Friday, July 31, 2015

အောင်လံ


အာင်လံမြို့အခြေအနေ
အောင်လံမြို့တွင် ဧရာဝတီမြစ်ရေ ဆက်လက်မြင့်တက်လာနေပြီး
ယနေ့ သြဂုတ်လ ၁ရက် နံနက် ၈နာရီခွဲအချိန်တိုင်းထွာချက်အရ
မြို့၏ စိုးရိမ်ရေအမှတ်ထက် ကျော်လွန်ကာ ၂၅၆၉ စင်တီမီတာအထိ
ကျော်လွန်ရောက်ရှိလာကြောင်း အောင်လံ မိုးလေဝသနှင့်
ဇလဗေဒဦးစီးဌာနမှသတင်းရရှိသည်။
ဧရာဝတီမြစ်ရေမြင့်တက်လာသဖြင့် မြို့ပေါ်ရှိရပ်ကွက်အချို့တွင်
ရေဝင်ရောက်နေပြီး ကမ်းနားတစ်လျှောက်ရှိ ဈေးကုန်း ဗိုလ်ကုန်း၊
သရက်တော ၊ကန်ကြီး၊ စမ်းချောင်းရပ်ကွက်များ တွင်
ရေလွှမ်းသွားပြီဖြစ်ကြောင်း မြို့ခံသတင်းထောက်က
သတင်းပေးပို့သည်။
ဆိုင်ခန်းပေါင်း ငါးရာရှိသည့် အောင်လံ မြို့မဈေးကြီးကိုလည်း
ရေစတင်ဝင်လာပြီဖြစ်သဖြင့် အရေးပေါ်ပြောင်းရွေ့မှုများ
ပြုလုပ်နေရသည်။ အောင်လံ  အထက၂ ကျောင်းအတွင်းသို့
ကျောင်းဝင်းအပြည့် ရေဝင်ရောက်နေပြီဖြစ်သည်။
အောင်လံကုသိနာရုံဘုရားစောင်းတန်း၊
လယ်ပြင်ဘုန်းတော်ကြီးကျောင်းများတွင်ယာယီရေ
ဘေးဒုက္ခသည်စခန်းများဖွင့်ထားသော်လည်းနေထိုင်သူနည်းပါးပြီး
 နီးစပ်ရာကုန်းမြင့်နေရာများနှင့် ရန်ကုန်မကွေးကားလမ်း
မကြီးဘေးတွင် ဖြစ်သလိုယာယီတဲငယ်များထိုးကာနေထိုင်နေကြရသည်။
လူမှုရေအသင်းအဖွဲ့များ စေတနာရှင်များက ဆန်ဆီစသည်များလာရောက်
လှူဒါန်းမှုများရှိသော်လည်း သောက်ရေနှင့် ဆေးဝါး များအဓိကလိုအပ်နေကြောင်း
လည်းရေဘေ ရေဘေးသင့်ဒေသခံများကဆိုသည်။
https://www.facebook.com/7daynews




No comments:

Post a Comment