Monday, March 2, 2015

Drone နှင့်မောင်းသူမဲ့လေယာဉ်များ.....

Drone နှင့်မောင်းသူမဲ့လေယာဉ်များ.....
နိုင်ငံတကာမှာ မောင်းသူမဲ့လေယာဉ်ငယ်များနှင့်
Drones ယာဉ်ပျံများ ခေတ်မှီဖွံ့ဖြိုးတိုးတက်လာနေပါတယ်..
ဘင်္ဂလာဒေ့ရှ်၊ထိုင်း၊ မလေး၊ဗီယမ်နမ်၊အင်ဒိုတို့တွင်
ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်လို့လာနေပါတယ်...
စစ်သုံး Droneများအပြင် ဘက်စုံလုပ်ငန်းသုံး Droneများပေါ်ထွက်
လို့လာနေတယ်...
အိမ်နီးချင်နိုင်ငံများထက် Droneနည်းပညာများ၊မောင်းသူလေယာဉ်
နည်းပညာများမှာ မြန်မာကျောင်းသား၊လူထုအတွင်း ပြန့်နှံရန်
များစွာလိုအပ်နေပါတယ်..
Aero Dynamic နည်းပညာများကိုအခြေခံပြီး
လေယာဉ်ငယ်များတိုးတက်ထုတ်လုပ်နိုင်ရန် အရေးကြီးသည့်
အခြေအနေသို့ရောက်ရှိလို့လာနေပြီး
ရန်ကုန်တွင် အပျော်တမ်းအဆင့်သာအသုံးပြုနေပြီး
တက္ကသိုလ်တခုတွင် စမ်းသပ်ထုတ်လုပ်ဆဲအဆင့်သာ
တည်ရှိလို့နေပါတယ်..

တရုတ်နိုင်ငံမှာတော့ မောင်းသူမဲ့လေယာဉ်စစ်တပ်များကိုပင်
ဖွဲ့စည်းထားရှိပြီးဖြစ်တယ်
ယနေ့ IS တို့သည်ပင် မောင်းသူမဲ့လေယာဉ်ငယ်များဖြစ်
ထောက်လှမ်းရေးလုပ်ငန်းများကိုလုပ်ကိုင်
လို့လာနေကြောင်း
မှတ်တမ်းဓါတ်ပုံများအရ သိရှိရပါတယ်..
မြန်မာစစ်တပ်အနေဖြင့် မောင်းသူမဲ့လေယာဉ်များနှင့်ပတ်သက်ပြီ
သတင်းထုတ်ဖော်ပြောဆိုခြင်းမရှိခဲ့ပါ...

မြန်မာထုတ် မောင်းသူမဲ့.... ပုံ ၁


တရုတ်ထုပ် မောင်းသူမဲ့ ပုံ ၂









 ဈေးကွက်အတွင်း ရရှိနိုင်သည့် Drone Cemera..ပုံ

ဝေဟင်မှာ လေဟုန်စီးပြီး မနားတမ်း ဝဲပျံလာတယ်
တနင်္ဂနွေရောက်ပြီဆိုတာနဲ့ သန်လျင်မြစ်ကူးတံတားနဲ့ ၂၈ ကီလိုမီတာပဲဝေးတဲ့
လယ်ကွင်းတွေထဲမှာ မောင်းသူမဲ့လေယာဉ်တွေ ရောက်နေပါပြီ။
ကိုယ်တိုင်တည်ဆောက်ထားတဲ့ မောင်းသူမဲ့လေယာဉ်တွေပါသလို
နိုင်ငံခြားက မှာယူထားတဲ့ လေယာဉ်ငယ်တွေကိုယ်စီနဲ့
ဝါသနာရှင်လူငယ်တွေ၊ ဝါရင့်နည်းပြကျွမ်းကျင်သူတွေ စမ်းသပ် ပျံသန်းနေပါတယ်။

ကိုဂျော်နီRadio Control ပညာရှင်နဲ့ Clubတည်ထောင်သူ...
သူတို့ဟာ ဗြိတိသျှကိုလိုနီခေတ်က ဖွဲ့စည်းထားတဲ့ Burma Aero Hobby Club
အသင်းမျိုး ပြန်ထူထောင်ဖို့ စိတ်အားထက်သန်နေကြပါတယ်။
မြန်မာပြည်မှာ လေယာဉ်ငယ်တွေကို ထိန်းချုပ်မောင်းနှင်တဲ့ Radio Control Remote
တွေအတွက် ဆက်သွယ်ရေးဥပဒေရှိနေပြီး နိုင်ငံတကာမှာ ဝါသနာတစ်ခုအဖြစ်
အစိုးရက ဖန်တီးပေးထားတာကြောင့် လေကြောင်းလိုင်းတွေဟာ
ခေတ်မီဆန်းသစ်လာတာမို့ မြန်မာပြည်မှာလည်းProfessional club
တစ်ခုထူထောင်ချင်တယ်လို့ ပြောလာသူက ကိုဂျော်နီပါ။
သူက ထိုင်းနိုင်ငံမှာ Radio Control Club ကို တည်ထောင်ခဲ့သူပါ။




လူငယ်တွေဟာ လူကြီးတွေမစဉ်းစားတတ်တဲ့စိတ်ကူးမျိုး ရှိနေတတ်ပြီး
နိုင်ငံတကာစနစ်အတိုင်း တရားဝင် RC Club တစ်ခုလုပ်ချင်တယ်လို့
သူကဆိုပါတယ်။ Aero Dynamic နည်းပညာကို ထိုင်းနိုင်ငံမှာ
သင်ကြားနေပြီး ဒီဇိုင်းအသစ်တွေကို Modify ပြန်လုပ်ကြတယ်လို့ ရှင်းပြပါတယ်။

ပြည်ထဲရေးခွင့်ပြုချက်ရထားပြီးသား မြန်မာနိုင်ငံလေကြောင်းဝါသနာရှင်အသင်းကို
သက်တမ်းတိုးဖို့နဲ့ လူငယ်တွေအများစု ပါဝင်လာဖို့ မျှော်လင့်နေသူ ဦးဝင်းနိုင်ကတော့
မောင်းသူမဲ့လေယာဉ်မောင်းနှင်တဲ့ ပိုင်းလော့တွေဟာ တစ်ချိန်မှာ
နိုင်ငံတော်အတွက်ဖြစ်လာမယ်လို့ ယုံကြည်နေပါတယ်။
လေယာဉ်ငယ်ပုံစံတွေို မိတ္ထီလာလေကြောင်းတက္ကသိုလ်က တည်ဆောက်နေတာရှိပြီး
ရန်ကုန်မှာလည်း ဝယ်ယူတပ်ဆင်တည်ဆောက်ပြီး မောင်းနှင်နေတာမို့
လေယာဉ်အတက်အဆင်း ပျံသန်းဖို့ထိန်းချုပ်နိုင်တဲ့ လူငယ်တွေအများကြီး
မွေးထုတ်ပေးဖို့လိုတယ်လို့ ပြောပါတယ်။

UAS လို့ခေါ်တဲ့ မောင်းသူမဲ့လေယာဉ်တည်ဆောက်သူတွေထဲ လူငယ်တွေနည်း
နေတာမို့ မြန်မာပြည်မှာ နောက် ၃-၄နှစ်ကြာရင်တော့ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။
နိုင်ငံတကာမှာ မောင်းသူမဲ့လေယာဉ်ကနေ တစ်ဆင့်ပြီးတစ်ဆင့် Drone လို့ခေါ်တဲ့
Multi Copter တွေပေါ်လာပြီး ပုံရိပ်တွေကို အဆင့်မြင့်ရိုက်ကူးလာလို့
ကရိန်းတပ်လို့မရတဲ့ နေရာတွေမှာ အစားထိုး ရိုက်ကူးလာကြပါတယ်။
ပျံသန်းရိုက်ကူးဖို့ ခွင့်ပြုမိန့်ခိုင်မာပြီး ဓာတ်ပုံအမြင်လည်းရှိဖို့လိုတာမို့ မြင်ကွင်းရိုက်ကွက်
တွေ ဆန်းပြားသွားမယ်လို့ ဆိုပါတယ်။
မြင်းကွင်းနာမူနာပုံ


ကျွန်တော့ရည်စား ဘုရားမှာနေတယ် ရုပ်ရှင်ဇာတ်ကားကြီးအတွက်
Droneယာဉ်ငယ်နဲ့ ပထမဆုံးရုပ်ရှင်ရိုက်ကူးသူကတော့ ဒါရိုက်တာ ပန်းချီစိုးမိုးပါ။
 ရုံတင်ရက်တစ်နှစ်လောက်စောင့်ရပေမယ့် သူပြချင်တဲ့ Landscape ကို
မင်းသားမင်းသမီးနဲ့ပေါင်းပြီး ပုဂံဘုရားမြင်ကွင်းတွေနဲ့ ရိုက်ကူးပြရင် ကြည့်ရှုသူတွေ
တအံ့တသြဖြစ်လောက်အောင် လှတယ်လို့ သူက ဆိုပါတယ်။ နည်းပညာကိုအသုံးချပြီး
အနုပညာနဲ့ထိုးဖောက်ချင်ရင် ခေတ်မီပစ္စည်းတွေသုံးရမယ်လို့ ပြောပါတယ်။

Radio Control လေယာဉ်ငယ်တွေ ကိုယ်တိုင်တည်ဆောက်ပြီး ထိန်းချုပ်ပျံသန်းရတာ
ကိုကြိုက်လို့ စုပေါင်းဝယ်ပြီး လုပ်လို့ရတဲ့လမ်းကြောင်းတွေ ပေါ်လာတယ်လို့
နည်းပညာကျောင်းသား ကိုထင်ကျော်က ဆိုပါတယ်။ ဝါသနာနောက်
ပိုက်ဆံလိုက်ရပေမယ့် လူငယ်အနေနဲ့ ကိုယ့်နိုင်ငံမှာ ကိုယ်တိုင်လုပ်ပြချင်တယ်လို့
ပြောပါတယ်။ လေယာဉ်တစ်စီးအတွက် ၃ညလောက်မအိပ်ဘဲ တပ်ဆင်ရပြီး
အပိုအလုပ်တွေလို့ အများကထင်လို့ မျှော်လင့်ချက် မဲ့ပြီး စိတ်ဓာတ်ကျချင်ပေမယ့်
ဝါသနာနဲ့ရင်းရင် ဖြစ်ကိုဖြစ်တယ်လို့ ဆိုလာပါတယ်။

မြန်မာပြည် လယ်ကွင်းတွေပေါ်က စီးသူမဲ့လေယာဉ်လေးတွေဟာ တစ်ချိန်မှာ
 မြန်မာ့ဝေဟင်ပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝဲပျံကြတော့မလား။

Ref: ကမာရွတ်မီဒီယာမှတဆင့် နားစဉ်နိုင်ပါတယ်..
http://www.kamayutmedia.com/indepth/lifestyle/3135


မောင်းသူမဲ့ Drone ယာဉ်ငယ်တွေနဲ့ ပျံသန်းကြမယ်
မောင်းသူမဲ့လေယာဉ် Drone တွေကို နေရာကဏ္ဍအသီးသီးမှာ
ရည်ရွယ်ချက်မျိုးစုံနဲ့ အသုံးချနိုင်ပုံတွေအကြောင်း စိတ်ပါဝင်စားသူတွေကို
အကြံဉာဏ်နဲ့ အတွေ့အကြုံတွေ မျှဝေပေးတဲ့ Drone များဖြင့်ပျံသန်းခြင်းဆိုတဲ့
အစီအစဉ်ကို Myanmar Future Science အဖွဲ့က ဖေဖော်ဝါရီ ၂၇ရက်က
ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့ဝေဟင်ထဲ Drone တွေ ဘယ်လိုပျံသန်းကြမလဲ။

ပွင့်လင်းလာနေတဲ့ မြန်မာနိုင်ငံမှာ မိုးပျံ Drone တွေကို အန္တရာယ်ရှိတဲ့နေရာ၊
လူမသွားနိုင်တဲ့နေရာတွေကို ကင်မရာတွေနဲ့ သွားရောက်ရိုက်ကူးပြီး အကျိုးရှိရှိ
အသုံးချနိုင်သလို တပ်ဆင်တဲ့ပစ္စည်းတွေကလည်း အလွယ်တကူ
ဝယ်ယူလို့ရနေတာကြောင့် ဝါသနာအရ ပျံသန်းသူတွေရှိလာသလို၊
ကောင်းကင်ဓာတ်ပုံရိုက်ကူးရေးတွေလည်း အသုံးပြုနေကြပြီလို့
ကိုသက်ဆန်းက ပြောပါတယ်။ နောက်ပိုင်းမှာတော့ မြေပုံထုတ်တဲ့လုပ်ငန်းတွေ
အထိ ရောက်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ဝါသနာအရ၊ လုပ်ငန်းအရ Drone တွေကိုအသုံးပြုသူအပြင်
စစ်တပ်လိုနေရာမျိုးတွေမှာပါ အသုံးဝင်တယ်ဆိုတာ စတင်မိတ်ဆက်နေပြီး
မြန်မာနိုင်ငံမှာတော့ မိုင် ၂ဝဝ၊ ၃ဝဝအဝေးထိ ထိန်းချုပ်ပျံသန်းနိုင်တဲ့ UAB Drone
တွေ သုံးစွဲနေတာ တွေ့နေရတဲ့အကြောင်း၊ UAB ကို နိုင်ငံခြားကနေ ဝယ်သုံးနေရပေမယ့်
နောက်ပိုင်းမှာ ပြည်တွင်းနည်းပညာသုံးပြီး ထုတ်လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။


Drone လေယာဉ်ငယ်တွေကို သုံးစွဲတဲ့နေရာမှာ မီးနဲ့အခြား သဘာဝဘေးအန္တရာယ်တွေ
ကြုံတွေ့ချိန်၊ ဓာတ်ရောင်ခြည် သင့်တဲ့နေရာတွေ၊ အခြေအနေတွေမှာ တွက်ဆနိုင်ဖို့
အသုံးဝင်ပြီး နောက်ပိုင်းမှာ မရှိမဖြစ်သုံးလာရဖို့လိုတယ်လို့ ဆိုပါတယ်။
http://www.kamayutmedia.com/trend/event/3186

လေ့လာကြည့်ရှု့downနိုင်ပါတယ်...
https://www.youtube.com/watch?v=9nbjg8XZoyw#t=144

What is aerodynamics?
The word comes from two Greek words: aerios,
concerning the air, and dynamis, which means force.
Aerodynamics is the study of forces and the resulting
motion of objects through the air. Judging from the story of Daedalus
and Icarus, humans have been interested in aerodynamics and flying
for thousands of years, although flying in a heavier-than-air machine
has been possible only in the last hundred years.
Aerodynamics affects the motion of a large airliner,
a model rocket, a beach ball thrown near the shore,
or a kite flying high overhead. The curveball thrown by big league
baseball pitchers gets its curve from aerodynamics.

Aerodynamics is the study of how gases interact with moving bodies.
Because the gas that we encounter most is air,
aerodynamics is primarily concerned with the forces of drag and lift,
which are caused by air passing over and around solid bodies

No comments:

Post a Comment