Friday, July 31, 2015

ပွင့်ဖြူ

Bala Min Htin 2 hrs · Yenangyaung ·
https://www.facebook.com/profile.php?id=100004721355776

ရေဘေးသင့်ဒေသများဖြစ်သော ပွင့်ဖြူ ကြီးအုံကြီးဝ မုန်းချောင်း
မန်းချောင်း စေတုတ္တရာ ရွှေစက်တော် ဧရိယာများ ဝဲပတ်ပြီးကြည့်ရှု့ခဲ့ခြင်း
မှတ်တမ်းပုံများဖြစ်ပါသည် .....လမ်းပန်းဆက်သွယ်ရေးမကောင်းတော့ပါသဖြင့်
စားနပ်ရိက္ခာများခက်ခဲလျက်ရှိပါသည်.....အလှူရှင်များစွာအတွက်
နှိုးဆော်တိုက်တွန်းအပ်ပါတယ်ခင်ဗျာ..... — feeling sorry.

၂၀၁၅မြန်မာ့ရေဘေးမှာ တပ်မတော်လေနှင့်အတူ
ကယ်ဆယ်ရေးတာဝန်များကို ထမ်းဆောင်နေသော Bala Min Htin ရဲ့
လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများမှ ဓါတ်ပုံအချို့ကိုတင်ပြလိုက်ပါတယ်..









Myanmar Flood Affected Areas

Myanmar Flood Affected Areas (30 July 2015)
Source: OCHA - Relief Web
https://www.facebook.com/wanna.more
ယခုအချိန်အထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လူပေါင်းတစ်သိန်း ကျော် အိုးအိမ်မဲ့ ရေဘေး ဒုက္ခသည်ဖြစ်နေပြီး တိုင်းနှင့် ပြည်နယ်ပေါင်း ၁၁ခု အထိ ဘေးဒုက္ခသင့်ဖွယ်ရာ ရှိသော မြန်မာ နိုင်ငံ ရေဘေးအတွက် မြန်မာနိုင်ငံ အစိုးရမှ UN နှင့် NGO များကို တရားဝင် အကူအညီ တောင်းပြီUNOCHA မှ ထုတ်ပြန်သော သတင်းတို ဘာသာပြန်
မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဇူလိုင်လ အတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးမှု ဖြစ်စဉ်တွင်

လက်ရှိ အချိန်ထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၆၇၀၀၀ မှ ၁၁၀၀၀၀ အထိ ရေဘေး ဒုက္ခသင့်နေကြကြောင်း မကြာခင်က အစိုးရ လူပြန်ကယ် ဝန်ကြီးဌာန Relief and Resettlement Department RRD နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင် ခဲ့သော Inter Agency Assessment မှ တွေ့ရှိ ခဲ့ကြောင်း OCHA မှ သတင်းထုတ်ပြန် ပါသည်။Wanna More Associate Director (Social Insight)at MMRD Past UNHCR or UNDPလက်ရှိအချိန်တွင် ရေဘေးကို အစိုးရ။ တပ်မတော်။ ကြက်ခြေနီနှင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းများမှ တုံပြန် နေပြီး ကယ်ဆယ်ရေး အစားအစာ ဆေးဝါး နှင့် စောင် အစရှိသည့် လိုအပ်သည်များကို ဝေချမ်း ကူညီ လှုဒါန်း နေပါသည်။

မြန်မာ အစိုးရ ၏ အကူအညီ တောင်းခံမှု အရ UN နှင့် NGO များမှ ရေဘေးတွင် စတင် ပါဝင် ကူညီနေပါပြီ။ လောလောဆယ် WFP မှ လူ ၁၀၈၈၀ ခန့် အတွက် စားနပ် ရိက္ခာများ ကို dispatched လုပ် လိုက်ပြီး ကောလင်း နှင့် ကန့်ဘလူ ဒေသများတွင် ရိက္ခာများနှင့် စွမ်းအားမြင့် ဘီစကစ်များကို တစ်လစာ ရာရှင် အဖြစ် နောက်အပတ်မှ စ၍ ဝေဌ သွားမည် ဖြစ်ပါ သည်။ UN နှင့်NGO များမှ ရေသန့် ဆေးပြားများ ကိုလဲ စစ်ကိုင်းတိုင်း တွင် ဝေဌနေဆဲ ဖြစ်ပြီး ထပ်မံလိုအပ် ဦးမည် ဖြစ်ပါသည်။ ကချင် ပြည်နယ်တွင်လဲ စားနပ်ရိက္ခာ ဆေးဝါး NFI နှင့် WASH အကူအညီများ ပေးအပ်နေပါပြီ။

ရခိုင်ပြည်နယ်တွင်လဲ ရာသီဥတု အခြေအနေ ပေးလျင် အကူအညီ ပေးရန် လိုအပ်ချက်များ ကို နောက်ထပ် လေ့လာ ဆန်းစစ် တိုင်းတာမှု များ လုပ်ဆောင်ဦးမည် ဖြစ်ပါသည်။

စစ်ကိုင်း။ မန္တလေး။ မကွေး။ ပဲခူး။ ရန်ကုန်။ ဧရာဝတီ။ ရှမ်း။ ချင်း။ ရခိုင် နှင့် မွန် ဒေသများတွင် လာမည့် ရက်များ၌ ဆက်လက် မိုးကြီး ပြီး လေထန် မည်ဟု မြန်မာနိုင်ငံ မိုးဇလ ဌာနမှ ခန့်မှန်းထားပါသည်။

ထို့ကြောင့် လက်ရှိ အခြေအနေမှာ ခန့်မှန်းရခက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လာမည့်ရက်များအတွင်း ယခုထက် ပိုမိုသော လူပေါင်း များစွာ သဘာဝ ဘေး အန္တရာယ်သင့် နိုင်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စိုးရိမ်ရပါသည်။လူ ၂၁ ဦး သေပြီးမှပဲ National Disaster အဆင့်ရောက် State of Emergency ကြေငြာ ရတာကိုး။အခု ကြေငြာချက်တွေ လုပ်ဆောင်ချက်တွေ ဟာ နောက်ကျနေပေမဲ့ စောစောပိုင်းမှာ လုပ်ဆောင် ပေးခဲ့တဲ့ RRD MCRS အစိုးရ တပ်မတော်နဲ့ CSO များ ကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူး အထူးတင်ပါတယ်။

မိုးဇလ ခန့်မှန်းမှု အရ မကြာခင် ရက်များ အတွင်း ရန်ကုန် အပါအဝင် မြန်မာ တစ်နိုင်ငံ လုံးနီးပါး ရေဘေးသင့်နိုင် သောကြောင့်UN OCHA ရဲ့ Coordination အောက်မှာ အားလုံး ဝင်ရောက် ပူးပေါင်းပြီး လုပ်တတ်တဲ့ Emergency Response Expert တွေကို သာ ဦးဆောင် လုပ်ခွင့် ပေးလိုက်ပါရန်။

ပြည်

ပြည်မြို့ရေကြီးမှုအခြေအနေ
ပြည်မြို့တွင်အိမ်ခြေ ငါးရာနီးပါး ရေနစ်မြုပ်နေပြီး ရေဘေး ဒုက္ခသည်ဦးရေ တစ်ထောင်ကျော်ရှိနေပြီဖြစ်ကြောင်း ရေဘေးကယ်ဆယ်ရေးစခန်း
မှတ်တမ်းများအရသိရသည်။
ရေဘေးကယ်ဆယ်ရေးစခန်းများအဖြစ် န၀င်းရပ်ကွက်ရှိဝါဆို 

ဘုန်းကြီးကျောင်း၊ရွှေပလ္လင်မော် ဘုန်းကြီးကျောင်း၊န၀င်း မူလတန်းကျောင်း၊န၀င်းတာရိုးနှင့်ဖိုးခေါင်၊ချောင်းနား တန်းရွာတို့တွင် (၅)ခုဖွင့်လှစ်ထားပြီးလူမှုအဖွဲ့စည်းများ၊ဒေသခံများ၊ခရိုင်အုပ်ချုပ်ရေးဝန်ထမ်းများကျန်းမာရေး ၀န်ထမ်းများ၊ရဲတပ်ဖွဲ့၊မီးသတ်၊
ကြက်ခြေနီများ၊ပါတီများမှအထောက်ပံ့များ၊ကယ်ဆယ်ကူညီရေး များဆောင်ရွက်လျှက်ရှိသည်။
ဧရာဝတီမြစ်ရေသည်နံနက် ၁၁နာရီခွဲတိုင်းတာ ချက်အရ ပြည်မြို့၏ စိုးရိမ်ရေအမှတ် ၂၉၀၀ စတင်မီတာအထက် ၂၀ စင်တီမီတာကျော်လွန်နေပြီး
ဆက်လက်မြှင့်တက်နိုင်ကြောင်း ပြည်၊မိုး/ဇလမှသိရသည်။

(ဓာတ်ပုံ - ဇော်မင်းထိုက်)7Day News Journal's post.



ဟားခါး

ဟားခါးမြို့အထက်ရှိ ရုန်းတောင်ကွဲအက်လာခြင်းကြောင့်
 မြို့၏အိမ်ခြေ သုံးပုံနှစ်ပုံခန့်မှအိမ်ထောင်စုများကို
ရွှေ့ဆိုင်းရန်ညွှန်ကြားထား၊
ပြည်သူ့ဆေးရုံမှလူနာများကိုလည်းယနေ့စရွေ့မည်
https://www.facebook.com/pages/Chin-World/167011980026853

၁ သြဂုတ် ၂၀၁၅
Salai Hung Tun Geiမိုးအဆက်မပြတ်ရွာသွန်းပြီး မြေများဆက်လက်ပြိုနေခြင်းကြောင့်
ဟားခါမြို့၏ သုံးပုံနှစ်ပုံခန့်ကို ပြောင်းရွှေ့ရန် ပြည်နယ်အစိုးရအဖွဲ့ကညွှန်ကြားထားကြောင်း
သြဂုတ်လ (၁) ရက်နေ့တွင် ဒေသခံများ၏ ပြောကြားချက် အရသိရသည်။ဇူလိုင်လ တတိယပတ်မှဆက်တိုက်ရွာသွန်းခဲ့သည့်မိုးကြောင့် ယခုအခါ မြို့ဟောင်းရပ်ကွက်တစ်ခုလုံး ပျက်စီးသွားသည့်အပြင် ယခု ဟားခါး အထက်ရှိရုန်းတောင်မြေထပ်မံ ကွဲအက်လာခြင်းကြောင့်
 ဈေးသစ်ရပ် ကွက်နေရာအချို့၊ ပြည်တောင်သာရပ်ကွက်၊ ဂန့်ဂေါလမ်းရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်များမှနေအိမ်များကို ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးအုပ် ဦးနိန်ဟုန်းက “ အခုဟားခါးမြို့ အထက်က ရုန်းတောင်ကတောင် လျှောက်မြေပြို ပြီး ရေတွေဒလဟော ကျလာတယ်။ သိရတာကတော့ မနေ့ညကလည်း အဲဒီတောင်ပေါ်မှာ အတော်ကြီးတဲ့အက်ကြောင်းဖြစ်တယ်လို့သိရတယ်။
ဒါကြောင့် အဲဒီနေရာ ပြိုရင် မလွတ်မယ့် နေရာအားလုံးကို မြို့သစ်ရပ်ကွက်ဖက် ကိုရွှေ့ဖို့ ပြည် နယ်အစိုးရကညွှန်ကြားထားတယ်။ ကုတင် (၂၀၀) ဆန့် ပြည်သူ့ဆေးရုံကို လည်း နည်းပညာတက္ကသိုလ်မှာ ဒီနေ့ကစပြီးပြောင်းရွှေ့ဖို့လုပ်နေကြပြီ” ဟုပြောသည်။လက်ရှိအချိန်အထိ ဟားခါးမြို့နှင့် ဆက်သွယ်သည့် ကားလမ်းများသည် လည်း မြေများပြို၍ ပျက်စီးခြင်းကြောင့် ကုန်ဈေးနှုန်းများ (၅) ဆကျော်တက်ခဲ့ပြီး ယခုဝယ်ရန်ပင်မရှိတော့
ကြောင်းသိရသည်။

“ဆန်တစ်အိတ်ကို ၁ သိန်းအထိရောက်တယ်။ ဒါပေမယ့် အခုအဲဒါဝယ် စရာကိုမရှိတော့တာ။ ခေါက်ဆွဲခြောက်စတဲ့ အရန်စာတွေလည်း ၀ယ်မယ့်နေရာမရှိတော့ဘူး” ဟုချင်းလူမှုအဖွဲ့အစည်းကွန်ယက်မှ ဦးဂျာကော့ထန်ကပြောသည်။အိမ်ယာမြေစွန့်ခွါရခြင်းကြောင့် အခက်အခဲဒုက္ခခံနေရသည့် အိမ်ခြေ ၇၀၀ ကျော်မှ
လက်ရှိအချိန်တွင် လူဦးရေပေါင်း (၃၀၀၀) နီးပါးအခက် အခဲကြုံတွေ့နေရကြောင်း
 ဒေသအခြေစိုက် မီဒီယာများထံမှသိရသည်။
လက်ပန်းဆက်သွယ်ရေးပြတ်တောက်သွားသည့်အတွက် အခြားပြင်ပမှလည်း စားနပ်ရိက္ခာများထောက်ပံ့နိုင်ခြင်းမရှိခြင်းကြောင့် ဒေသခံများအနေဖြင့်လည်း စိုးရိမ်လျက်ရှိသည်။

ချင်းလူငယ်အဖွဲ့အတွင်းရေးမှုး ဆလိုင်းငွန်အုပ်ထန်က “ ဆန်ကိစ္စကြောင့်
ဆွမျိုးအချင်းချင်းတောင်မတည့်တော့ဘူး။ ဘဏ်ဆိုရင်လည်း တခြားနေရာကနေလွှဲလို့
မရတော့ဘူး” ဟုပြောသည်။နိုင်ငံတော်သမ္မတရုံးမှ ဇူလိုင် (၃၁) ရက်နေ့တွင် သဘာဝအန္တရယ်ကျရောက် မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားပြီး မူလအခြေအနေပြန်လည်ရောက် ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့် ဒေသအဖြစ် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ကြောင်း ကြောညာခဲ့သည်။



ရာဇဂြိုဟ်ဆည်

ရာဇဂြိုဟ်ဆည် (၁၁း၀၀) နာရီ ရေမှတ် RL 654.50´ ဖြစ်လာပါသည်။
ရေပိုလွှဲပေါ်မှ ၁၄.၅ ပေထိ ဖြတ်ကျော် စီးဆင်းနေပါသည်။
ရေလွတ်အမြင့် (၅.၅)ပေ ကျန်ရှိပါသည်။ ရေတက်နှုန်း ပြန်လည်
မြန်ဆန်လာသည့်အတွက် အထူး သတိပြု ကြစေလိုပါသည်။
တမံအတွင်း သစ်တုံးများ မျောပါလာမှု များပြားနေ။
ဝန်ထမ်းများမှ စက်ယန္တရားကြီးများဖြင့်
အစွမ်းကုန် ကြိုးစား ဆောင်ရွက်လျက် ရှိပါသည်။
Photo - Banyar Soe
https://www.facebook.com/akyawzaw
ဆည်အခြေအနေမှာ ကောင်းမွန်လျက်ရှိ။ ဆည်မြောင်းရုံး ရေငုတ်.






သဲကုန်း

သဲကုန်း စားသောက်ကုန်ပစ္စည်းထောက်ပံ့

(31.7.2015)ရက်နေ့တွင် သဲကုန်းမြို့နယ်အတွင်းရှိ
ဆောက်ခြုံကြီးအုပ်စု ၊ ဆောက်ခြုံကြီးရွာရှိ အိမ်ခြေ(၇၁)လုံးအား
ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်ဇနီး မိသားစုမှ ရေသန့်ဗူးကြီးများ၊
ပြည်ခိုင်ဖြိုးပါတီမှ ခေါက်ဆွဲခြောက်ထုပ်များ သွားရောက်လှူဒါန်းခဲ့ပြီး
မြို့နယ်ကျေးလက်ဌာနမှ အုပ်ဖိုအုပ်စု ၊ အောင်ကုန်းကျေးရွာရှိ
အိမ်ခြေ (၉၂)လုံးအား ခေါက်ဆွဲခြောက်ထုပ်များနှင့်
 ငါးသေတ္တာဗူးများ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း
GA ၀န်ထမ်းHtet Min ၏လှုပ်ရှားမှုပုံရိပ်များဖြစ်တယ်..






ကလေးမြို့သို့ ရိက္ခာနှင့် ပစ္စည်းများ ထောက်ပံ့

ကလေးမြို့သို့ ရိက္ခာနှင့် ပစ္စည်းများ ထောက်ပံ့ပေးရန်
အတွက် ရေလွှမ်းမိုးခြင်းကို ဆိုးရွားစွာ ကြုံတွေ့နေရပြီး၊
အရေးပေါ် ကူညီကယ်ဆယ်ရေးများ လိုအပ်နေသည့်
အတွက် ကမ္ဘောဇလေကြောင်းလိုင်းဖြင့် ယနေ့နံနက်ပိုင်းတွင်
ရန်ကုန်မြို့မှ ထွက်ခွာသွားပြီဖြစ်သည်။
ဓာတ်ပုံ- ကျော်ဇင်သန်း
https://www.facebook.com/7daynews





အောင်လံ


အာင်လံမြို့အခြေအနေ
အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနေပြီး
ယနေ့ သြဂုတ်လ ၁ရက် နံနက် ၈နာရီခွဲအချိန်တိုင်းထွာချက်အရ
မြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ၂၅၆၉ စင်တီမီတာအထိ
ကျော်လွန်ရောက်ရှိလာကြောင်း အောင်လံ မိုးလေဝသနှင့်
ဇလဗေဒဦးစီးဌာနမှသတင်းရရှိသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် မြို့ပေါ်ရှိရပ်ကွက်အချို့တွင်
ရေဝင်ရောက်နေပြီး ကမ်းနားတစ်လျှောက်ရှိ ဈေးကုန်း ဗိုလ်ကုန်း၊
သရက်တော ၊ကန်ကြီး၊ စမ်းချောင်းရပ်ကွက်များ တွင်
ရေလွှမ်းသွားပြီဖြစ်ကြောင်း မြို့ခံသတင်းထောက်က
သတင်းပေးပို့သည်။
ဆိုင်ခန်းပေါင်း ငါးရာရှိသည့် အောင်လံ မြို့မဈေးကြီးကိုလည်း
ရေစတင်ဝင်လာပြီဖြစ်သဖြင့် အရေးပေါ်ပြောင်းရွေ့မှုများ
ပြုလုပ်နေရသည်။ အောင်လံ  အထက၂ ကျောင်းအတွင်းသို့
ကျောင်းဝင်းအပြည့် ရေဝင်ရောက်နေပြီဖြစ်သည်။
အောင်လံကုသိနာရုံဘုရားစောင်းတန်း၊
လယ်ပြင်ဘုန်းတော်ကြီးကျောင်းများတွင်ယာယီရေ
ဘေးဒုက္ခသည်စခန်းများဖွင့်ထားသော်လည်းနေထိုင်သူနည်းပါးပြီး
 နီးစပ်ရာကုန်းမြင့်နေရာများနှင့် ရန်ကုန်မကွေးကားလမ်း
မကြီးဘေးတွင် ဖြစ်သလိုယာယီတဲငယ်များထိုးကာနေထိုင်နေကြရသည်။
လူမှုရေအသင်းအဖွဲ့များ စေတနာရှင်များက ဆန်ဆီစသည်များလာရောက်
လှူဒါန်းမှုများရှိသော်လည်း သောက်ရေနှင့် ဆေးဝါး များအဓိကလိုအပ်နေကြောင်း
လည်းရေဘေ ရေဘေးသင့်ဒေသခံများကဆိုသည်။
https://www.facebook.com/7daynews




မြန်မာ့လေကြောင်း ATR 42 လေယာဉ်၏ဆောင်ရွက်ချက်

အဆက်အသွယ်ပြတ်တောက်ပြီး အရေးပေါ်အကူအညီများလိုအပ်နေသော
ကလေးမြို့သို့ ရိက္ခာထောက်ပံ့ရန် ယနေ့ (သြဂုတ်လ ၁ ရက်) နံနက်က
မုံရွာ မြို့မှ တပ်မတော်ရဟတ်ယာဉ် MI 17 ဖြင့် ထွက်ခွာခဲ့သော်လည်း
ရာသီဥတုအခြေအနေဆိုးရွားသဖြင့် ပြန်လှည့်ခဲ့ရသည်။
ထို့ကြောင့် ရိက္ခာနှင့်အထောက်အပံ့ပစ္စည်းများကို
ATR 42 လေယာဉ်အမျိုးအစားဖြင့် ပို့နိုင်ရန် မုံရွာမြို့
အလုံလေယာဉ်ကွင်းတွင် ပြင်ဆင်နေကြစဉ်
(မြန်မာ့လေကြောင်း၏ ဆောင်ရွက်ချက်များ)
(ဓာတ်ပုံ - မျိုးမင်းဦး)
https://www.facebook.com/7daynews



မော်လမြိုင်ကားလမ်း

မော်လမြိုင်ကားလမ်းမကြီးပေါ်က
ဘီးလင်း နှင့် သထုံကြားရေကြီး
ရေလွှမ်းမှုမြင်ကွင်းများတွေ့ရစဉ်။




ပွင့်ဖြူ အခြေအနေ

အရေးပေါ်ကယ်ဆယ်ပေးကြပါ
ပွင့်ဖြူမြို့နှင့် မြို့နယ်တစ်ခုလုံး ရေမြုပ်ကုန်ပါပြီ
ကယ်ဆယ်ရေးစခန်းမှာရောက်နေသောညီငယ်မှအခု
viberမှ ပုံများပို့လိုက်ပါတယ်။ လူနှင့် တိရိစ္ဆာန်များသေဆုံးမှုဖြစ်နေပြီး
အချို့ကျေးရွာများတွင် လူများမထွက်နိုင်ပဲ ပိတ်မိနေသသဖြင့်
အသက်အန္တရာယ်စိုးရိမ်ရသည့်အတွက် အရေးပေါ်ကယ်ဆယ်ကြဖို့လိုအပ်
နေကြောင်းသိရပါတယ်။ သွားရောက်ကယ်ဆယ်မည့်သူများ
မကွေးဖက်မှ တဆင့်သွားမှရနိုင်မည်ဟုပြောပါသည်။
https://www.facebook.com/soe.thiha.520
ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားပုံ



ချင်း

ချင်းပြည်နယ်အခြေအနေမကောင်းတော့ပါဟု
https://www.facebook.com/salai.thawng.1

လမ်းပန်ဆက်သွယ်ရေး ခက်ခဲသွားပုံများကို
သတင်းဓါတ်ပုံပေးပို့ထားပါတယ်..