Friday, July 31, 2015

ကလေးမြို့

ကလေးမြို့တွင် ရေကြီးရေလျှံမှုကြောင့် ရွာလုံးကျွတ်
ပြောင်းရွှေ့မှုများရှိနေပြီး ကယ်ဆယ်ရေးစခန်း ၁၀ ခုဖွင့်လှစ်ထား
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကလေး၊ ဇူလိုင် ၃၀-စစ်ကိုင်းတိုင်း ဒေသကြီး ကလေးမြို့ပေါ်တွင် ရေ ကြီးရေလျှံနေမှုကြောင့် ရွာလုံးကျွတ် ပြောင်းရွှေ့နေရမှုများရှိနေသည့်အပြင် သက်ဆိုင်ရာမှ အရေးပေါ်ရေ ဘေးသင့်ကယ်ဆယ်ရေးစခန်း ၁၀ ခု ဖွင့်လှစ်၍ ဌာနဆိုင်ရာများ၊ အရပ် ဘက်အဖွဲ့အစည်းများ စေတနာရှင် များမှ ကျန်းမာရေး၊ နေရေးထိုင်ရေး၊ စားရေးသောက်ရေးတို့ကို
စီစဉ်ပေး လျက်ရှိကြောင်း သိရသည်။
ကလေးမြို့တွင် ဇူလိုင် ၂၇ရက် မှစတင်၍ ရေကြီးရေလျှံမှုကြောင့် ကျေး ရွာပေါင်း ၄၈ ရွာမှာ ရေနစ်မြုပ် လျက်ရှိပြီး ယင်းကျေးရွာများအနက် မှ ရွာ ၁၆ ရွာတွင် တချို့တစ်ဝက် ဘေးလွတ်ရာသို့ပြောင်းရွှေ့နေရပြီး ရွာ ငါးရွာမှာ ရွာလုံးကျွတ်ရွှေ့ပြောင်းနေရကြောင်း သိရသည်။ ထို့အပြင် မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်တွင် လည်း ရေဝင်ရေလွှမ်းလျက်ရှိသည်။
''ရေကကျတယ်လို့မရှိဘူး၊ တက်နေတာ၊ အခုဆိုရင် ကလေးမြို့ထဲ အထိ ရေရောက်နေပြီ၊ ဘုန်းကြီး ကျောင်းတွေမြုပ်ကုန်ပြီ၊ ကျောင်းတွေ မြုပ် ကုန်ပြီ၊ လူနေရပ်ကွက်ဆိုရင် ဘဲအင်း၊
အင်းယားကုန်း၊ ပဲဝိုင်း၊ အောင် မင်္ဂလာရေမြုပ်နေပြီ၊ ကလေးဝလမ်းကလဲ မြို့တော်ခန်းမအထိ
 ရေရောက်နေ တယ်''ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။
ယခုလက်ရှိ ရေဘေးသင့်ကယ် ဆယ်ရေးစခန်းများတွင် ရေဘေးသင့် ဒုက္ခသည် ၆၃၁၅
ဦးဝန်းကျင်ရှိနေပြီး ရပ်ကွက်အတွင်းရှိ အိမ်များနှင့် ဘုန်း တော်ကြီး ကျောင်းများတွင်ပါ
 ခေါ်ယူ ကယ်ဆယ်ထားမှုများနှင့် ပေါင်းပါ က ရေဘေးသင့်သောင်းဂဏန်းအထိ ရှိနေနိုင်ကြောင်းသိရသည်။
''ကလေးမြို့မြစ်သာမြစ်ရေက လဲ ရေကြီးရေလျှံချိန်မှာ မိုးကလဲ မပြတ်၊ ရာဇဂြိုဟ်ဆည်ကလဲ
သတ် မှတ်ရေပိုလို့ ဖောက်ချချိန်၊ ကလေးဝ ချင်းတွင်းမြစ်ကလဲ စိုးရိမ်ရေမှတ်အ ထက်မှာဆိုတော့ ကလေးဒေသဟာ စိုးရိမ်စရာ အခြေအနေဖြစ်နေပါ တယ်''ဟု ကလေးဒေသခံမြို့မိမြို့ဖ တစ်ဦးကပြောကြားသည်။
ဇူလိုင် ၃၀ ရက် နံနက် ၁၁ နာရီ မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အ ရ မြစ်သာမြစ်ရေသည်
၁၅၆၆ စင် တီမီတာတွင်လည်းကောင်း၊ ချင်းတွင်း မြစ်ရေသည် ကလေးဝမြို့တွင် စိုးရိမ်
 ရေမှတ်အထက် ၁၅၇၈ စင်တီမီတာ တွင်လည်းကောင်း ဆက်လက်တည် ရှိနေကြောင်း သိရသည်။
MOS‪#‎Democracytoday‬
================================================
Photo: မြအိုးစည်။

No comments:

Post a Comment