Friday, July 31, 2015

ဟားခါး

ဟားခါးမြို့အထက်ရှိ ရုန်းတောင်ကွဲအက်လာခြင်းကြောင့်
 မြို့၏အိမ်ခြေ သုံးပုံနှစ်ပုံခန့်မှအိမ်ထောင်စုများကို
ရွှေ့ဆိုင်းရန်ညွှန်ကြားထား၊
ပြည်သူ့ဆေးရုံမှလူနာများကိုလည်းယနေ့စရွေ့မည်
https://www.facebook.com/pages/Chin-World/167011980026853

၁ သြဂုတ် ၂၀၁၅
Salai Hung Tun Geiမိုးအဆက်မပြတ်ရွာသွန်းပြီး မြေများဆက်လက်ပြိုနေခြင်းကြောင့်
ဟားခါမြို့၏ သုံးပုံနှစ်ပုံခန့်ကို ပြောင်းရွှေ့ရန် ပြည်နယ်အစိုးရအဖွဲ့ကညွှန်ကြားထားကြောင်း
သြဂုတ်လ (၁) ရက်နေ့တွင် ဒေသခံများ၏ ပြောကြားချက် အရသိရသည်။ဇူလိုင်လ တတိယပတ်မှဆက်တိုက်ရွာသွန်းခဲ့သည့်မိုးကြောင့် ယခုအခါ မြို့ဟောင်းရပ်ကွက်တစ်ခုလုံး ပျက်စီးသွားသည့်အပြင် ယခု ဟားခါး အထက်ရှိရုန်းတောင်မြေထပ်မံ ကွဲအက်လာခြင်းကြောင့်
 ဈေးသစ်ရပ် ကွက်နေရာအချို့၊ ပြည်တောင်သာရပ်ကွက်၊ ဂန့်ဂေါလမ်းရပ်ကွက်နှင့် ကွက်သစ်ရပ်ကွက်များမှနေအိမ်များကို ပြောင်းရွှေ့ခိုင်းခြင်းဖြစ်သည်။ချင်းပြည်နယ် ကျန်းမာရေးဦးစီးဌာနရုံးအုပ် ဦးနိန်ဟုန်းက “ အခုဟားခါးမြို့ အထက်က ရုန်းတောင်ကတောင် လျှောက်မြေပြို ပြီး ရေတွေဒလဟော ကျလာတယ်။ သိရတာကတော့ မနေ့ညကလည်း အဲဒီတောင်ပေါ်မှာ အတော်ကြီးတဲ့အက်ကြောင်းဖြစ်တယ်လို့သိရတယ်။
ဒါကြောင့် အဲဒီနေရာ ပြိုရင် မလွတ်မယ့် နေရာအားလုံးကို မြို့သစ်ရပ်ကွက်ဖက် ကိုရွှေ့ဖို့ ပြည် နယ်အစိုးရကညွှန်ကြားထားတယ်။ ကုတင် (၂၀၀) ဆန့် ပြည်သူ့ဆေးရုံကို လည်း နည်းပညာတက္ကသိုလ်မှာ ဒီနေ့ကစပြီးပြောင်းရွှေ့ဖို့လုပ်နေကြပြီ” ဟုပြောသည်။လက်ရှိအချိန်အထိ ဟားခါးမြို့နှင့် ဆက်သွယ်သည့် ကားလမ်းများသည် လည်း မြေများပြို၍ ပျက်စီးခြင်းကြောင့် ကုန်ဈေးနှုန်းများ (၅) ဆကျော်တက်ခဲ့ပြီး ယခုဝယ်ရန်ပင်မရှိတော့
ကြောင်းသိရသည်။

“ဆန်တစ်အိတ်ကို ၁ သိန်းအထိရောက်တယ်။ ဒါပေမယ့် အခုအဲဒါဝယ် စရာကိုမရှိတော့တာ။ ခေါက်ဆွဲခြောက်စတဲ့ အရန်စာတွေလည်း ၀ယ်မယ့်နေရာမရှိတော့ဘူး” ဟုချင်းလူမှုအဖွဲ့အစည်းကွန်ယက်မှ ဦးဂျာကော့ထန်ကပြောသည်။အိမ်ယာမြေစွန့်ခွါရခြင်းကြောင့် အခက်အခဲဒုက္ခခံနေရသည့် အိမ်ခြေ ၇၀၀ ကျော်မှ
လက်ရှိအချိန်တွင် လူဦးရေပေါင်း (၃၀၀၀) နီးပါးအခက် အခဲကြုံတွေ့နေရကြောင်း
 ဒေသအခြေစိုက် မီဒီယာများထံမှသိရသည်။
လက်ပန်းဆက်သွယ်ရေးပြတ်တောက်သွားသည့်အတွက် အခြားပြင်ပမှလည်း စားနပ်ရိက္ခာများထောက်ပံ့နိုင်ခြင်းမရှိခြင်းကြောင့် ဒေသခံများအနေဖြင့်လည်း စိုးရိမ်လျက်ရှိသည်။

ချင်းလူငယ်အဖွဲ့အတွင်းရေးမှုး ဆလိုင်းငွန်အုပ်ထန်က “ ဆန်ကိစ္စကြောင့်
ဆွမျိုးအချင်းချင်းတောင်မတည့်တော့ဘူး။ ဘဏ်ဆိုရင်လည်း တခြားနေရာကနေလွှဲလို့
မရတော့ဘူး” ဟုပြောသည်။နိုင်ငံတော်သမ္မတရုံးမှ ဇူလိုင် (၃၁) ရက်နေ့တွင် သဘာဝအန္တရယ်ကျရောက် မှုကြောင့် ထိခိုက်ပျက်စီးမှုကြီးမားပြီး မူလအခြေအနေပြန်လည်ရောက် ရှိရေး ဆောင်ရွက်ရာတွင် အခက်အခဲရှိမည့် ဒေသအဖြစ် ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ် တို့ဖြစ်ကြောင်း ကြောညာခဲ့သည်။



No comments:

Post a Comment