Sunday, March 1, 2015

Network share........

Network share........
Network ချိတ်တယ်ဆိုတာ share ယူချင်လို့ဆိုရင် မမှားပါဘူးနော်..
internet (International Network) သုံးတယ်ဆိုတာလည်း
အသိဥာဏ်ဗဟုသုတ များစေခြင်း၊ မိတ်ဆွေပေါကြွယ်စေခြင်း၊
ပညာတိုးတက်စေခြင်း ဆိုရင် မမှားလောက်ပါဘူးနော်....

ဆိုကြပါတော့..Network ချိတ်ဆက်မှုဟာ ကွန်ပျူတာ တစ်လုံးမှ
တစ်လုံး/အလုံးပေါင်းများစွာကို ပေါင်းစပ်လိုက်တဲ့သဘောပါ..
မိမိကွန်ပျူတာကနေ အခြားကွန်ပျူတာရဲ့ လုပ်ဆောင်ချက်တွေကို
ပေါင်းစပ်လိုက်တဲ့သဘော၊ ပူးပေါင်းဆောင်ရွက်တဲ့သဘောပေါ့..
ဒီလိုပဲ မိမိသုံးချင်တဲ့ program တခုကို ကွန်ပျူတာတစ်လုံး၊
server တစ်လုံးမှာ ထည့်သွင်းထားရှိပြီး
သီးခြားသုံးစွဲခြင်း၊နိုင်ငံဖြတ်ကျော် သုံးစွဲခြင်း စသဖြင့် အသုံးပြုပုံပြုနည်းတွေ
အများအပြားရှိကြပါတယ်..

သာဓကပြရင် Google mail ကို mail server  တခုပေါ်မှာတင်ထားပြီး
လူအများသုံးစွဲစေရန်အတွက် နိုင်ငံတခုမှသည် နိုင်ငံအလိုက်
မျှဝေသုံးစွဲခွင့်ပေးလိုက်ခြင်းဖြစ်ပါတယ်...ဒါကြောင့် G mail ကိုကောင်းစွာ
ကျွန်တော်တို့ သုံးစွဲခွင့်ရလိုက်ခြင်းဖြစ်ပါတယ်...
တနည်းပြောရရင် server ပေါ်ကနေ G mail လုပ်ဆောင်ချက်တွေကို
ကျွန်တော်တို့ share ယူလိုက်တယ်လို့ ပြောလို့ရပါတယ်...

International Network (internet) ဆိုတာကြတော့
နိုင်ငံအများအပြားမှာ server များစွာကို လိုက်လံတပ်ဆင်ထားခြင်းဖြစ်
နိုင်ငံတခုရဲ့ အုပ်ချုပ်ရေးကြောင့် ၊စီးပွားရေးကြောင့်၊ စစ်ရေးကြောင့်
Server တခုခုဖြစ်မယ် ပျက်သွားမယ်ဆိုရင်တောင် အခြားနိုင်ငံမှာ
Server များရှိနေတဲ့အတွက် လုပ်ငန်းကောင်းစွာလည်ပတ်နိုင်ပါတယ်..

ဥပမာ တရုတ်မှာဆိုရင် Gmail ကို ပိတ်ပင်တယ်..စီစစ်တယ်ပေါ့
လုပ်ငန်းတွေ နောက်ပြန်ဆုပ်သွားတယ်ပေါ့.. ဒါပေမဲ့ မြန်မာမှာ
G mail ကောင်းကောင်းသုံးလို့ရနေတယ်...

မြန်မာမှာလည်း Gmail ကို ပိတ်ပင်လိုက်ရင် ထိုင်းကနေ Gmail
ကိုကောင်းကောင်းသုံးလို့ရနေတယ်...
ပြောချင်တာက နိုင်ငံအလိုက် ဖြန့်ကျတ်ထားတဲ့ Server တွေရဲ့
ပူးပေါင်းဆောင်ရွက်မှုကြောင့် Gmail ရဲ့ လုပ်ငန်းစဉ်တွေမပျက်စီးသွားဘူး
ဆိုလိုတာပါ...နိုင်ငံအတွင်းမှာ Gmail server တွေများလေလေ
သုံးစွဲရတဲ့သူတွေအတွက် လျှင်မြန်မြန်သုံးစွဲရတယ်...

တစ်နိုင်ငံပြီး တစ်နိုင်ငံထံမှ Gmailလုပ်ဆောင်ချက်တွေကို
share ယူသုံးစွဲ လိုက်တယ်လို့ ပြောလို့ရပါတယ်...

No comments:

Post a Comment