Sunday, December 14, 2014

ဘ၀ခြေလှမ်း

ကျွန်တော် အသက်ငယ်စဉ်အခါက
ရှေ့က သွားနေတဲ့ နောင်တော်တွေကို ဘယ်ခြေလှမ်း၊
ဘယ်ကိုသွားသလဲ။
ညာခြေလှမ်း၊ ညာကိုသွားသလား၊
အတုယူ ၊  ပညာသင်၊ လေ့လာဆည်းပူး ကြိုးစားခဲ့ရတယ်

သင်ရင်သင်ရင် တခုသိလားတယ်  သင်စရာမကုန်သေးပါသကိုး၊

တနေ့ တခုတော့မြင် လိုက်ရတယ်..... ဘုရားရှင်သွားတဲ့လမ်းစဉ်

အော် ကျွန်တော် လျှောက်လမ်းနိင်ပါမလား၊ ကြိုးစားလျက်ပါ.....

အော် ကျွန်တော်လူဘ၀ရောက်နေတာ ဒါအမြတ်ပါ။

အင်း ရှေ့က နောင်တော်တစ်ယောက် တောင်ကွယ်လေးသတည်း။

အင်း ရှေ့က သင်ဆရာ၊ ကြားဆရာ တောင်ကွယ်လေးသတည်း။

အော် ကျွန်တော်လည်း မနေ့ကကျွန်တော်၊ ဒီနေ့ကျွန်တော်၊ မနက်ဖြန် ကျွန်တော်

မတူ မတူ မတူပါသလား။ မနက်ဖြန်ဆိုတာ ဘယ်တော့ ရပ်သွားမလဲ ....

ကျွန်တော် မကြောက်ပါဘူး၊ မကြောက်လဲ ကြုံရမှာပေါ့

မကြုံတဲ့သူ ဘယ်သူရှိသလဲ။

ဘူး မောလိုက်တာ  လောကကြီရပ်တည်ဖို့

ခက်လိုက်တာ စားစရာ၊ နေစရာ၊ ဒီလစာ

ရှေ့က နောင်တော်၊ အစ်ကိုတော်တို့ သွားရာလမ်း ပြသခဲ့ပါ

ကြိုးစားလျှောက်ပ...မယ်.....ဆက်လျှောက်နေမယ်....

No comments:

Post a Comment