါတယ်။
ဆန်အိတ်၁အိတ် ၁သိန်းဆိုတာ မမှန်ပါဘူး
ပျက်စီးစာရင်းကတော့ ပြုစုဆဲပါ။
အခြေအနေတွေကို တင်ပြပေးပါမယ်.
တောင်ပေါ်ဒေသဖြစ်လို့ ဆက်သွယ်ရေး
ခက်ခဲနေတာကြောင့် ဖြစ်စဉ်အမှန်မသိရသေးတာပါ..




ဖလမ်း

Chin World ရေးသားတင်ပြသည့်

ချင်းတောင်တန်းမှာ- မိုးရာသီရောက်တိုင်း- လမ်းပန်းဆက်သွယ်ရေးခက်ခဲလေ့ရှိပြီး အစားအစာပြတ်လပ်လေ့ရှိပါတယ်။ ချင်းပြည်နယ်၊ ဖလမ်းမြို့မှာ- Pu Ral Ling ဆိုသူဆန်ကုန်သည်တဦးက- မိုးရာသီရောက်ပြီး လမ်းပန်းဆက်သွယ်ရေးကြောင့်
ဆန်ပြတ်လပ်ပြီဆိုရင် သူ့ဆိုင်ကဆန်ကို ချမ်းသာ-ဆင်းရဲမရွေး တနေ့ကို အနည်းငယ်နှုန်းနဲ့ ရောင်းချပေးတယ်။ ပိုက်ဆံပိုရှိလို့လည်း
အများကြီးဝယ်ခွင့်မပေးပါဘူး။ အဲဒီလိုနဲ့ ဖလမ်းမြို့ပေါ်က
လူတွေကို အကူအညီပေးလေ့ရှိပါတယ်။

သူကတော့ ကွယ်လွန်သွားပေမယ့် သူ့သားသမီးတွေက ဒီနှစ်သဘာဝဘေးအန္တာရယ်ကြောင့်ဖြစ်ပေါ်လာတဲ့ ဆန်ပြတ်လပ်မှု့မှာ
သူ့ဖခင်ခြေရာအတိုင်း ပုံမှန်ဈေးနှုန်းနဲ့ လူတိုင်းရအောင်
ကူညီရောင်းချပေးပါတယ်။ ဒီလိုမျိုးအခြေအနေမှာ တောမီးလောင်၊
တောကြောင် လက်ခမောင်းခတ် ဆိုသလို ဈေးနှုန်းတွေခေါင်ခိုက်နေပေမယ့်-
သူတို့ကတော့...........



ပလက်ဝ

ပြန်/ဆက်ကထုတ်ပြန်ထားတဲ့
ချင်းပြည်နယ် ပလက်ဝမြို့နယ်က သဘာဝဘေးအန္တာရာယ်ကြောင့်
အစိုးရအဆောက်အဦ၊ပျက်စီးရှုံးဆုံးတဲ့စာရင်းတွေပါ။
တရားဝင်ထုတ်ပြန်ချက် ဖြစ်ပါတယ်..





 

ပါဟဲချောင်း

U Thein Zaw 1.8.2015 2:01pm
တင်ပြချက်တွေပါ..

အလှော်ကျေးရွာနဲ့ပွတ်သာကျေးရွာ
ရေဘေးသင့်ပြည်သူများအား
ထမင်းထုပ်များ ရေသန့်ဗူးများ ခေါက်ဆွဲခြောက်ဖာများ
နှင့် ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ရန်အတွက်

ဟဲဇင်းကျေးရွာစက်လှေဆိပ်
မိုးများလို့ရေကြီးတာမဆန်းပေမယ့်
ရေနဲ့အတူပါသွားတဲ့အရာတွေကအစားထိုးမရဘူး
မိုးကိုမျှော်လင့်ခဲ့တယ်------
ဒါပေမဲ့မိုးးးးးးးး
နည်းနည်းများသွားပြီ

လှိုင်းထန်နေသော ပါဟဲချောင်း
အခြေအနေ




တမူး

Saw Chan 2.8.2015  (7:15)am
တမူးမြို့နယ် ကနန်ကျေးရွာ ချောင်းရေလျှံ မှုနဲ့
ကနန်-ခမ်းပါတ် တံတားချဉ်းကပ်လမ်းရေစားမှု
အခြေအနေကို ကို Saw Chanက တင်ပြသွားတာပါ..




စေတုတ္တရာ

Myat Thu Soe စေတုတ္တရာရေဘေးကူညီရေး(5း20/2.8.2015)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
စေတုတ္တရာရေဘေးကူညီထောက်ပံ့ရန် မကွေးမြို့ ME center အခြေပြု အလှူခံဌာနမှ ရိက္ခာတင်ကားတစ်စီးသည် မနေ့က နေ့ခင်း ၂း၃၀ ခန့်တွင်ရောက်ရှိသွားပါသည်။ မကြီးစုရွာသို့ကားဖြင့်သွားပြီး ထိုမှတဆင့် စေတုတ္တရာမြို့သို့စက်လှေများဖြင့်သွားကြပါသည်။ စက်လှေကိုဒေသမှစီစဉ်ပေးပါသည်။ လမ်းခရီးအဆင်ပြေချောမောစွာသွားရောက်နိုင်ပါပြီ။
အစားအစာနှင့်သောက်ရေ များစွာလိုအပ်နေပါသေးသည်။ စေတုတ္တရာမြို့ ဒေသခံများမှ အရေးပေါ်ကော်မတီဖွဲ့ပြီး ဆွမ်းလောင်းရုံတွင် လက်ခံထားရှိပါသည်။
စေတုတ္တရာမြို့တွင် လက်ရှိရေဘေးရှောင်ပြည်သူ ၄၀၀၀ ဝန်းကျင်ခန့်ဟု အနီးစပ်ဆုံးခန့်မှန်းထားပါသည်။ ( လောလောဆယ် စာရင်းရှိသော်လည်း သေချာစေရန် စိစစ်ရဦးမည်)

ဆိုင်အချို့သူခိုးဖောက်ခံရသည်ဆိုသောသတင်းမှန်ပါသည်။ လှေဖြင့်ကျွမ်းကျင်စွာလှော်ခတ်ကာ အမိုးကိုလှန်၍ ခိုးခြင်းဖြစ်သည်ဟု ဒေသခံက ပြောထားပါသည်။ ထို့ကြောင့် လုံခြုံရေးထား၍အိပ်စေခြင်း၊ လှည့်ကင်းများထားရှိစေခြင်း စသည်ဖြင့် ပြင်ဆင်နေကြပါသည်။

လက်ရှိမြို့တွင်း ရေအခြေအနေမှာ ဦးမြင့်ကျော် အိမ်ရှေ့တွင် ၃ ပေခွဲခန့်ဖြစ်ပါသည်(43း0pm)။ ညဈေးတန်းဆိုင်ခန်းလမ်းတစ်လျှောက် ရေကြည့်သူများဖြင့် ရှုတ်ထွေးနေပါသည်။ ဖုန်းဆက်ချင်သူများဖြင့် အိတ်ချိန်းရုံးတွင်ပြည့်ကျတ်နေပါသည်။ အသေအပျောက်မရှိပါ။

စေတုတ္တရာမြို့ပေါ်တွင် ဆေးဝါးအလုံအလောက်ရှိနေသည်ဟုပြောပါသည်။ မြို့ပေါ်ကယ်ဆယ်ရေးစခန်းများတွင် ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အရေးပေါ်ဆေးခန်းဖွင့်၍ ဆေးကုသမှုပေးလျှက်ရှိပါသည်။ မကျီးစုကျေးရွာတွင် နာမကျန်းမှုများရှိနေခြင်းနှင့် တာဝန်ကျဆရာမမှာ မြို့တွင်ရေပိတ်မိနေခြင်းကြောင့် ကံပြားတွင်ရှိသော ဆေးရုံအုပ်နှင့်တကွ ကျန်းမာရေးဆရာမများအား နားလည်အောင်ရှင်းပြ၍ ကူညီရေးကားဖြင့် ခေါ်ဆောင်ကာ မကြီးစုရွာတွင် အရေးပေါ်ဆေးခန်းဖွင့်ခဲ့ရပါသည်။
အခြားရေမြုပ်ကျေးရွာများသို့ မချိတ်ဆက်နိုင်သေးပါ။ ထိုရွာများတွင်ဖြစ်ပျက်နေသော ဒေသခံများရင်ဆိုင်နေကြရမည့်အခြေအနေများကိုလည်း မသိရသေးပါ။ စိုးရိမ်ဖွယ်ဖြစ်ပါသည်။ အမြန်ဆုံးဆောင်ရွက်ရပါမည်။

အခြားရွာများသို့ချိတ်ဆက်ထောက်ပံ့ခြင်း၊ မြို့သို့ထောက်ပံ့ခြင်း စသည်ဖြင့် အလုပ်များစွာရှိနေသောကြောင့် ထောက်ပံ့ကူညီမည့်ရိက္ခာတင်ကားများ များပြားလာပါက လက်ရှိစက်လှေအရေအတွက်မှာ နည်းနေပါသည်။ လုပ်ငန်းပိုမိုတွင်ကျယ်ရန် စက်လှေအင်အား ထပ်လိုပါဦးမည်။
ညောင်အိုင်အိုင်ကျေးရွာမှ လူနေအိမ် ၃ လုံးမျောတယ်လို့ ဒေသခံတစ်ဦးကပြောပါသည်။

သတင်းမှားများ
°°°°°°°°°°°°°°°
» ကူညီထောက်ပံ့နိုင်ရန် လမ်းမကောင်းပါ။» ကူညီထောက်ပံ့နိုင်ရန် အစိုးရမှ လမ်းကြောပိတ်ဆို့ထားပါသည်။» နိုင်ငံတော်ပိုင်မီဒီယာမှကြေငြာသော
 စေတုတ္တရာမြို့ရေနစ်မြုပ်နေခြင်းမှာ ကောလဟာလသတင်းများသာဖြစ်သည်ဟုဆိုသောသတင်း

ဒေသခံစကား
°°°°°°°°°°°°°°
တကယ်တမ်းတော့ ဒီတမံကြီး 2 ခုရဲ့ကြံ့ခိုင်မှုကို အစ်ကိုတို့အသက်တွေနဲ့ရင်းပြီး စမ်းသတ်ခံလိုက်ရတာပါ။

မြို့နယ်ရဲ့အကြီးအကဲတွေ စီမံခန့်ခွဲမှု အရမ်းညံ့တယ်။ ပြင်ဆင်ချိန် အရမ်းနည်းတယ်။ ရေကိုလည်ပင်းလောက်ကူးပြီးမှ ပစ္စည်းတချို့ကိုသယ်ခဲ့ရတယ်။ တကယ်အန္တရာယ်ရှိတော့မှ ရေလွတ်ရာကိုအမြန်ရွေ့ကြပါ၊ တစ်ခုခုဖြစ်ရင် တာဝန်မယူနိုင်ဘူးဟု မြို့နယ်အကြီးအကဲများမှပြောကြတယ်။

ကပစ ၂၀ ကစစ်သားတွေ တအားကိုတော်တယ်။ တကယ်တမ်း ခုလိုအသေအပျောက်တွေမရှိတာ သူတို့တွေကြောင့်ပါ။ ပြောရရင် တစ်မြို့လုံးကိုကယ်သွားတယ်လို့တောင်ပြောလို့ရတယ်။

နိုင်ငံတော်ပိုင်မီဒီယာမှကြေငြာသော စေတုတ္တရာမြို့ရေနစ်မြုပ်နေခြင်းမှာ
ကာလာဟလသတင်းများသာဖြစ်ကြောင်း မဟုတ်မမှန်သတင်းကြောင့်
တစ်မြို့လုံးမှ ဒေါသထွက်စိတ်တို၊ ကျိန်ဆဲ။
ခုတော့လည်း သူတို့အကြောင်းသိသွားတာပေါ့။ နားထောင်လက်စရေဒီယိုကိုရိုက်ခွဲ
(တစ်ယောက်)။

ချိတ်ဆက်လက်စအလှူရှင်တချို့ရှိပါသည်။ ချိတ်ဆက်နေဆဲလည်းဖြစ်ပါသည်။
ဆက်လက်၍လည်း အလှူရှင်များအားဖိတ်ခေါ်အပ်ပါသည်ခင်ဗျာ။

မြတ်သူစိုး
09790712265
San Khani
စေတုတ္တရာမြို့နယ် ဖအိုင်းနှင့်မကြီးစုကြားကနေစီးဆင်းသွားတဲ့ကြီးချောင်းရေကြီးမှုကြောင့် မကြီးစုကျေးရွာရှိလယ်ကွင်းများရေလျှံပြီး သုံးပုံနှစ်ပုံခန့်ပျက်စီးကုန်သည်။ ၄င်းလယ်ကွင်းများသို့ကြီးချောင်းမှရေသွယ်ယူသည့်တူးမြောင်းမှာလည်းပျက်စီးသွားပြီဖြစ်သည်။ ယခုနှစ်လယ်စိုက်ပျိုးရန်မလွယ်တော့ကြောင်း မကြီးစုကျေးရွာတောင်သူများကပြောသည်။ ၄င်းဒေသရှိအခြားကျေးရွာများတွင်လည်းရေကြီးရေလျှံမှုများကြောင့် ယခုလိုလယ်မြေပျက်စီးမှုများစွာရှိကြောင်းသိရသည်။