Saturday, August 1, 2015

ရခိုင်

Arakan State
Nay Min Aung မှ တင်ပြထားပါတယ်..
ရခိုင်ရေဘေးသေဆုံးသူ ၁၈ ဦးရှိပြီ
ရန်ကုန်၊ သြဂုတ် ၁
ရခိုင်ပြည်နယ် ရေဘေးတွင် သေဆုံးသူ ၁၈ ဦးရှိသွားပြီ ဖြစ်ကြောင်း ရခိုင်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက အတည်ပြု ပြောကြားသည်။
မြောက်ဦးမြို့နယ် ၄ ဦး၊ ကျောက်တော်မြို့နယ်တွင် ၁ ဦး၊ ပုဏ္ဍားကျွန်း မြို့နယ်တွင် ၁ ဦး၊ မောင်တောမြို့နယ်တွင် ၃ ဦးနှင့် ယနေ့ နောက်ထပ် ၀င်လာသော သတင်းအရ
မင်းပြားမြို့နယ်တွင် ၉ ဦး စုစုပေါင်း ၁၈ ဦး ဖြစ်ကြောင်း ပြောဆိုသည်။
ယနေ့ နောက်ဆုံး ရရှိသော စာရင်းအရ လူပေါင်း ၃၃၈၄၈ ဒုက္ခသည် အဖြစ်ဖြင့် ခိုလုံနေကြရပြီး အရေအတွက်မှာ ထိုထက်ပိုများနိုင်ကြောင်း ပြည်နယ် အထွေထွေ အုပ်ချုပ်ရေးမှူးက ပြောဆိုသည်။
ယခုအခါ ကယ်ဆယ်ရေးစခန်း ၅၃ ခု ဖွင့်လှစ်ထားပြီး မြို့နယ် ၉ ခုတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရသည်။
ဘူးသီးတောင်မြို့နယ်တွင်လည်း သေဆုံးသူ အရေအတွက်မှာ တစ်ဆယ်ကျော်ရှိကြောင်း ဦးကိုအောင်က နိရဉ္စရာသို့ ဆက်သွယ် ပြောကြားသည်။ ဘူးသီးတောင်သေဆုံးမှုနှင့် ပတ်သက်ပြီး သက်ဆိုင်ရာမှ အတည်ပြုချက်ရရှိနိုင်ရေး အတွက် နိရဉ္စရာမှ ကြိုးစားနေပါသည်။
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ယနေ့ အခြေအနေ...







No comments:

Post a Comment