Friday, August 14, 2015

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်း

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်းကိုလေ့လာခြင်း အပိုင်း(၂)
၁၄-၈-၂၀၁၅ညနေ(၆း၃၉)နာရီ။

(၁) Madden-Julian Oscillation (MJO) ဆိုတာဟာ 30-60 days oscillation
လွှဲချိန်ရှိတဲ့ low frequency oscillation အမျိုးအစားဖြစ်ပါတယ်။
အဆိုပါ MJO peak area ဟာ တိမ်ဖြစ်ပေါ်မှုတွေ၊
မုန်တိုင်းဖြစ်ပေါ်မှုတွေအားကောင်းတဲ့ဒေသဖြစ်ပြီး၊ အများအားဖြင့် အီကွေတာတလျှောက်အနောက်မှအရှေ့ကိုရွေ့နေတဲ့ ဒေသဖြစ်ပါတယ်။
အဆိုပါ မုန်တိုင်းနဲ့တိမ်တွေအဖြစ်များတဲ့ဧရိယာရဲ့ အရှေ့ဖက်မှာ
 လေထုစိုက်ဆင်းနေတဲ့ဒေသဖြစ်ပေါ်တတ်ပြီး အများအားဖြင့် အဲဒီဒေသမှာ မိုးနည်းပြီး ခြောက်သွေ့တတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ
MJO Active ဧရိယာဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ ဗဟိုပြုနေခဲ့ပြီး၊
 ခြောက်သွေ့ဧရိယာကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်အလယ်ပိုင်းအပေါ်မှာ
ဗဟိုပြုနေခဲ့ပါတယ်။

(၂) အဲဒါကြောင့် ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ အာရေဗျပင်လယ် နဲ့
ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားဟာ အမြဲလိုကောင်းနေခဲ့ပြီး
မုတ်သုံမိုးတွေကောင်းခဲ့ပါတယ်။ အာရေဗျပင်လယ်ရော ဘင်္ဂလားပင်လယ်ရော
မုန်တိုင်းတွေဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ဆိုရင်
ဇွန်လမှစက်တင်ဘာလအတွင်း မုန်တိုင်းမဖြစ်တာ (၉)နှစ်ရှိခဲ့ပေမယ့်
ဒီနှစ်မှာတော့ ဇူလိုင်လမှာ ဆိုကလုန်း Koman ဖြစ်ခဲ့ပါတယ်။

(၃) မုတ်သုံမိုး၊ မုန်တိုင်းမိုးတွေကောင်းခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့
 မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသ(ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့
မကွေးတိုင်းအနောက်ပိုင်း)တို့ဟာ ကမ္ဘာ့အပူပိုင်းဒေသတစ်ခုလုံးမှာ
မိုးအများဆုံးရွာသွန်းခဲ့တဲ့ဒေသဖြစ်ခဲ့ပါတယ်။

ဒါဟာ ဒီနှစ် ဇူလိုင်လအတွင်း မိုးကြီးခြင်း နဲ့ ရေကြီးခြင်းကို ဖြစ်ပေါ်စေခဲ့တဲ့
 မိုးလေ၀သဆိုင်ရာအကြောင်းရင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
မှတ်ချက်။ Madden-Julian Oscillation (MJO) ခေါင်းစဉ်ဟာ ကျွန်တော် M.Sc. (USA) နဲ့ Ph.D.(Myanmar) တို့မှာ ပြုစုခဲ့တဲ့ သုတေသနခေါင်းစဉ်ဖြစ်ပါတယ်။



No comments:

Post a Comment