Friday, July 31, 2015

Myanmar Flood Affected Areas

Myanmar Flood Affected Areas (30 July 2015)
Source: OCHA - Relief Web
https://www.facebook.com/wanna.more
ယခုအချိန်အထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လူပေါင်းတစ်သိန်း ကျော် အိုးအိမ်မဲ့ ရေဘေး ဒုက္ခသည်ဖြစ်နေပြီး တိုင်းနှင့် ပြည်နယ်ပေါင်း ၁၁ခု အထိ ဘေးဒုက္ခသင့်ဖွယ်ရာ ရှိသော မြန်မာ နိုင်ငံ ရေဘေးအတွက် မြန်မာနိုင်ငံ အစိုးရမှ UN နှင့် NGO များကို တရားဝင် အကူအညီ တောင်းပြီUNOCHA မှ ထုတ်ပြန်သော သတင်းတို ဘာသာပြန်
မြန်မာနိုင်ငံ အထက်ပိုင်းတွင် ဇူလိုင်လ အတွင်း ဖြစ်ပေါ်ခဲ့သော ရေကြီးမှု ဖြစ်စဉ်တွင်

လက်ရှိ အချိန်ထိ လူပေါင်း ၂၁ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၆၇၀၀၀ မှ ၁၁၀၀၀၀ အထိ ရေဘေး ဒုက္ခသင့်နေကြကြောင်း မကြာခင်က အစိုးရ လူပြန်ကယ် ဝန်ကြီးဌာန Relief and Resettlement Department RRD နှင့် ပြည်တွင်း ပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း လုပ်ဆောင် ခဲ့သော Inter Agency Assessment မှ တွေ့ရှိ ခဲ့ကြောင်း OCHA မှ သတင်းထုတ်ပြန် ပါသည်။Wanna More Associate Director (Social Insight)at MMRD Past UNHCR or UNDPလက်ရှိအချိန်တွင် ရေဘေးကို အစိုးရ။ တပ်မတော်။ ကြက်ခြေနီနှင့် အရပ်ဘက် လူမှု အဖွဲ့ အစည်းများမှ တုံပြန် နေပြီး ကယ်ဆယ်ရေး အစားအစာ ဆေးဝါး နှင့် စောင် အစရှိသည့် လိုအပ်သည်များကို ဝေချမ်း ကူညီ လှုဒါန်း နေပါသည်။

မြန်မာ အစိုးရ ၏ အကူအညီ တောင်းခံမှု အရ UN နှင့် NGO များမှ ရေဘေးတွင် စတင် ပါဝင် ကူညီနေပါပြီ။ လောလောဆယ် WFP မှ လူ ၁၀၈၈၀ ခန့် အတွက် စားနပ် ရိက္ခာများ ကို dispatched လုပ် လိုက်ပြီး ကောလင်း နှင့် ကန့်ဘလူ ဒေသများတွင် ရိက္ခာများနှင့် စွမ်းအားမြင့် ဘီစကစ်များကို တစ်လစာ ရာရှင် အဖြစ် နောက်အပတ်မှ စ၍ ဝေဌ သွားမည် ဖြစ်ပါ သည်။ UN နှင့်NGO များမှ ရေသန့် ဆေးပြားများ ကိုလဲ စစ်ကိုင်းတိုင်း တွင် ဝေဌနေဆဲ ဖြစ်ပြီး ထပ်မံလိုအပ် ဦးမည် ဖြစ်ပါသည်။ ကချင် ပြည်နယ်တွင်လဲ စားနပ်ရိက္ခာ ဆေးဝါး NFI နှင့် WASH အကူအညီများ ပေးအပ်နေပါပြီ။

ရခိုင်ပြည်နယ်တွင်လဲ ရာသီဥတု အခြေအနေ ပေးလျင် အကူအညီ ပေးရန် လိုအပ်ချက်များ ကို နောက်ထပ် လေ့လာ ဆန်းစစ် တိုင်းတာမှု များ လုပ်ဆောင်ဦးမည် ဖြစ်ပါသည်။

စစ်ကိုင်း။ မန္တလေး။ မကွေး။ ပဲခူး။ ရန်ကုန်။ ဧရာဝတီ။ ရှမ်း။ ချင်း။ ရခိုင် နှင့် မွန် ဒေသများတွင် လာမည့် ရက်များ၌ ဆက်လက် မိုးကြီး ပြီး လေထန် မည်ဟု မြန်မာနိုင်ငံ မိုးဇလ ဌာနမှ ခန့်မှန်းထားပါသည်။

ထို့ကြောင့် လက်ရှိ အခြေအနေမှာ ခန့်မှန်းရခက် စိုးရိမ်ဖွယ်ရာ ဖြစ်ပြီး လာမည့်ရက်များအတွင်း ယခုထက် ပိုမိုသော လူပေါင်း များစွာ သဘာဝ ဘေး အန္တရာယ်သင့် နိုင်သည်။ အထူးသဖြင့် ရခိုင်ပြည်နယ်မှာ စိုးရိမ်ရပါသည်။လူ ၂၁ ဦး သေပြီးမှပဲ National Disaster အဆင့်ရောက် State of Emergency ကြေငြာ ရတာကိုး။အခု ကြေငြာချက်တွေ လုပ်ဆောင်ချက်တွေ ဟာ နောက်ကျနေပေမဲ့ စောစောပိုင်းမှာ လုပ်ဆောင် ပေးခဲ့တဲ့ RRD MCRS အစိုးရ တပ်မတော်နဲ့ CSO များ ကိုတော့ ဘယ်လိုပဲ ဖြစ်ဖြစ် ကျေးဇူး အထူးတင်ပါတယ်။

မိုးဇလ ခန့်မှန်းမှု အရ မကြာခင် ရက်များ အတွင်း ရန်ကုန် အပါအဝင် မြန်မာ တစ်နိုင်ငံ လုံးနီးပါး ရေဘေးသင့်နိုင် သောကြောင့်UN OCHA ရဲ့ Coordination အောက်မှာ အားလုံး ဝင်ရောက် ပူးပေါင်းပြီး လုပ်တတ်တဲ့ Emergency Response Expert တွေကို သာ ဦးဆောင် လုပ်ခွင့် ပေးလိုက်ပါရန်။

No comments:

Post a Comment