Friday, August 7, 2015

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု ၁၂ပေ ရှိနေ

သထုံမြို့ နယ် အရှေ့ဘက်ခြမ်း ဒူးရင်းဆိပ်ကျေးရွာတွင် ရေကြီး/ရေလျှံမှုများ
 ဖြစ်ပေါ်နေပြီး သြဂုတ်လ ၆ ရက် နေ့က ရေ ၁၂ပေ အထိ
 ရောက်ရှိလာကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့ နယ် ဒူးရင်းဆိပ်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က
စတင်ကာ မိုးသည်းထန်စွာ ရွာ သွန်းခြင်း၊ တောင်ကျရေ
လိမ့်ဆင်းခြင်းတို့ကြောင့် ဒုံသမိချောင်း၊ ရေလျှံမှု ဖြစ်ပွားပြီး
 ရေကြီး ရေလျှံမှုများ ဖြစ် ပေါ်နေပြီး
 ရေဘေးရှောင် ဒေသခံပြည်သူ ၄၀၀ နီးပါးမှာ ရေလွတ်ရာ
ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ရွေ့ ပြောင်း နေထိုင်နေရကြောင်း သိရသည်။

သထုံမြို့နယ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုဥာဏ်မိုးကလည်း
“တချို့နိမ့်တဲ့အိမ် ၉၃အိမ် မြုပ်နေသေးတယ်
 ရေလည်း ထပ်တက်နေသေးတယ်။
တဲတစ်လုံးရဲ့တစက်မိတ်ထိပေါ့နော်”ဟု လည်း ဆက်ပြောသည်။

မွန်ပြည်နယ် သထုံခရိုင်တွင်ပါသည့် ကျိုက်ထို၊ ဘီလင်း၊ သထုံမြို့နယ်တို့တွင် ဇူလိုင်(၂၈)ရက်တွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူ ၅၀၀၀ကျော်ထိ ရှိနေသည်။
ကိုးကား ဧရာဝတီသတင်းဌာန




No comments:

Post a Comment