Sunday, December 14, 2014

telenor

telenor
အခြေခံလူတန်းစာတွေအကြား ရေပန်းအစားဆုံးနဲ့
တစ်မိနစ်ကို ၂၅ကျပ်ဆိုတဲ့ ခေါင်းစဉ်နဲ့
ဆက်သွယ်ရေး လောကကို ကိုင်လှုပ်ခဲ့တယ်လေ...
၂၅ကျပ်အပြင် အခြားသော ၀န်ဆောင်မှုတွေကိုလည်း
ရရှိနိုင်ပါသေတယ်။

ပထမဆုံးခြေလှမ်းကတော့ ကိုယ်ပိုင်သံစဉ်တေး ရှာဖွေရေး
ခရီးစဉ်နဲ့ ပြည်သူတို့အကြား လှုပ်ရှားခဲ့ကြတယ်။

telenor လည်းစထွက်ပါရော
မန်းလေးမြို့တစ်ခုလုံး အပြာရောင်တွေလွှမ်းသွားခဲ့တယ်

ဘာပြောကောင်းမလဲ တစ်မိနစ် ၂၅ကျပ်ဆိုတာ
ကျွန်တော်တို့ အခြေခံလူတန်းစာတွေအတွက်တော့
အများကြီးအဆင်ပြေစေခဲ့တယ်။

ဒီလိုနဲ့ ၃လခန့် ၄လခန့်ကာလအကြာမှာ
1.9 in,4.7 in အရွယ်
telenor T100M ဟန်စက်ကလေထွက်ပေါ်လာတယ်။
၂၀၀၀၀ ဆိုတဲ့ ငွေပမာဏနဲ့ ဟန်စက်ဈေးကွက်မှာ
အဖြူလား၊ အနက်လားဆိုပြီး ပထမဆုံး ဆက်သွယ်ရေးလိုင်စင်ရ
ကုမ္ပဏီကြီးရဲ့ တန်းဖိုးနည်းဟန်စက် ပေါ်ထွက်လာတယ်

telenor T100M အတွင်း ပါဝင်ဖွဲ့စည်းပုံကတော့
Dual Sim,2.4" QVGA Display,VGA Camera,
Opera Mini,JAVA,BT,FM,MP3,MP4 player,
Folder lock ,Torch ,Battery 1000mAh တို့ဖြင့်ပါဝင်လာခဲ့တယ်။

(ငွေ ၂၀၀၀၀ လောက်နဲ့ ဟန်စက်+ လိုင်းကဒ်တွေကိုင်လို့ရတာ telenor
ပဲရှိတယ်။ ဖုန်းတစ်လုံးကို ငွေ ၂သောင်းနဲ့ကိုင်လို့ရတာ
ပထမဆုံးသောမြန်မာနိုင်ငံရဲ့ဖြစ်ရပ်တခုပါ။)

သုံးရတာ အဆင်ပြေတယ်။
သို့သော်လည်း မြန်မာစာလက်ကွက်အခက်အခဲပါရှိနေဆဲပါ။
1 key နဲ့ 9key တွေပေါ်က မြန်မာစာလက်ကွက်အသုံးပြုလို့မရပါ။

နောက်ပြီးtelenor server ကပို့လိုက်တဲ့ ငွေဖြည့်တဲ့
Messages ကို telenor T100M ကနေ
ဖတ်မရတဲ့ကိစ္စကတော့ အများကြီးမှားနေတယ်ထင်တယ်။

နောက်ထက်တခုက Dual Sim သုံးတဲ့အချိန်မှာ
အသံတိုးခြင်း၊ အသံမကြားရခြင်း ပြဿနာတွေရှိနေတယ်။

လေးစားစာရတစ်ခုကတော့
Opera Mini နဲ့ facebook သုံးလို့ရတာ
ပထမဆုံးမြင်ဘူးတာပဲ.

နောက်ပစ္စည်းတစ်မျိုးကတော့
T200M
3G Android 4.4.2 kitkat
1.0 GHz Dual Core
3.5"HVGA Display
Camera-Back 2.0MP,Fornt-0.3MP
ROM 512MB,RAM 256MB
Tethering & Portable Hotspot
Memory External up to 32GB
Battery 1200mAH

2.4 in_4.6 in အရွယ်အစားကို
49900 ဆိုတဲ့ ငွေနဲ့ Android 4.4.2 kitkat ကို
အသုံးပြုခွင့်ရရှိပါတယ်။
Dual Sim ထည့်ပြီးသုံးရင် အသံတိုးတယ်။
မြန်မာစာ လက်ကွက် (Myanmar keyboard 1(v1)ကတော့
နာလည်းရခက်ပါတယ်။
စာပို့တဲ့နေရာမှာ zawgyi သုံးတဲ့သူတွေအတွက်
အခက်အခဲအများကြီးဖြစ်စေပါတယ်။
တစ်ယောက်နဲ့တစ်ယောက် စာပို့တဲ့နေရာမှာ
အခက်အခဲဖြစ်ရတယ်။
တွဲဖက်ရရှိမဲ့ အခွင့်အရေးတွေကတော့ အများကြီးပါပဲ
သို့ပေမဲ့ သုံးစွဲရန်မသင့်တော်ပါ...

telenor မှ  bay card. sim card .Handset များကို
ကိုယ်စားလှယ်များဖြင့် ဈေးကွက်ကို တိုက်ရိုက်ဖြန့်ဖြူးပေးနေပါတယ်။

telenor မှ Ooredoo ကိုခေါ်မယ်ဆိုရင်တော့ လုံးဝအဆင်မပြေမှုတွေ
ဖြစ်တက်ပါတယ်.... တခါတရံ စက်ပိတ်ထားတယ်လို့ ဖြေတက်ပါတယ်...
Ooredoo  sim card ဖုန်းသုံးရင်လည်း ထိုအတူပါ..









No comments:

Post a Comment