Thursday, June 21, 2018

 မဟာမုနိ၊ မဟာမြတ်မုနိ၊ မန္တလေးဘုရားကြီး၊ ရခိုင်ဘုရားကြီးဟု ဘွဲ့နာမည်အမျိုးမျိုးတွင်သော
ရုပ်ရှင်တော်မြတ်ကြီးကို မြတ်စွာဘုရားဝါတော်(၂၀)အရ မဟာသက္ကရာဇ် ၁၂၃ခုနှစ် ကဆုန်လပြည့် (
၅၆၉ ဘီစီ)ဗုဒ္ဓဟူးနေ့ ညနေအချိန်တွင် တတိယဓည၀တီိနိုင်ငံ(ယခု မြန်မာနိုင်ငံ အနောက်ပိုင်း
၊ရခိုင်ပြည်နယ်၊စစ်တွေခရိုင်၊ ကျောက်တော် အရှေ့ဘက်၊၅မိုင်ခန့်အကွာရှိ ဧရိယာ ၂စတုရန်းမိုင်ခန့် ကျယ်သောမြို့ဟောင်းနေရာ)ဘုရင် စန္ဒသူရိယမင်းနှင့် မိဖုရားတို့က ဓည၀တီနိုင်ငံသီရိဂုတ္တတောင် (ယခုမြန်မာနိုင်ငံအနောက်ပိုင်း၊ရခိုင်ပြည်နယ် ၊စစ်တွေခရိုင်၊ကျောက်တော် မြို့မြောက်ဘက်၊ကစ္ဆပနဒီခေါ် ကုလားတန်မြစ်အရှေ့ဘက်ကမ်း (၈)မိုင်ခန့်အကွာ ၊မြောက်လတ္တီကျု(၂၁ဒီဂရီ) နှင့် အရှေ့လောင်တီကျု  (၉၃ဒီဂရီ) တို့ ဆုံရာရှိအသင့်အတင့်ကျယ်သောမြေ၌ သက်တော်ထင်ရှား မြတ်စွာဘုရား၏ ရင်ငွေ့တော်ကို ၇ ကြိမ်ခံယူ၍ ၁၂ပေ၇လက်မ (ဉာဏ်တော်) အမြင့်(ပလ္လင်အပါအ၀င်၊ မပါလျှင် ၅ပေ ၇လက်မ)ရှိသော ထိုင်တော်မူဘူမိဖဿ(ဗောဓိရိုး)ပုံစံကို တည်ထားလှူဒါန်းတော်မူသည်။
သာသနာနှစ်၁၃၂၈ခု၊ ၁၁၄၆ခုနှစ် တပို့တွဲလဆန်း (၁၀)ရက်  (၁၉၊၁၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် ရခိုင်ပြည်နယ်ကျောက်တော်မြို့ မြောက်ဘက် ကစ္ဆပနဒီခေါ် ကုလားတန်မြစ် အရှေ့ဘက်ကမ်း(၈)မိုင်ခန့် အကွာရှိသီရိဂုတ္တကုန်းမှ ပိုးချည်ကျွန်း တပ်တော်ဆိပ်သို့ ကုန်းလမ်း၊ စစ်ကိုင်းသို့ ရေလမ်းတို့ဖြင့် ပင့်ဆောင် တော်မူရာမြန်မာသက္ကရာဇ် ၁၁၄၇ ခုနှစ် ကဆုန်လပြည့်ကျော် ၁၂ရက် (၄၊၅၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် စစ်ကိုင်းဆိပ်ကမ်းသို့ရောက်၍ ဘိုးတော်ဘုရားကိုယ်တိုင် မိဖုရား၊ သားတော်၊သမီးတော် တို့နှင့်တူ ကြိုတော်မူ၏။ ထို့နောက်ကရ၀ိတ်ရွှေဖောင်တော် နှစ်စင်းတွဲဖြင့် ပင့်ဆောင်ရာ

မြန်မာသက္ကရာဇ် ၁၁၄၇ခုနှစ် ကဆုန်လပြည့်ကျော်၁၅ရက် (၇၊၅၊၁၇၈၅) သောကြာနေ့တွင် 
အမရပူရဖောင်တော်ဆိပ်(ယခု မန္တလေးကန်တော်ကြီး(ခေါ်)တက်သေး(တက်သိမ်း)အင်း ထိုအခါက တာဘောင် မတုတ်ရသေး) 
ထိုမှတစ်ဆင့် ၁၁၄၇ခုနှစ် ပထမ၀ါဆိုလဆန်း ၂ရက်(၈၊၆၊၁၇၈၅) ဗုဒ္ဓဟူးနေ့တွင် ပြသာဒ်တော်ဆိပ် ထိုမှတစ်ဆင့် ၁၁၄၇ခုနှစ်
သီတင်းကျွတ်လ(၁၀၊၉၊၁၇၈၅)တွင် အမရပူရရွှေမြို့ တော်မြောက်ဘက် တာတစ်ထောင်
(၁၀၅၀၀-ပေ၊၁.၉၈မိုင်)ခန့်အကွာပြေပြစ်သောမြေနေရာ
(ယခု-မြန်မာနိုင်ငံ၊မန္တလေး တိုင်းဒေသကြီး ၊မန္တလေး ခရိုင်
၊မန္တလေးမြို့ တောင်ဘက်(၂)မိုင်ကျော်ခန့်အကွာရှိ ချမ်းမြသာစည်မြို့နယ် ၊ကျွန်းလုံး
ဥသျှောင်ရပ်ကွက်
၊ရှမ်းစုရပ်၊၄၅တာဝင်းအတွင်းသို့ အမရပူရ ပထမမြို့တည်၊နန်းတည်ဘိုးတော်မင်းတရားကြီး၏ သားတော်ကြီး
အိမ်ရှေ့ဥပရာဇာ(အိမ်ရှေ့မင်း) သီရိမဟာဓမ္မာ ဘိဇယသီဟသူရက် ပင့်ဆောင်၍ ဘုံကိုးဆင့်ရှိသော
အုတ်ပြသာဒ်တွင် တည်ထားကိုးကွယ်တော်မူသည်။

၁၂၄၅ခုတန်ခူးလဆန်း(၁၂)ရက်(၇၊၄၊၁၈၈၄) တနင်္လာနေ့တွင် ရတနာဘုမ္မိအရပ်မှ
စလောင်သောမီးကြောင့် မဟာမုနိ မီးခတော်မူသဖြင့် (မကိုဋ်၊စလွယ်နှင့် ရွှေသင်္ကန်းများသာမီးခ၍
ရုပ်ပွားတော်မှာမူ မူရင်း ပကတိအတိုင်း အပျက်အစီး မရှိပေ။) သာသနာနှစ် ၁၄၂၈ခုနှစ် ၊၁၂၄၆ခုနှစ်
ဝါဆိုလဆန်း ၁၃ရက် (၅၊ရ၊၁၈၈၄)စနေနေ့တွင် ဒုတိယကုန်းဘောင် ခေတ်ရတနာပုံ မန္တလေးရွှေမြို့တော်၏
နောက်ဆုံးမင်းဆက် သီပေါဘုရင်က ပျက်စီးသွားသော မကိုဋ်၊စလွယ် စသည်တို့ကို အစားထိုးပြုပြင်၍
မပျက်မစီး ပကတိအတိုင်း ကျန်ရှိသော ရုပ်ပွားတော်ကို မျက်နှာတော်ဖွင့်(အရောင်တင်)တော်မူသည်။

ယခုတွေ့ရသော ဂန္ဓကုဋိလက်ရာသည် သာသနာနှစ် ၂၄၄၁ခုနှစ် ၊ ၁၂၅၉ ခုနှစ် ၀ါဆိုလပြည့်ကျော်
၉ရက်(၂၂၊၇၊၁၈၉၇)ကြာသပတေးနေ့တွင် ရန်ကုန်မြို့ အင်ဂျင်နီယာမင်းကြီး ဟင်နီဖော့ စေလွှတ်သော
လက်ထောက်အင်ဂျင်နီယာ မစ္စတာဘူ၊ တဘက်ဆွဲခုနှစ်ရွာစား၏သား တဘက်ဆွဲရွာစား ဦးလူကလေး၏
ညီအရင်း စာရေးတော်ကြီးမင်း ဦးယောနှင့် မစ္စတာဒေါနင်းတို့ ညှနှိုင်းတည်ဆောက် ထားသော အလျား ၁၅၄ဒသမ ၅ပေ၊ မြေမှထုပိကာကျောင်းတော်အထိ ၁၄၇ပေ ၊ ၉လက်မရှိသော အများကောင်းမှု မြန်မာ့
ဗိသုကာလက်ရာ ဘုံခုနှစ်ဆင့် ပြသာဒ်ပုံစံဖြစ်သည်။
           ၁၂၄၅ခုနှစ် မီးကြောင့် အရည်ပျော်စီးဆင်းလာသော ရွှေသင်္ကန်းတော် အလေးချိန်မှာ ပိဿာ(၅၄၅၀)ရှိရာ ယခု ၁၃၇၄ခုနှစ် (၂၀၁၂)တွင် ရွှေချိန်ပေါင်း မည်မျှဟု မခန့်မှန်းနိုင်သော်လည်း ရွှေသင်္ကန်းထုမှာလက်လေးငါးခြောက် လုံးခန့် ထူလာလေပြီ။ ထိုသို့ ထူလာသည်နှင့်အမျှ မျက်နှာတော် လိုက်ဖက်အချိုးညီစွာတည်ရှိနေသည်မှာ မျက်မြင်အံ့ဖွယ် တစ်ပါးပင်ဖြစ်သည်။
            အထူးမှတ်ရန်မှာ မဟာမုနိ မူရင်းပုံစံမှာ မကိုဋ်၊ စလွယ် မပါဘဲ ရိုးရိုး ဘူမိဖဿ မုဒြာဖြစ်ပြီး
မင်းတုန်းမင်းနောင်တော် ပုဂံမင်းက လှူဒါန်းထားသော မကိုဋ်စလွယ်သည် ၁၂၄၅ခုနှစ် မီးသင့်လောင်
အရည်ပျော် သောကြောင့် သီပေါမင်းက ထပ်မံလှူဒါန်းသဖြင့် ယခုလက်ရှိ ဘုရင်ပုံ(ဇမ္ဗုပတိချွတ်ခန်းဟု
ဆိုသောပုံ)ဖြစ်နေလေသည်။
          မဟာမုနိအာရာမ်တွင်းရှိ ယိုးဒယားကြေးလူရုပ် နှစ်ရုပ်၊ခေါင်းသုံးလုံးပါ ဧရာဝဏ်ဆင်ရုပ် တစ်ခု၊
ခြင်္သေ့ရုပ်သုံးခုတို့သည် ရခိုင်မှပါလာသော်လည်း ရခိုင်ကြေးရုပ်များမဟုတ် ဘုရင့်နောင်
လက်ထက်ထိုင်းနိုင်ငံကို သိမ်းယူရာမှ ရရှိခဲ့သော ကမ္ဘောဒီးယားနိုင်ငံ ကြေးရုပ်များဖြစ်သည်။
သားတော်နန္ဒဘုရင်လက်ထက် တောင်ငူစားနှင့်စစ်ဖြစ်ရာ တောင်ငူစားဘက်မှ ရခိုင်ဘုရင်ကူညီသဖြင့် စစ်နို်င်၍တောင်ငူစားက လက်ဆောင်ပေးလိုက်သောကြောင့် ရခိုင်ပြည်ရောက်နေခြင်းဖြစ်သည်။
          မဟာမုနိဘုရားကြီးအား မဟာသက္ကရာဇ် ၁၂၃ခုနှစ် ၊ကဆုန်လပြည့်ကျော် ၁ရက် (၅၆၉ဘီစီ)
ကြာသပတေးနေ့ နံနက်အချိန်တွင် ပြီးသည်၊
          မကိုဋ်၊စလွယ် ပူဇော်ပြီးနောက် စမ္မခံမှ မကိုဋ်တော်အဆုံးထိ ၁၅ပေအမြင့် ၊စမ္မခံအမြင့် ၁ပေ ၄လက်မ၊ဒူးအစွန်းနှစ်ဘက် အကွာအဝေး ၈ ပေ ၆လက်မရှိသည်။

                                                                             ဒေါက်တာအာနန္ဒာ
                                                         ဓမ္မမိတ်ဆွေအားလုံး ဥာဏ်အသိမြင် ပွင့်လန်းနိုင်ကြပါစေ။
http://zillion-optimizer.blogspot.com/2015/05/normal-0-false-false-false-en-us-x-none.html
hello all ...
How are you.

Friday, August 14, 2015

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်း

၂၀၁၅ ခုနှစ် ဇူလိုင်-သြဂုတ်လရေကြီးခြင်းကိုလေ့လာခြင်း အပိုင်း(၂)
၁၄-၈-၂၀၁၅ညနေ(၆း၃၉)နာရီ။

(၁) Madden-Julian Oscillation (MJO) ဆိုတာဟာ 30-60 days oscillation
လွှဲချိန်ရှိတဲ့ low frequency oscillation အမျိုးအစားဖြစ်ပါတယ်။
အဆိုပါ MJO peak area ဟာ တိမ်ဖြစ်ပေါ်မှုတွေ၊
မုန်တိုင်းဖြစ်ပေါ်မှုတွေအားကောင်းတဲ့ဒေသဖြစ်ပြီး၊ အများအားဖြင့် အီကွေတာတလျှောက်အနောက်မှအရှေ့ကိုရွေ့နေတဲ့ ဒေသဖြစ်ပါတယ်။
အဆိုပါ မုန်တိုင်းနဲ့တိမ်တွေအဖြစ်များတဲ့ဧရိယာရဲ့ အရှေ့ဖက်မှာ
 လေထုစိုက်ဆင်းနေတဲ့ဒေသဖြစ်ပေါ်တတ်ပြီး အများအားဖြင့် အဲဒီဒေသမှာ မိုးနည်းပြီး ခြောက်သွေ့တတ်လေ့ရှိပါတယ်။ ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ
MJO Active ဧရိယာဟာ အိန္ဒိယသမုဒ္ဒယာအပေါ်မှာ ဗဟိုပြုနေခဲ့ပြီး၊
 ခြောက်သွေ့ဧရိယာကတော့ ပစိဖိတ်သမုဒ္ဒယာအနောက်အလယ်ပိုင်းအပေါ်မှာ
ဗဟိုပြုနေခဲ့ပါတယ်။

(၂) အဲဒါကြောင့် ပြီးခဲ့တဲ့ဇူလိုင်လအတွင်းမှာ အာရေဗျပင်လယ် နဲ့
ဘင်္ဂလားပင်လယ်အော်တို့မှာ မုတ်သုံလေအားဟာ အမြဲလိုကောင်းနေခဲ့ပြီး
မုတ်သုံမိုးတွေကောင်းခဲ့ပါတယ်။ အာရေဗျပင်လယ်ရော ဘင်္ဂလားပင်လယ်ရော
မုန်တိုင်းတွေဖြစ်ခဲ့ပါတယ်။ ဘင်္ဂလားပင်လယ်အော်ဆိုရင်
ဇွန်လမှစက်တင်ဘာလအတွင်း မုန်တိုင်းမဖြစ်တာ (၉)နှစ်ရှိခဲ့ပေမယ့်
ဒီနှစ်မှာတော့ ဇူလိုင်လမှာ ဆိုကလုန်း Koman ဖြစ်ခဲ့ပါတယ်။

(၃) မုတ်သုံမိုး၊ မုန်တိုင်းမိုးတွေကောင်းခဲ့လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့
 မြန်မာနိုင်ငံအနောက်မြောက်ပိုင်းဒေသ(ချင်းပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့
မကွေးတိုင်းအနောက်ပိုင်း)တို့ဟာ ကမ္ဘာ့အပူပိုင်းဒေသတစ်ခုလုံးမှာ
မိုးအများဆုံးရွာသွန်းခဲ့တဲ့ဒေသဖြစ်ခဲ့ပါတယ်။

ဒါဟာ ဒီနှစ် ဇူလိုင်လအတွင်း မိုးကြီးခြင်း နဲ့ ရေကြီးခြင်းကို ဖြစ်ပေါ်စေခဲ့တဲ့
 မိုးလေ၀သဆိုင်ရာအကြောင်းရင်းဖြစ်ပါတယ်။

ဒေါက်တာထွန်းလွင်
မှတ်ချက်။ Madden-Julian Oscillation (MJO) ခေါင်းစဉ်ဟာ ကျွန်တော် M.Sc. (USA) နဲ့ Ph.D.(Myanmar) တို့မှာ ပြုစုခဲ့တဲ့ သုတေသနခေါင်းစဉ်ဖြစ်ပါတယ်။



Tuesday, August 11, 2015

ငလျင်

မြေငလျင်သတင်း
၁၂-၈-၂၀၁၅
နံနက်(၄း၂၄)နာရီ။

(၁၂-၈-၂၀၁၅)ရက် နံနက် (၀၁း၀၃)နာရီအချိန်က မြန်မာနိုင်ငံအတွင်း လက်ပံတန်းနဲ့အုတ်ဖိုမြို့အကြားပြည်တွင်းတစ်နေရာရှိမြေအောက်အနက်(၆)
ကီလိုမီတာကိုဗဟိုပြုလျက်
အင်အား ရစ်ခ်ျတာစကေး(၃.၀)ရှိအင်အားအနည်းငယ်ရှိ
သောမြေငလျင်ငယ်တစ်ခုလှုပ်ရှားသွားခဲ့ပါတယ်။
ဒေါက်တာထွန်းလွင်

မြစ်ရေကြီးခြင်း၊ မိုးသည်းထန်စွာရွာသွန်ခြင်း၊
တောင်ပြိုမှုများကြောင့် စိုးရိမ်ဖွယ်မရှိသော ငလျင်ငယ်များ
အနည်းငယ်လှုပ်တက်ပါတယ်လို့ ထင်မြင်ယူဆရပါတယ်။

Monday, August 10, 2015

မုန်တိုင်းဖြစ်ဖို့အားယူဆဲပါ ၁၆% မှ ၁၈% အထိရှိ

မုန်တိုင်းဖြစ်ဖို့အားယူဆဲပါ ။ဒေါက်တာထွန်းလွင်
၁၀-၈-၂၀၁၅ည(၁၀း၀၃)နာရီ။

ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်းတွင်
ဖြစ်ပေါ်နေတဲ့လေထုမငြိမ်မသက်ဖြစ်နေမှုကို
(၁) လေထုဖိအား(Atmospheric Pressure Field)
(၂) အမြင့်ပေ(၅၀၀၀)ရှိလေတိုက်ခတ်မှု(Wind field at 5000 ft)
(၃) အမြင့်ပေ(၄၀၀၀)ရှိလေတိုက်ခတ်မှု(Wind Field at 4000 ft)
(၄) မုန်တိုင်းဖြစ်နှိုင်မှုအလားအလာ(Storm Formation Potential)
စတဲ့ Field တွေမှာ လေစိုင်ဝဲအဆင့်၊
 လေဖိအားနည်းရပ်ဝန်းအဆင့်အနေအထားများကိုတွေကနေရပြီး မုန်တိုင်းဖြစ်ပေါ်ဖို့အလားအလာအနေဖြင့်လည်း
၁၆% မှ ၁၈% အထိရှိနေပြီဖြစ်ပါတယ်။
ဒါပေမယ့် တိမ်ပုံတိုင်းတာချက်တွေမျာတော့
ခရုပတ်တိမ်အခွေ (Spiral Band ) ကိုတွေ့
ရသော်လည်း အားကောင်းတဲ့အဆင့်ကို
မရောက်ရှိသေးကြောင်းတွေ့နေရပါတယ်။



မုန်တိုင်း ဖြစ်ဖို့လိုပါသေးတယ်။

ကျန်းမာတော်မူကြပါစခင်ဗျာ။
မုန်တိုင်းရဲ့ရှေ့ပြေးအခြေအနေတွေပြလာပေမယ့် ဖြစ်ဖို့လိုပါသေးတယ်။
၁၀-၈-၂၀၁၅ည(၁၀း၃၄)နာရီ။
၂၀၁၅ ခုနှစ်၊သြဂုတ်လ(၁၁)ရက်နေ့အတွက် မိုးလေ၀သခန့်မှန်းချက်။
မုန်တိုင်းအခြေအနေ။
ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာလေဖိအားနည်း
ရပ်ဝန်းတစ်ခုဖြစ်ပေါ်နေပြီး ပိုမိုအားကောင်း
လာကာမုန်တိုင်းငယ်တစ်ခုဖြစ်ပေါ်နိုင်ပါတယ်။
ဘင်္ဂလားပင်လယ်အော် နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။
(၁၀ -၈-၂၀၁၅)ရက် နံနက် (၁၀း၁၅) နာရီ အချိန် KALPANA_1 ဂြိုဟ်တုမှ
တိုင်းတာပေးချက်အရ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း နှင့်
 တောင်ပိုင်း တို့မှာ တိမ်ထူထပ်နေပြီး ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ် အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်းနှင့်တောင်ပိုင်း ဒေသတွေမှာ တိမ်ထူထပ် နေပြီး၊ ကျန် ဒေသတွေမှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ ကပ္ပလီပင်လယ်ပြင်နှင့်ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်း တို့မှာ မုတ်သုံလေ အား ကောင်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော် မှာ မုတ်သုံလေ အားအသင့်အတင့် ရှိနေပါတယ်။
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာကမ်းရိုးတန်း နဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ လှိုင်းအသင့် အတင့် မှ လှိုင်းကြီးနိုင်ပါ တယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် မှာ လှိုင်း အမြင့် (၅) ပေ မှ (၉) ပေ ခန့် အထိ ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
နေ့အပူချိန်များဟာ၊ချင်းပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့်တနင်္သာရီ တိုင်းဒေသကြီးတို့တွင် နေအပူချိန် 25°C-27°C ခန့်၊စစ်ကိုင်းတိုင်းဒေသကြီး၊
မန္တလေးတိုင်း ဒေသကြီး နှင့် မကွေး တိုင်းဒေသကြီးတို့တွင် 33°C-35°C ၊ကျန်
တိုင်းဒေသကြီး များ နဲ့ ပြည်နယ် ဒေသများတွင် နေ့အပူ ချိန် များ ဟာ 28°C-32°C ရှိနိုင် ပါ တယ်။
မိုးတိမ်တောင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်းတလျှောက်မှာမိုးတိမ်တောင်များ ထူထပ်စွာဖြစ်ပေါ်နေပြီး၊
ကျန် တစ်ပြည်လုံး မှာ မိုးတိမ်တောင် များအသင့်အတင့် ဖြစ်ထွန်း နေပါတယ်။
ကပ္ပလီပင်လယ်ပြင် နှင့် ဘင်္ဂလား ပင်လယ်အော် တို့မှာ မိုးတိမ်တောင်များ
အသင့်အတင့် ဖြစ်ထွန်း နိင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ရခိုင်ပြည် နယ်၊စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း)၊
မန္တလေး တိုင်းဒေသကြီး မကွေးတိုင်းဒေသကြီး၊ ပဲခူး တိုင်းဒေသကြီး နှင့် ဧရာဝတီတိုင်းဒေသကြီး တို့တွင် နေရာကျဲကျဲ၊ ကျန်ဒေသ တွေမှာ နေရာစိပ်စိပ် မိုးထစ်ချုန်း ရွာမည်။
ရေဖုံးလွှမ်းခံရမှုအခြေအနေ။
ရေဖုံးလွှမ်းခံဒေသများအနီးရှိမြို့တော်များဖြစ်ကြတဲ့ ပဲခူး၊ သထုံ၊ ပုသိမ်၊ ရန်ကုန်(မင်္ဂလာဒုံ)၊ ရွှေဘို နဲ့ ကလေးဝမြို့နယ်များမှာ ရေဖုံးလွှမ်းမှုများဆက်လက် ရှိနေနိုင်ပါသေးတယ်။နောက် (၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံအောက်ပိုင်းဒေသတွေမှာမိုးပို နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်

Saturday, August 8, 2015

မောင်ထွန်းလွင်(မိုးလေ၀သ) ဘဝ

စဉ်းစားကာနေရဦးမယ်။
ကိုယ်တိုင်ရေးပုံတူ။
၈-၈-၂၀၁၅

လောကမှာ ကျွန်တော် လောဘမကြီးတဲ့အရာတွေကတော့
(၁) အခွင့်အာဏာရဖို့
(၂) ငြွေေကးကြွယ်ဝမှုရဖို့
(၃) ထင်ပေါ်ကျော်ကြားမှုရဖို့
ဆိုတာတွေဖြစ်ပါတယ်။
အဲ...လောဘမကြီးဘူးဆိုပေမယ့် လုံးဝမလိုချင်ဘူးလို့ မဆိုလိုပါဘူး။ 

ကျွန်တော်လည်း ပုထုဇဉ်ပါပဲ။
အတိုင်းအတာတစ်ခုအထိ၊ ရသင့်ရထိုက်တာတစ်ခုအထိသာပဲ လိုချင်ပါတယ်။ 

ဒါပေမယ့် အဲဒါတွေနောက် ငမ်းငမ်းတက် တကောက်ကောက်မလိုက်ဘူး၊ 
လုပ်သင့်လုပ်ထိုက်တာတွေ သစ္စာမဲ့ပြီး အဂတိလိုက်စားပြီး 
မလုပ်တတ်ဘူးလို့ဆိုလိုတာပါ။
လုပ်တာကိုက မိုးလေ၀သ၊ နောက်ပြီး တစ်သက်လုံးလည်း ဒီအလုပ်ပဲ၊ 

မိန်းမလည်း..ဒီတစ်ယောက်ပဲ။ အပြောင်းအလဲအလွန်နည်းပါတယ်။
အေးချမ်းတဲ့ဘ၀ကိုနှစ်သက်တယ်။
အဲ...လောဘကြီးတဲ့အရာတစ်ခုကတော့ရှိပါတယ်။
ဒါကတော့ ပညာရဖို့ပါပဲ။
ဒါကိုတော့ တစ်သက်လုံးဆည်းပူးနေခဲ့ပါတယ်။
အခုအထိပဲဆိုပါတော့..။

ဒါပေမယ့်..လောကကြီးက ခက်တယ်ဗျာ...။
ဘ၀မှာစဉ်းစားရခက်တဲ့ လမ်းဆုံလမ်းဝတွေဆိုတာကြုံလာရတတ်ပါတယ်။
အနန္တောအနန္တငါးပါးရဲ့ဂုဏ်တော်ကိုသာ ဆည်းကပ်ရတော့မှာပါပဲ။

မောင်ထွန်းလွင်(မိုးလေ၀သ)

မန္တလေးတိုင်းမြောက်ပိုင်း ပိုမိုရွာသွန်း

ဇူလိုင်ရေကြီးမှုအားဆန်းစစ်ခြင်း (အမပိုင်း-၁)
စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ
မိုးတွေအားကောင်းခဲ့ပါတယ်။

မိုးရွာသွန်းမှုအခြေအနေ
ဇူလိုင်လအတွင်း အမှန်တကယ်ရွာသွန်းခဲ့သောမိုးရွာသွန်းမှုအခြေအနေမှာ
မိုးရေချိန်အများဆုံးရွာသွန်းခဲ့သောဒေသမှာ မြန်မာနိုင်ငံအလယ်ပိုင်းဒေသဖြစ်ပါတယ်။
စစ်ကိုင်းတိုင်းအောက်ပိုင်း၊ မန္တလေးတိုင်းမြောက်ပိုင်းနဲ့ ရှမ်းပြည်နယ်အနောက်မြောက်ပိုင်း တို့ဆုံရာဒေသတစ်ဝိုက်ဖြစ်ပြီး ရွာသွန်းခဲ့သောမိုးရေချိန်ပမာဏမှာ
စစ်ကိုင်းတိုင်းအောက်ပိုင်း နဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ မိုးရေချိန် ၈-၁၀ လက်မ
ကျန်မိုးများဒေသများမှာ မိုးရေချိန် ၄ - ၈ လက်မ ခန့်ရှိပါတယ်။
အထူးသဖြင့် စစ်ကိုင်းတိုင်းအောက်ပိုင်းနဲ့ မန္တလေးတိုင်းမြောက်ပိုင်းမှာ ရွာသွန်းမြဲ့ထက် (၄)လက်မကျော်ခန့် ပိုမိုရွာသွန်းခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီအတိုင်းအတာမိုးရေချိန်ဟာ
 ရွာသွန်မြဲမိုးရေချိန် ရဲ့ ၂၁၇% ခန့်အထိ ရှိခဲ့ပါတယ်။

ဒေါက်တာထွန်းလွင်


Friday, August 7, 2015

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု

သထုံမြို့နယ် ဒူးရင်းဆိပ်ကျေးရွာ ရေလျှံမှု ၁၂ပေ ရှိနေ

သထုံမြို့ နယ် အရှေ့ဘက်ခြမ်း ဒူးရင်းဆိပ်ကျေးရွာတွင် ရေကြီး/ရေလျှံမှုများ
 ဖြစ်ပေါ်နေပြီး သြဂုတ်လ ၆ ရက် နေ့က ရေ ၁၂ပေ အထိ
 ရောက်ရှိလာကြောင်း သိရသည်။

မွန်ပြည်နယ် သထုံမြို့ နယ် ဒူးရင်းဆိပ်ကျေးရွာတွင် ဇူလိုင်လ ၂၈ ရက်နေ့က
စတင်ကာ မိုးသည်းထန်စွာ ရွာ သွန်းခြင်း၊ တောင်ကျရေ
လိမ့်ဆင်းခြင်းတို့ကြောင့် ဒုံသမိချောင်း၊ ရေလျှံမှု ဖြစ်ပွားပြီး
 ရေကြီး ရေလျှံမှုများ ဖြစ် ပေါ်နေပြီး
 ရေဘေးရှောင် ဒေသခံပြည်သူ ၄၀၀ နီးပါးမှာ ရေလွတ်ရာ
ဘုန်းကြီးကျောင်းနှင့် ဓမ္မာရုံများတွင် ရွေ့ ပြောင်း နေထိုင်နေရကြောင်း သိရသည်။

သထုံမြို့နယ် ကူညီထောက်ပံ့ရေးအဖွဲ့မှ ကိုဥာဏ်မိုးကလည်း
“တချို့နိမ့်တဲ့အိမ် ၉၃အိမ် မြုပ်နေသေးတယ်
 ရေလည်း ထပ်တက်နေသေးတယ်။
တဲတစ်လုံးရဲ့တစက်မိတ်ထိပေါ့နော်”ဟု လည်း ဆက်ပြောသည်။

မွန်ပြည်နယ် သထုံခရိုင်တွင်ပါသည့် ကျိုက်ထို၊ ဘီလင်း၊ သထုံမြို့နယ်တို့တွင် ဇူလိုင်(၂၈)ရက်တွင် ရေကြီးမှုကြောင့် ရေဘေးသင့်သူ ၅၀၀၀ကျော်ထိ ရှိနေသည်။
ကိုးကား ဧရာဝတီသတင်းဌာန




ချင်း

ချင်းပြည်နယ်ကို ကူညီပါ..
သတင်း မီဒီယာ အားနည်းသော တီးတိန်၊ တွန်းဇန် နှင့် ကျီးခါးမြို့ နယ်
များရှိ သဘာဝဘေးဒဏ်သင့် ပြည်သူများ အကူအညီအထူးလိုအပ်နေ၊
အချို့သောကျေးရွာများတွင် မည်သည့်အကူအညီမျှမရရှိသေး


Thursday, August 6, 2015

မြစ်ဝကျွန်းပေါ်

မြစ်ဝကျွန်းပေါ်သားတို့ ကြံ့ကြံ့ခံနေတဲ့ရေထိုးစစ်
လက်ရှိအခြေအနေများ
၆-၈-၂၀၁၅
နံနက်(၇း၄၄)နာရီ။

မြန်မာနိုင်ငံမြောက်ဖျားနဲ့တောင်ပိုင်းဒေသတွေမှာသာ မိုးအကောင်းဆုံးဖြစ်နေပြီး
ပဲခူးတိုင်း၊ ရန်ကုန်တိုင်း နဲ့ ဧရာဝတီတိုင်း တို့မှာသာ ရေဖုံးလွှမ်းမှုအန္တရာယ်
 မြင့်မားနေဆဲဖြစ်ပါတယ်။ ရခိုင်ပြည်နယ်(ကျောက်ဖြူမြိုနယ်)မှာလည်း
ရေတွေဖုံးလွှမ်းနေဆဲပါ။

ကျန်ဒေသတွေမှာမိုးအားတွေလျော့ကျလာနေတာကတော့သတင်းကောင်းပါ။
လက်ရှိမြစ်ဝကျွန်းပေါ်ဒေသကိုတိုးဝင်နေတဲ့ရေအားလျော့သွားရင်တော့
လက်ရှိအခြေအနေဟာ လျော့ကျသွားဖို့ရှိပါတယ်။ ဧရာဝတီတိုင်း၊ ပဲခူးတိုင်း နဲ့
ရန်ကုန်တိုင်းအဖို့အရေးအကြီးဆုံးက တရိပ်ရိပ်တက်နေဆဲဖြစ်တဲ့ရေအားကို
တောင့်ခံထားပေးနေရတဲ့ တာတွေ၊ တမံတွေ၊ ရေလှောင်ကန်တွေ
မကျိုးမပေါက်ဖို့ ၀ိုင်းဝန်ကာကွယ်ကြဖို့ အလွန်အရေးကြီးပါတယ်။

ကျိုးပေါက်ခဲ့ရင်တော့ လယ်တွေ၊ ငါးကန်တွေ၊ လူနေအိမ်တွေ
အားလုံးအပျက်အစီးများနိုင်ပါတယ်။
အဓိကပြောချင်တာကတော့ နောက်ထပ်မိုးမများတော့တဲ့အတွက်
ဒီရေထိုးစစ်ကို ကျော်လွှားနိုင်ဖို့အလားအလာအလွန်ကောင်းပါတယ်။

မြစ်ဝကျွန်းပေါ်သားတို့ရဲ့ အားမာန်၊စည်းလုံးညီညွှတ်မှု၊
အတွေ့အကြုံများမှုတွေကို ဒီ ဒုတိယရေထိုးစစ် (Second Flood Wave) ကိုကျော်လွှားနိုင်ပါလိမ့်မယ်။

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48


Monday, August 3, 2015

မြစ်ဝကျွန်းပေါ်

(၄-၈-၂၀၁၅)ရက် နံနက် (၀၀း၃၀)နာရီအချိန်အခြေအနေ
မြစ်ဝကျွန်းပေါ်ဒေသမှာ ရေဖုံးလွှမ်းခံရမှုအများဆုံးဖြစ်နေပါပြီ။
၎-၈-၂၀၁၅
နံနက် (၄း၂၇)နာရီ။

လွန်ခဲ့တဲ့(၂၄)နာရီအတွင်းက မိုးကောင်းခဲ့တဲ့ ဒေသများကတော့
ကချင်ပြည်နယ် မြောက်ဖျားစွန်း၊ ရှမ်းပြည်နယ်အရှေ့ပိုင်း နဲ့ မြောက်ပိုင်း၊
ရခိုင်ပြည်နယ်တောင်ပိုင်း၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊
ဧရာဝတီတိုင်း အရှေ့တောင်ပိုင်း၊ ကရင်ပြည်နယ် နဲ့
မွန်ပြည်နယ်မြောက်ပိုင်း တို့ဖြစ်ကြပါတယ်။

ရေဖုံးလွှမ်းမှုအန္တရာယ် ဆက်လက်မြင့်မားနေတဲ့ မြို့နယ်ဒေသများကတော့
သထုံ၊ ခ န္တီး၊ သာယာဝတီ၊ ဟင်္သာတ၊ ပုသိမ်၊
မအူပင်၊ ပဲခူး၊ ရန်ကုန်(မင်္ဂင်္လာဒုံ) ကျောက်ဖြူ

ဒေါက်တာထွန်းလွင်
https://www.facebook.com/tunlwin48