Friday, July 31, 2015

ကလေးမြို့ 31.7.2015

စစ်ကိုင်းတိုင်းအထက်ပိုင်း၌ မိုးဆက်တိုက်ရွာသွန်းနေသည်အတွက်
မနေ့ည ကတည်း ကလေးမြို့တွင်း ရေများထပ်မံဝင်ရောက်လာသည့်အတွက်
အဆက်အသွယ်များပြတ်တောက်သွားပြီဟု မြို့ခံများထံမှသိရသည်။
ရာဇဂြိုလ်ဆည်မှလည်း စီးဝင်လာသည့် ရေများကို ရေပိုလွှဲမှ
တဆင့် ထုတ်လွှတ်နေရပြီး မိုးကလည်း ဆက်တိုက် ရွာသွန်းသည့်အတွက်
 မြို့တွင်းသို့ ရေများ ထပ်မံဝင်ရောက်လာခြင်းဖြစ်သည်၊ ယခုအခါ မန္တလေး၊
မုံရွာစသည့်မြို့များနှင့် လည်း အဆက်အသွယ်ပြတ်တောက်နေသလို
တမူးလမ်းနှင့်လည်း ပြတ်တောက်နေပြီဖြစ်သည်။
The Irrawaddy (Burmese Version)
added 3 new photos.
https://www.facebook.com/IrrawaddyBurmese/posts/1050326285011523



No comments:

Post a Comment