Friday, July 31, 2015

ရေဘးသင့်ပြည်သူများနှင့်ကျွဲနွား


သရက်မြို့နယ် ရေပေါ်ကျွန်းကျေးရွာတွင်
ဧရာဝတီ မြစ်ရေ ရေဘးသင့်ပြည်သူများနှင့်ကျွဲနွား
တိရစ္ဆာန်များအားမိုးထဲရေထဲကူညီနေကြသည်

မကွေးတိုင်းဒေသကြီး သရက်ခရိုင် သရက်မြို့နယ်
ရေပေါ်ကျွန်းကျေးရွာရေဘေးသင့်ပြည်သူရေလွတ်ရာ
သိုပြောင်းရွှေ့နေထိုင်ရေးအတွက်သရက်ခရိုင်/မြို့နယ်
အုပ်ချုပ်ရေးမှူးတို့အကူအညီဖြင့်ီဆောင်ရွက်ပေး
နေကြောင်းသိရသည်။
ထိုသို့ပြောင်းရွှေပေးရာတွင် ဇူလိုင် ၃၁ရက်နေ့နံနက်
ပိုင်းမှစ၍ နယ်မြေခံတပ်ရင်း ခ.လ.ရ (၄၄)မှတပ်
ထောက်ဗိုလ်ကြီးဇော်ဇော်ဟန်နှင့်အရာရှိအရာခံအ
ကြပ်တပ်သားများ၊ပြည်သူ့လွတ်တော်ကိုယ်စားလှယ်
ဦးဝင်ကျော်၊တိုင်ဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဒေါ်ယဉ်ယဉ်လှ
ခရိုင်မီးသတ်ဦးစီးမှူးဦးမြင့်နိုင်ထွန်းနှင့်မီးသတ်တပ်ဖွဲ့
ဝင်များ၊စည်ပင်သာရေးအဖွဲ့အမှူဆောင်အရာရှိ
ဦးသိန်းနိုင်နှင့်ဒေသခံပြည်သူများကပါဝင်ပူးပေါင်းကူညီပေးခဲ့သည်။
ရေကျွန်းကျေးရွာတွင်ကျန်ရှိနေသည့် နွာအကောင်ရေ
၄၀၀-ကျော်၊ လှည်း ၁၈ စီး၊အိမ်ထောင်စု ၁၈ စုကို
ရွှေပြည်သစ်ကူးတို့လိုင်းလုပ်းမှ ဇက်ရေယာဉ်ပို့ဆောင်
ကူညီပေးခဲ့ရာသရက်ခရိုင်အုပ်ချုပ်ရေးမှူး
ဦးတေဇာအောင် ဇနီးဒေါ်အေးမြမြကြိုင်တို့မှအားပေး
ကူညီခဲ့ကြောင်းသိရသည်။
Paukkalay







No comments:

Post a Comment